ကုန်ခဲ့တဲ့ နှစ်ရာသီမှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ PFA ဆုကိုတော့ လီဗာပူးကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဗန်ဒိုက်တို့က အနိုင်ရထားတာပါ။

သူတို့ထဲက တစ်ဦးဖြစ်တဲ့ ဆာလက်က ဒီရာသီ တစ်နှစ်တာအကောင်းဆုံးဆုကို အနိုင်ရသင့်သူက အသင်းဖော် ဟန်ဒါဆန်ဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။ ဟန်ဒါဆန်ဟာ ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုကို မာနေး၊ ဒီဘရိုင်းတို့နဲ့ အပြိုင်ဖြစ်နေပြီး အားကစားကလောင်ရှင်တွေက ဟန်ဒါဆန်ကို ပိုမို ထောက်ခံနေကြတာဖြစ်တယ်။

ဆာလက်က သူ့အမြင်ကို ပြောရာမှာ ” ကျနော်ကတော့ ဟန်ဒါဆန်ကို ရွေးမှာပါ။ ဘာလို့လည်းဆိုတော့ သူက အသင်းခေါင်းဆောင်ဖြစ်ပြီး လီဗာပူးမှာ ၈-၉ နှစ်လောက် ရှိနေခြ့သူပါ။ အစောပိုင်းမှာ ဝေဖန်မှုတွေနဲ့အတူ သူက အတော်လေး ခက်ခဲခဲ့တယ်။ ဒါပေမယ့် သူက အသင်းခေါင်းဆောင်ဖြစ်ပြီး ကျနေ်ာတို့အားလုံး ချစ်ခင်ရသူဖြစ်ပါတယ်။ လူငယ်ကစားသမားတွေ အသားကျဖို့အတွက်ကော အသင်းဖော်တွေ အားလုံးကို ကူညီပေးဖို့ သူက အမြဲ ကြိုးစားပါတယ် ” လို့ ပြောဆိုခဲ့တယ်။

ဟန်ဒါဆန်ကို အဓိက ချီးကျူးနေကြတာကတော့ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ အဓိက ထောက်တိုင် ဖြစ်ခြင်းအပြင် ကိုရိုနာကပ်ဘေး ကာလအတွင်း ဘဝတူ ပရီးမီးယားလိဂ် ကစားသမားတွေကို ဦးဆောင် စည်းရုံးနိုင်မှုကြောင့်လဲ ပါဝင်ပါတယ်။ ဟန်ဒါဆန်ဟာ ကလပ် ၂၀ က အသင်းခေါင်းဆောင် အားလုံးကို ကပ်ဘေးအတွင်း ညီညွှတ်စွာ ပါဝင်ကူညီဖို့ လုံ့ဆော်ခဲ့သူဖြစ်တယ်။

နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို အရယူပေးဖို့ ကြိုးစားပေးနိုင်မှုကတော့ ဟန်ဒါဆန်ကို လေးစားကြတဲ့ အားသာချက်ဖြစ်လာခဲ့ပြီး အသင်းဖော် ရော်ဘတ်ဆန်နဲ့ မာနေးတို့ကလည်း အသင်းခေါင်းဆောင်ကို တစ်နှစ်တာ အကောင်းဆုံးဆုအတွက် ထောက်ခံပေးထားပါတယ်။

ZAWGYI

ကုန္ခဲ့တဲ့ ႏွစ္ရာသီမွာ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားဆုျဖစ္တဲ့ PFA ဆုကိုေတာ့ လီဗာပူးကစားသမားေတြျဖစ္တဲ့ ဆာလက္နဲ႔ ဗန္ဒိုက္တို႔က အႏုိင္ရထားတာပါ။

သူတို႔ထဲက တစ္ဦးျဖစ္တဲ့ ဆာလက္က ဒီရာသီ တစ္ႏွစ္တာအေကာင္းဆံုးဆုကို အႏုိင္ရသင့္သူက အသင္းေဖာ္ ဟန္ဒါဆန္ျဖစ္တယ္လို႔ ေထာက္ခံလိုက္ပါတယ္။ ဟန္ဒါဆန္ဟာ ဒီႏွစ္ရဲ႕ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးဆုကို မာေနး၊ ဒီဘရိုင္းတို႔နဲ႔ အျပိဳင္ျဖစ္ေနျပီး အားကစားကေလာင္ရွင္ေတြက ဟန္ဒါဆန္ကို ပိုမို ေထာက္ခံေနၾကတာျဖစ္တယ္။

ဆာလက္က သူ႔အျမင္ကို ေျပာရာမွာ ” က်ေနာ္ကေတာ့ ဟန္ဒါဆန္ကို ေရြးမွာပါ။ ဘာလို႔လည္းဆိုေတာ့ သူက အသင္းေခါင္းေဆာင္ျဖစ္ျပီး လီဗာပူးမွာ ၈-၉ ႏွစ္ေလာက္ ရွိေနချ့သူပါ။ အေစာပိုင္းမွာ ေဝဖန္မႈေတြနဲ႔အတူ သူက အေတာ္ေလး ခက္ခဲခဲ့တယ္။ ဒါေပမယ့္ သူက အသင္းေခါင္းေဆာင္ျဖစ္ျပီး က်ေန္ာတို႔အားလံုး ခ်စ္ခင္ရသူျဖစ္ပါတယ္။ လူငယ္ကစားသမားေတြ အသားက်ဖို႔အတြက္ေကာ အသင္းေဖာ္ေတြ အားလံုးကို ကူညီေပးဖို႔ သူက အျမဲ ၾကိဳးစားပါတယ္ ” လို႔ ေျပာဆိုခဲ့တယ္။

ဟန္ဒါဆန္ကို အဓိက ခ်ီးက်ဴးေနၾကတာကေတာ့ လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ဖို႔ အဓိက ေထာက္တိုင္ ျဖစ္ျခင္းအျပင္ ကိုရိုနာကပ္ေဘး ကာလအတြင္း ဘဝတူ ပရီးမီးယားလိဂ္ ကစားသမားေတြကို ဦးေဆာင္ စည္းရံုးႏုိင္မႈေၾကာင့္လဲ ပါဝင္ပါတယ္။ ဟန္ဒါဆန္ဟာ ကလပ္ ၂၀ က အသင္းေခါင္းေဆာင္ အားလံုးကို ကပ္ေဘးအတြင္း ညီညႊတ္စြာ ပါဝင္ကူညီဖို႔ လံု႔ေဆာ္ခဲ့သူျဖစ္တယ္။

ႏွစ္ေပါင္း ၃၀ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို အရယူေပးဖို႔ ၾကိဳးစားေပးႏုိင္မႈကေတာ့ ဟန္ဒါဆန္ကို ေလးစားၾကတဲ့ အားသာခ်က္ျဖစ္လာခဲ့ျပီး အသင္းေဖာ္ ေရာ္ဘတ္ဆန္နဲ႔ မာေနးတို႔ကလည္း အသင္းေခါင္းေဆာင္ကို တစ္ႏွစ္တာ အေကာင္းဆံုးဆုအတြက္ ေထာက္ခံေပးထားပါတယ္။