လီဗာပူး ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ဟိုတယ်အတွင်း သီးသန့် အောင်ပွဲခံတော့ မန်နေဂျာနဲ့ အသင်းသားတွေက သီချင်းတွေဖွင့်ပြီး သီဆို ကခုန်ခဲ့ကြပါတယ်။

အဆိုပါ အောင်ပွဲခံမှုမှာ မန်နေဂျာကလော့ပ် ကွေးနေအောင်ကတဲ့ ဗီဒီယိုလည်း ပေါ်ထွက်လာခဲ့ပြီး လီဗာပူးပရိသတ်တွေကြား ပွဲကျခဲ့သေးတာပါ။ မန်နေဂျာရဲ့ အကစွမ်းရည်က ဘယ်လိုနေလဲဆိုပြီး မေးခံရရမှာ မာနေးက ဟက်ဟက်ပက်ပက် ရယ်မောခဲ့ပြီး အဲ့ညက ဖြစ်ရပ်ကို ဖော်ကောင်လုပ်သွားခဲ့ပါတယ်။

မာနေးက ” အား..။ မန်နေဂျာရဲ့ အကကိုမြင်တော့ ကျနော် အတော်လေး အံ့အားသင့်ခဲ့ရတယ် ” ဆိုပြီး ရယ်မောပြောဆိုခဲ့တယ်။ ” ကလပ်ရောက်နေတဲ့ အသက် ၃၀ အရွယ် လူတစ်ယောက်လိုပါပဲဗျာ။ ဒီတော့ သူကနေတာကို မြင်တော့ ကျနော် ပြုံးမိတယ်၊ တကယ်ကို ရယ်မိတာပါပဲ။ ဘာလိုပလည်းဆိုတော့ ဒီလို အကစွမ်ရည်နဲ့ သူကတာကို ကျနော် ပထမဆုံး မြင်ဖူးတာပါ ” လို့ ဆိုသွားခဲ့ပါတယ်။

ပြောခဲ့သလိုပဲ ကလော့ပ် ခပ်တည်တည်နဲ့ ကနေတဲ့ ဗီဒီယိုက လီဗာပူးပရိသတ်တွေ ကြားမှာလည်း ရယ်စရာကိစ္စ ဖြစ်ခဲ့သေးတာပါ။ လူစုံတက်စုံ အောင်ပွဲခံခဲ့ပေမယ့် သီးသန့် အောင်ပွဲခံမှုပဲ ဖြစ်ခဲ့ပါတယ်။

ကိုရိုနာကပ်ဘေး အခြေအနေအရ လီဗာပူးအသင်းက ပရိသတ်တွေနဲ့ အောင်ပွဲခံမှုကို လုပ်ခွင့် ရဦးမှာတော့ မဟုတ်ပါဘူး။ လာမယ့် စက်တင်ဘာလလောက်မှာတော့ အခြေအနေအရ လီဗာပူးမြို့မှာ ပရိသတ်တွေနဲ့ အောင်ပွဲခံခွင့် ရရှိမယ်လို့ သိထားရတာဖြစ်တယ်။ မန်နေဂျာကလော့ပ်ကတော့ အများပြည်သူ မထိခိုက်စေတဲ့ နည်းလမ်းနဲ့ အောင်ပွဲခံကြဖို့ သတိပေးထားပါတယ်။

ZAWGYI

လီဗာပူး ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ဟိုတယ္အတြင္း သီးသန္႔ ေအာင္ပြဲခံေတာ့ မန္ေနဂ်ာနဲ႔ အသင္းသားေတြက သီခ်င္းေတြဖြင့္ျပီး သီဆို ကခုန္ခဲ့ၾကပါတယ္။

အဆိုပါ ေအာင္ပြဲခံမႈမွာ မန္ေနဂ်ာကေလာ့ပ္ ေကြးေနေအာင္ကတဲ့ ဗီဒီယိုလည္း ေပၚထြက္လာခဲ့ျပီး လီဗာပူးပရိသတ္ေတြၾကား ပြဲက်ခဲ့ေသးတာပါ။ မန္ေနဂ်ာရဲ႕ အကစြမ္းရည္က ဘယ္လိုေနလဲဆိုျပီး ေမးခံရရမွာ မာေနးက ဟက္ဟက္ပက္ပက္ ရယ္ေမာခဲ့ျပီး အဲ့ညက ျဖစ္ရပ္ကို ေဖာ္ေကာင္လုပ္သြားခဲ့ပါတယ္။

မာေနးက ” အား..။ မန္ေနဂ်ာရဲ႕ အကကိုျမင္ေတာ့ က်ေနာ္ အေတာ္ေလး အံ့အားသင့္ခဲ့ရတယ္ ” ဆိုျပီး ရယ္ေမာေျပာဆိုခဲ့တယ္။ ” ကလပ္ေရာက္ေနတဲ့ အသက္ ၃၀ အရြယ္ လူတစ္ေယာက္လိုပါပဲဗ်ာ။ ဒီေတာ့ သူကေနတာကို ျမင္ေတာ့ က်ေနာ္ ျပံဳးမိတယ္၊ တကယ္ကို ရယ္မိတာပါပဲ။ ဘာလိုပလည္းဆိုေတာ့ ဒီလို အကစြမ္ရည္နဲ႔ သူကတာကို က်ေနာ္ ပထမဆံုး ျမင္ဖူးတာပါ ” လို႔ ဆိုသြားခဲ့ပါတယ္။

ေျပာခဲ့သလိုပဲ ကေလာ့ပ္ ခပ္တည္တည္နဲ႔ ကေနတဲ့ ဗီဒီယိုက လီဗာပူးပရိသတ္ေတြ ၾကားမွာလည္း ရယ္စရာကိစၥ ျဖစ္ခဲ့ေသးတာပါ။ လူစံုတက္စံု ေအာင္ပြဲခံခဲ့ေပမယ့္ သီးသန္႔ ေအာင္ပြဲခံမႈပဲ ျဖစ္ခဲ့ပါတယ္။

ကိုရိုနာကပ္ေဘး အေျခအေနအရ လီဗာပူးအသင္းက ပရိသတ္ေတြနဲ႔ ေအာင္ပြဲခံမႈကို လုပ္ခြင့္ ရဦးမွာေတာ့ မဟုတ္ပါဘူး။ လာမယ့္ စက္တင္ဘာလေလာက္မွာေတာ့ အေျခအေနအရ လီဗာပူးျမိဳ႕မွာ ပရိသတ္ေတြနဲ႔ ေအာင္ပြဲခံခြင့္ ရရွိမယ္လို႔ သိထားရတာျဖစ္တယ္။ မန္ေနဂ်ာကေလာ့ပ္ကေတာ့ အမ်ားျပည္သူ မထိခိုက္ေစတဲ့ နည္းလမ္းနဲ႔ ေအာင္ပြဲခံၾကဖို႔ သတိေပးထားပါတယ္။