မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲကို ဘယ်လို မျှော်လင့်ထားရမလဲလို့ သတင်းသမားတွေရဲ့ အမေးကို ကလော့ပ်က ပြင်းထန်ပြီး စစ်မှန်တဲ့ ပွဲကောင်းတစ်ပွဲ ကြည့်ရပါမယ်လို့ ပြောဆိုလိုက်ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကတော့ သူ့အသင်းသားတွေကို အိမ်ကွင်း အီသီဟတ်မှာ ချန်ပီယံအသင်းကို ဧည့်ခံယှဉ်ပြိုင်စဉ် သူတို့အသင်းကလည်း အသင်းကောင်းဆိုတာကို သက်သေပြဖို့ တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးကစားသမားဟောင်း ကာရေဂါက အသင်းမှာ ယာဂင်ကလော့ပ် ရှိနေသ၍ ကစားသမားတွေရဲ့ အကောင်းဆုံး ပုံစံကို စိတ်မပူမိပေမယ့်လည်း မန်စီးတီးက ကစားသမား ခေါ်ယူမှုကြီးတွေ လုပ်ဖို့ အမြဲတမ်း အင်အားရှိတဲ့ အသင်းဖြစ်လို့ ဒီရာသီ လီဗာပူးကို လိုက်မမှီဖြစ်နေတဲ့ ခံစစ်ကို ခေါ်ယူမှုကြီးတွေနဲ့ ပြုပြင်သွားမှာကိုတော့ စိတ်ပူမိတယ်လို့ ရှင်းပြသွားပါတယ်။

ဆာလက်က ဒီရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးဆုကို အနိုင်ရသင့်သူက အသင်းဖော် ဟန်ဒါဆန်ဖြစ်တယ်လို့ ထောက်ခံလိုက်ပါတယ်။

ဆွစ်ဇလန်မန်နေဂျာ ရိုဆီနီက ရှာကွီရီရဲ့ အနေအထားကို ဒဲ့တိုး ဝေဖန်လိုက်တာဖြစ်ပြီး ကွင်းလယ်လူဟာ ချန်ပီယံအစစ် မဟုတ်သလို လူတိုင်းမှတ်မိလောက်အောင် ထူးချွန်းတဲ့ ကစားသမား မဟုတ်ဘဲ လာမယ့်နှစ်တွေမှာ လီဗာပူးပရိသတ်တွေကလည်း သူ့ကို မေ့သွားလိမ့်မယ်လို့ ဆိုခဲ့တယ်။

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေက မန်နေဂျာဇီဒန်းအား ဒီနွေမှာ မာနေးကို ရဖို့ကိစ္စ မေ့လိုက်ဖို့ အကြံပေးထားပါတယ်။ လီဗာပူးက မာနေးကို မရောင်းလိုသလို ကမ်းလှမ်းမယ်ဆိုရင်လည်း သိပ်ကို ဈေးကြီးမယ်လို့ ၎င်းတို့က နားလည်ထားပါတယ်။

ကလော့ပ်က အကကောင်းသူလားဆိုတဲ့ အမေးကို မာနေးက ” အား..။ မန်နေဂျာရဲ့ အကကိုမြင်တော့ ကျနော် အတော်လေး အံ့အားသင့်ခဲ့ရတယ် ” ဆိုပြီး ရယ်မောပြောဆိုခဲ့တယ်။ ” ကလပ်ရောက်နေတဲ့ အသက် ၃၀ အရွယ် လူတစ်ယောက်လိုပါပဲဗျာ။ ဒီတော့ သူကနေတာကို မြင်တော့ ကျနော် ပြုံးမိတယ်၊ တကယ်ကို ရယ်မိတာပါပဲ။ ဘာလို့လည်းဆိုတော့ ဒီလို အကစွမ်ရည်နဲ့ သူကတာကို ကျနော် ပထမဆုံး မြင်ဖူးတာပါ ” လို့ ဆိုသွားခဲ့ပါတယ်။

လီဗာပူး ညာအစွန်လူ ထရန့် အလက်စန္ဒား-အာနိုးကတော့ အသင်းဖော်တွေက ဘောလုံးဂန္တဝင်တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီလို ဆုဖလား အောင်မြင်မှုတွေ ဆက်ကာ ဆက်ကာနဲ့ အများကြီး ရယူဖို့ ဆာလောင်နေကြတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ZAWGYI

မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ရမယ့္ ပြဲကို ဘယ္လို ေမွ်ာ္လင့္ထားရမလဲလို႔ သတင္းသမားေတြရဲ႕ အေမးကို ကေလာ့ပ္က ျပင္းထန္ျပီး စစ္မွန္တဲ့ ပြဲေကာင္းတစ္ပြဲ ၾကည့္ရပါမယ္လို႔ ေျပာဆိုလိုက္ပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကေတာ့ သူ႔အသင္းသားေတြကို အိမ္ကြင္း အီသီဟတ္မွာ ခ်န္ပီယံအသင္းကို ဧည့္ခံယွဥ္ျပိဳင္စဥ္ သူတို႔အသင္းကလည္း အသင္းေကာင္းဆိုတာကို သက္ေသျပဖို႔ တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးကစားသမားေဟာင္း ကာေရဂါက အသင္းမွာ ယာဂင္ကေလာ့ပ္ ရွိေနသ၍ ကစားသမားေတြရဲ႕ အေကာင္းဆံုး ပံုစံကို စိတ္မပူမိေပမယ့္လည္း မန္စီးတီးက ကစားသမား ေခၚယူမႈၾကီးေတြ လုပ္ဖို႔ အျမဲတမ္း အင္အားရွိတဲ့ အသင္းျဖစ္လို႔ ဒီရာသီ လီဗာပူးကို လိုက္မမွီျဖစ္ေနတဲ့ ခံစစ္ကို ေခၚယူမႈၾကီးေတြနဲ႔ ျပဳျပင္သြားမွာကိုေတာ့ စိတ္ပူမိတယ္လို႔ ရွင္းျပသြားပါတယ္။

ဆာလက္က ဒီရာသီ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုးဆုကို အႏုိင္ရသင့္သူက အသင္းေဖာ္ ဟန္ဒါဆန္ျဖစ္တယ္လို႔ ေထာက္ခံလိုက္ပါတယ္။

ဆြစ္ဇလန္မန္ေနဂ်ာ ရိုဆီနီက ရွာကီြရီရဲ႕ အေနအထားကို ဒဲ့တိုး ေဝဖန္လုိက္တာျဖစ္ျပီး ကြင္းလယ္လူဟာ ခ်န္ပီယံအစစ္ မဟုတ္သလို လူတိုင္းမွတ္မိေလာက္ေအာင္ ထူးခၽြန္းတဲ့ ကစားသမား မဟုတ္ဘဲ လာမယ့္ႏွစ္ေတြမွာ လီဗာပူးပရိသတ္ေတြကလည္း သူ႔ကို ေမ့သြားလိမ့္မယ္လို႔ ဆိုခဲ့တယ္။

ရီးရဲလ္မက္ဒရစ္ တာဝန္ရွိသူေတြက မန္ေနဂ်ာဇီဒန္းအား ဒီေႏြမွာ မာေနးကို ရဖို႔ကိစၥ ေမ့လိုက္ဖို႔ အၾကံေပးထားပါတယ္။ လီဗာပူးက မာေနးကို မေရာင္းလိုသလို ကမ္းလွမ္းမယ္ဆိုရင္လည္း သိပ္ကို ေစ်းၾကီးမယ္လို႔ ၄င္းတို႔က နားလည္ထားပါတယ္။

ကေလာ့ပ္က အကေကာင္းသူလားဆိုတဲ့ အေမးကို မာေနးက ” အား..။ မန္ေနဂ်ာရဲ႕ အကကိုျမင္ေတာ့ က်ေနာ္ အေတာ္ေလး အံ့အားသင့္ခဲ့ရတယ္ ” ဆိုျပီး ရယ္ေမာေျပာဆိုခဲ့တယ္။ ” ကလပ္ေရာက္ေနတဲ့ အသက္ ၃၀ အရြယ္ လူတစ္ေယာက္လိုပါပဲဗ်ာ။ ဒီေတာ့ သူကေနတာကို ျမင္ေတာ့ က်ေနာ္ ျပံဳးမိတယ္၊ တကယ္ကို ရယ္မိတာပါပဲ။ ဘာလို႔လည္းဆိုေတာ့ ဒီလို အကစြမ္ရည္နဲ႔ သူကတာကို က်ေနာ္ ပထမဆံုး ျမင္ဖူးတာပါ ” လို႔ ဆိုသြားခဲ့ပါတယ္။

လီဗာပူး ညာအစြန္လူ ထရန္႔ အလက္စႏၵား-အာႏိုးကေတာ့ အသင္းေဖာ္ေတြက ေဘာလံုးဂႏၱဝင္ေတြျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ မက္ဆီလို ဆုဖလား ေအာင္ျမင္မႈေတြ ဆက္ကာ ဆက္ကာနဲ႔ အမ်ားၾကီး ရယူဖို႔ ဆာေလာင္ေနၾကတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။