လီဗာပူးကစားသမားဟောင်း ကာရေဂါက အသင်းမှာ ယာဂင်ကလော့ပ် ရှိနေသ၍ ကစားသမားတွေရဲ့ အကောင်းဆုံး ပုံစံကို စိတ်မပူမိဘူးလို့ ဆိုပါတယ်။

သို့ပေမယ့်လည်း မန်စီးတီးက ကစားသမား ခေါ်ယူမှုကြီးတွေ လုပ်ဖို့ အမြဲတမ်း အင်အားရှိတဲ့ အသင်းဖြစ်ပြီး ဒီရာသီ လီဗာပူးကို လိုက်မမှီဖြစ်နေတဲ့ ခံစစ်ကို ခေါ်ယူမှုကြီးတွေနဲ့ ပြုပြင်သွားမှာကိုတော့ စိတ်ပူမိတယ်လို့ ရှင်းပြသွားပါတယ်။

ကာရေဂါက ” လာမယ့်ရာသီမှာ လီဗာပူးအသင်း အနေအထားနဲ့ ပက်သက်ပြီး ကလော့ပ်ရှိနေတာကြောင့် ကျနော် စိတ်မပူပါဘူး။ ကျနော် စိတ်ပူမိတာက မန်စီးတီးရဲ့ ကစားသမား ခေါ်ယူမှုရေးရာ ကိစ္စပဲဖြစ်ပါတယ်။ အဲ့တာက လာမယ့်ရာသီ သူတို့တွေ လီဗာပူးကို လိုက်မှီမလားနဲ့ ကျော်တက်မလားဆိုတာအတွက် အဓိက ဖြစ်လာပါမယ်။

ဒီရာသီ မန်စီးတီးရဲ့ အကြီးမားဆုံး ပြဿနာက မန်စီးတီးက လီဗာပူးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သွင်းဂိုးတွေ ဘယ်လောက် ခွင့်ပြုခဲ့ရသလဲဖြစ်တယ်။ ဒါကပဲ သူတို့ နှစ်သင်းကြား အဓိက ကွာခြားချက် ဖြစ်ပါတယ်။ ဗဟိုခံစစ် ပြသဿနာက မန်စီးတီး တစ်ရာသီလုံး ရင်ဆိုင် ဖြေရှင်းရတဲ့ ပြဿနာဖြစ်ခဲ့တယ်။ သူတို့ ကွန်ပနီနေရာ အစားထိုးဖို့ လိုပါတယ်။

မန်စီးတီးက ဗဟိုခံစစ်ပိုင်းကို ဖြေရှင်းနိုင်မယ်ဆိုရင် နောက်ရာသီမှာ ကွားခြားချက်ကို တကယ်ကိုပဲ ကျဉ်းမြောင်းသွားအောင် လုပ်နိုင်ပါလိမ့်မယ်။ မန်စီးတီးက လီဗာပူးထက် ဈေးကွက်ထဲ ပိုဝင်ပြီး ကစားသမားခေါ်ယူမှုတွေ ပိုလုပ်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

ကျနော်ကတော့ မန်စီးတီးရဲ့ လူခေါ်ယူမှုက သိပ်ကောင်းတယ်လို့ ထင်ပါတယ်။ ဒါကပဲ ဒီရာသီ ကျနော် မြင်ထားတယ် နှစ်သင်းကြား ကွာဟချက်ပါပဲ။ လီဗာပူးက မန်စီးတီးရဲ့ လူခေါ်မှုကို ဘယ်လို ရင်ဆိုင်မလဲ ဖြစ်ပါတယ် ” လို့ သုံးသပ်သွားပါတယ်။

မန်စီးတီးဟာ နာပိုလီမှ ကူလီဘာလေအပြင် ကစားသမားကောင်းတွေ အများအပြားနဲ့ သတင်းထွက်နေပါတယ်။ သူတို့ဟာ ဆာနေးနဲ့ ဆေးဗားတို့ကို လက်လွတ်ရမှာ ဖြစ်ပေမယ့် ထိပ်တန်း ကစားသမားတွေကို အင်အားဖြည့်လာဖို့လည်း ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI






