ဆာလက်က လီဗာပူးအသင်းကိုရောက်တော့ မန်နေဂျာကလော့ပ်နဲ့ ပထမဆုံး စကားပြောမှုမှာ သူမေးခဲ့တာက မာနေးကို တိုက်စစ်ဘယ်နေရာမှာ ထားကစားမလဲလို့ ဖြစ်ကြောင်း ဝန်ခံပါတယ်။

ကလော့ပ်က ချန်ပီယံဘွဲ့ကို ခုခံမလားလို့ မေးခွန်းထုတ်မှုကို မနှစ်သက်ဘဲ လီဗာပူးက နောက်ထပ် ဆုဖလားတွေကို ထပ်မံ တိုက်ခိုက်ယူမယ့် အသင်းသာဖြစ်တယ်လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့တယ်။

ဂျော်ဒန်ဟန်ဒါဆန်က ပရီးမီးယားလိဂ်ဖလား အနိုင်ရအောင် လီဗာပူးအသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် သူက စတီဗင်ဂျရတ်ထက် ပိုသာလွန်တဲ့ ခေါင်းဆောင်တစ်ဦး မဟုတ်ပါကြောင်း ချီးကျူးမှုတွေကို ငြင်းဆန်လိုက်ပါတယ်။

ဘိုင်ယန်အသင်း စီအီးအို ရူမန်နီဂီက ဒီရာသီ လီဗာပူးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တာအတွက် သူ့အသိဟောင်းတွေဖြစ်တဲ့ ပီတာမိုး၊ ယာဂင်ကလော့ပ်တို့အတွက်ကော လီဗာပူးအတွက်ပါ ဝမ်းသာ ဂုဏ်ယူပါတယ်လို့ ပြောဆိုသွားပါတယ်။

ဆာဒီယိုမာနေးက လီဗာပူးအသင်းမှာ အသင်းဖော် သုံးဦးနဲ့အတူ တွဲဘက်ကစားခွင့်ရတာအတွက် ကံကောင်းကြောင်း ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။ မာနေးပြောခဲ့တဲ့ အသင်းဖော် သုံးဦး ရော်ဘတ်ဆန်၊ ဆာလက်နဲ့ ဖာမင်နိုတို့ ဖြစ်ပါတယ်။

ဘရန်ဒန်ရော်ဂျာနေရာ အစားထိုးဖို့ လီဗာပူးအသင်း တာဝန်ရှိသူတွေက ဆန်ကာတင် သုံးဦးကို ရွေးချယ်ခဲ့ကြတယ်။ သူတို့ရဲ့ ရွေးချယ်မှုမှာတော့ ဝါရင့်မန်နေဂျာ အန်ဆယ်လော့တီ၊ မန်နေဂျာယာဂင်ကလော့ပ်နဲ့ မန်နေဂျာ ဟိုဝီတို့ဖြစ်ကြတယ်လို့ The Athletic က ဖော်ပြပါတယ်။

ဆာလက်က ” လူတွေက ပြောကြတယ် ‘အခုနေ နှစ်ခုထဲက တစ်ခုရွေးဆိုရင် ဘယ်ဖလားကို ရွေးမလဲ?’ တဲ့။ အခုချိန်မှာတော့ ကျနော် ပြောနိုင်တာ နှစ်ခုလုံးကို ရွေးပါမယ်။ ” လို့ ပျော်ရွှင်စွာ ပြောပါတယ်။

တိုက်စစ်သမား မာနေးကတော့ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်မြင်တာကို ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပြီး အသင်းက ရပ်တန့်သွားမှာ မဟုတ်ကြောင်းနဲ့ ဆက်ပြီး ယှဉ်ပြိုင်ဦးမယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောဆိုပါတယ်။

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်တုန်းက တွစ်တာကနေ ခဏနားသွားတဲ့ ဂယ်ရီနဗီးက စကိုင်းစပေါ့ ရုပ်သံရှေ့ကို ပြန်ရောက်လာခဲ့ပြီး နာကျင်ရပေမယ့် လီဗာပူးကို ဂုဏ်ပြုပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲကြို အင်တာဗျူးတွေမှာ ဂွာဒီယိုလာနဲ့ ကလော့ပ်တို့က တစ်ဦးကိုတစ်ဦး လေးစားမှုရှိလှတဲ့ ချီးကျူးစကားတွေ အသီးသီး ပြောဆိုသွားကြပါတယ်။

ZAWGYI

ဆာလက္က လီဗာပူးအသင္းကိုေရာက္ေတာ့ မန္ေနဂ်ာကေလာ့ပ္နဲ႔ ပထမဆံုး စကားေျပာမႈမွာ သူေမးခဲ့တာက မာေနးကို တိုက္စစ္ဘယ္ေနရာမွာ ထားကစားမလဲလို႔ ျဖစ္ေၾကာင္း ဝန္ခံပါတယ္။

ကေလာ့ပ္က ခ်န္ပီယံဘြဲ႔ကို ခုခံမလားလို႔ ေမးခြန္းထုတ္မႈကို မႏွစ္သက္ဘဲ လီဗာပူးက ေနာက္ထပ္ ဆုဖလားေတြကုိ ထပ္မံ တိုက္ခုိက္ယူမယ့္ အသင္းသာျဖစ္တယ္လို႔ ျပတ္ျပတ္သားသား ေျပာဆိုခဲ့တယ္။

ေဂ်ာ္ဒန္ဟန္ဒါဆန္က ပရီးမီးယားလိဂ္ဖလား အႏုိင္ရေအာင္ လီဗာပူးအသင္းကို ဦးေဆာင္ႏုိင္ခဲ့ေပမယ့္ သူက စတီဗင္ဂ်ရတ္ထက္ ပိုသာလြန္တဲ့ ေခါင္းေဆာင္တစ္ဦး မဟုတ္ပါေၾကာင္း ခ်ီးက်ဴးမႈေတြကို ျငင္းဆန္လိုက္ပါတယ္။

ဘိုင္ယန္အသင္း စီအီးအို ရူမန္နီဂီက ဒီရာသီ လီဗာပူးအသင္း ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တာအတြက္ သူ႔အသိေဟာင္းေတြျဖစ္တဲ့ ပီတာမိုး၊ ယာဂင္ကေလာ့ပ္တို႔အတြက္ေကာ လီဗာပူးအတြက္ပါ ဝမ္းသာ ဂုဏ္ယူပါတယ္လို႔ ေျပာဆိုသြားပါတယ္။

ဆာဒီယိုမာေနးက လီဗာပူးအသင္းမွာ အသင္းေဖာ္ သံုးဦးနဲ႔အတူ တြဲဘက္ကစားခြင့္ရတာအတြက္ ကံေကာင္းေၾကာင္း ထုတ္ေျပာမႈ လုပ္ခဲ့ပါတယ္။ မာေနးေျပာခဲ့တဲ့ အသင္းေဖာ္ သံုးဦး ေရာ္ဘတ္ဆန္၊ ဆာလက္နဲ႔ ဖာမင္နိုတို႔ ျဖစ္ပါတယ္။

ဘရန္ဒန္ေရာ္ဂ်ာေနရာ အစားထိုးဖို႔ လီဗာပူးအသင္း တာဝန္ရွိသူေတြက ဆန္ကာတင္ သံုးဦးကို ေရြးခ်ယ္ခဲ့ၾကတယ္။ သူတို႔ရဲ႕ ေရြးခ်ယ္မႈမွာေတာ့ ဝါရင့္မန္ေနဂ်ာ အန္ဆယ္ေလာ့တီ၊ မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ မန္ေနဂ်ာ ဟိုဝီတို႔ျဖစ္ၾကတယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ဆာလက္က ” လူေတြက ေျပာၾကတယ္ ‘အခုေန ႏွစ္ခုထဲက တစ္ခုေရြးဆိုရင္ ဘယ္ဖလားကို ေရြးမလဲ?’ တဲ့။ အခုခ်ိန္မွာေတာ့ က်ေနာ္ ေျပာႏုိင္တာ ႏွစ္ခုလံုးကို ေရြးပါမယ္။ ” လို႔ ေပ်ာ္ရႊင္စြာ ေျပာပါတယ္။

တိုက္စစ္သမား မာေနးကေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ေအာင္ျမင္တာကို ဂုဏ္ယူေၾကာင္း ေျပာဆိုခဲ့ျပီး အသင္းက ရပ္တန္႔သြားမွာ မဟုတ္ေၾကာင္းနဲ႔ ဆက္ျပီး ယွဥ္ျပိဳင္ဦးမယ္လို႔ ပရိသတ္ေတြကို ကတိေပးစကား ေျပာဆိုပါတယ္။

လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္တုန္းက တြစ္တာကေန ခဏနားသြားတဲ့ ဂယ္ရီနဗီးက စကိုင္းစေပါ့ ရုပ္သံေရွ႔ကို ျပန္ေရာက္လာခဲ့ျပီး နာက်င္ရေပမယ့္ လီဗာပူးကို ဂုဏ္ျပဳပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

မန္စီးတီးနဲ႔ လီဗာပူးအသင္းတို႔ရဲ႕ ပြဲၾကိဳ အင္တာဗ်ဴးေတြမွာ ဂြာဒီယိုလာနဲ႔ ကေလာ့ပ္တို႔က တစ္ဦးကိုတစ္ဦး ေလးစားမႈရွိလွတဲ့ ခ်ီးက်ဴးစကားေတြ အသီးသီး ေျပာဆိုသြားၾကပါတယ္။