မန်ယူအသင်းနဲ့ ပတ်သက်ရင် စိတ်ရှည်ပေးတတ်တဲ့ အသင်းပရိသတ်တွေဟာ အသင်းပိုင်ရှင်ရဲ့ စီးပွားရေးကိုပဲ အဓိကထားပြီး ကလပ်အသင်းကို ရင်းနှီးမြုပ်နှံဖို့ ပျက်ကွက်မှုကို အသင်းပရိသတ်တွေ သည်းမခံကြတော့ပါဘူး။

မန်ယူအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက် လွဲချော်တဲ့နောက်တော့ အသင်းပိုင်ရှင်နဲ့ ဝုဒ်ဝါ့ဒ်တို့ရဲ့ အုပ်ချုပ်မှုကို အသင်းပရိသတ်တွေက တော်လှန်လိုကြောင်း ပြသလာပြီး #UnfollowManUnited ဆိုတဲ့ အစီအစဉ်ကို စတင်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ ရည်ချက်ချက်က ကလပ်အသင်းရဲ့ တရားဝင် တွစ်တာအကောင့်ကို Unfollow လုပ်ကြဖို့ဖြစ်ပြီး အသင်းပရိသတ်တွေ သဘောညီလို့ များပြားတဲ့ အရည်အတွက်ဟာ ဝိုင်းပြီး Unfollow လုပ်ကြမယ်ဆိုရင် အသင်းဘုတ်အဖွဲ့က သတိထားမိလာဖို့ ပရိသတ်တွေဘက်က ရည်ရွယ်ပါတယ်။

အစောတုန်းက တွစ်တာမှာပဲ ပြုလုပ်ကြတဲ့ ဒီအစီအစဉ်ဟာ လက်တလောမှာ ဖေ့ဘုတ်နဲ့ အင်စတာဂရမ်တွေကိုလည်း ရောက်လာမှုတွေ ရှိနေပါတယ်။ အမာခံ ပရိသတ်တွေကတော့ ဝုဒ်ဝတ်နဲ့ အသင်းတာဝန်ရှိသူတွေကို ဆန္ဒပြတဲ့ အနေနဲ့ ပရိသတ်တွေအား ဒီအစီအစဉ်မှာ ပါဝင်ဖို့ တောင်းဆိုနေကြတယ်။

မန်ယူပရိသတ်တစ်ယောက်အနေနဲ့ ကလပ်အသင်းရဲ့ လုပ်ဆောင်မှုတွေကို မနှစ်သက်ဘူးဆိုရင် ဖေ့ဘုတ်၊ တွစ်တာ၊ အင်စတာဂမ်ကနေ မန်ယူရဲ့ တရားဝင်ပေ့တွေကို Unfollow လုပ်ပါ။ ဒါဟာ ကိန်းဂဏန်းတစ်ခုကို ရောက်လာရင် အသင်းတာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူမှုတွေ မလုပ်ပဲ နေမှာ မဟုတ်ဘူးဆိုတာက ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။