မနက်က အီသီဟတ်မှာ ယှဉ်ပြိုင်တဲ့ မန်စီးတီးနဲ့ပွဲကို လီဗာပူးက ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

ဒီရာသီ လီဗာပူးအသင်းရဲ့ အဆိုးရွားဆုံး ရံှူးပွဲဖြစ်ခဲ့သလို ခြေစွမ်းကလည်း လိုအပ်ချက် များခဲ့တယ်။ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ဒီပွဲက ရမှတ် မလိုတော့တာကြောင့် အရေးနိမ့်ခဲ့ခြင်း မဟုတ်ဘဲ အသင်းသားတွေ လိုအပ်ချက် များလွန်းခဲ့တာကြောင့် အရေးနိမ့်ခဲ့တာပါလို့ ဝန်ခံသွားပါတယ်။

ကလော့ပ်ကပဲ ရလဒ် မလိုတော့တာကြောင့် ဒီပွဲကို အရေးနိမ့်ခြင်းဆိုတဲ့ အပြောတွေကိုလည်း လက်မခံခဲ့ဘဲ မန်စီးတီးက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တယ်လို့ ပြတ်သားစွာ ပြောဆိုပါတယ်။

ကလော့ပ်က ” ရလဒ်က အရေးပါပါတယ်။ ဒါပေမယ့် ကျနော်က ရလဒ်တစ်ခုတည်း ကြည့်တဲ့သူ မဟုတ်ဘူး။ အဲ့တာက အမှတ်ပါ။ အမြဲတမ်း ကျနေ်ာတို့က ပွဲတွေကို နိုင်ချင်တာပါ။ လေ့ကျင့်ရေးမှာ ကြိုးစားတာ၊ အိမ်ကွင်း အဝေးကွင်း ပွဲနေ့တွေမှာ ကြိုးစားတယ်ဆိုတာက ဘောလုံးပွဲတွေ အနိုင်ရဖို့ပါပဲ။

ဟုတ်ပါတယ်။ ရလဒ်က အရေးကြီးပါတယ် ဒါပေမယ့် ပွဲအပြီးမှာတော့ ရလဒ်ကို ကျနော် မပြောင်းနိုင်တော့ပါဘူး။ တစ်ယောက်ယောက်က ကျနော် အသင်းကို ကြည့်ပြီး သူတို့က ရမှတ်မလိုတော့တာပဲ ဆိုပြီးပြောရင် အဲ့လူကို ကျနော် ဘာမှ မတုန့်ပြန်နိုင်ပါဘူး။ ကျနေ်ာတို့က ပွဲထဲမှာ တိုက်ခိုက်ခဲ့တယ်၊ ပြေးခဲ့တယ်၊ လုပ်နိုင်တာတွေကို လုပ်ခဲ့တယ်။ ဒါက ပြည့်စုံခဲ့လားဆိုရင် မပြေစုံပါဘူး။ ဒါက တစ်ချိန်မဟုတ် တစ်ချိန်တော့ ဖြစ်မှာပါ။

တစ်ခုတည်းသော ပြဿနာက ကျနေ်ာတို့က ပြည့်စုံမှု မရှိချိန်မှာ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ခဲ့တယ်။ ကျနေ်ာတို့ ရံှူးခဲ့တယ်။ ဒီတော့ ရလဒ်ကလည်း မကောင်းခဲ့ပါဘူး။ အခြေအနေက အဲ့လိုဖြစ်ပါတယ်။ ဒီကွင်းကို စိန်ခေါ်ဖို့ လာခဲ့တာပါ။ ကျနေ်ာတိုက လိဂ်ကို အနိုင်ယူဖို့ဖြစ်စေ၊ တန်းဆင်းဇုန်တိုက်ပွဲဖြစ်စေ ဘာတွေပဲဖြစ်ဖြစ် တိုက်ခိုက်ဖို့ ရောက်လာခဲ့တာပါ။

ဒီနေရာက ခက်ခဲပေမယ့် ကျနေ်ာတို့က မန်စီးတီးကို ပြဿနာပေးနိုင်တယ်ဆိုတာ ပြသထားဖူးတယ်။ ဒီညမှာတော့ အဲ့လိုမျိုး မန်စီးတီးကို ဒုက္ခပေးနိုင်ခဲ့တာ မရှိပါဘူး။ ဒါပေမယ့် သူတို့က ကျနေ်ာတို့ကို ဒုက္ခကြီး ပေးခဲ့ပါတယ်။ ဒါက ဒီရလဒ် ထွက်လာစေခဲ့တဲ့ အကြောင်းရင်းပါပဲ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

မနက္က အီသီဟတ္မွာ ယွဥ္ျပိဳင္တဲ့ မန္စီးတီးနဲ႔ပြဲကို လီဗာပူးက ၄-၀ ဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္ အေရးနိမ့္ခဲ့ပါတယ္။

ဒီရာသီ လီဗာပူးအသင္းရဲ႕ အဆိုးရြားဆံုး ရံွဴးပြဲျဖစ္ခဲ့သလို ေျခစြမ္းကလည္း လိုအပ္ခ်က္ မ်ားခဲ့တယ္။ ပြဲအျပီးမွာ မန္ေနဂ်ာကေလာ့ပ္က ဒီပြဲက ရမွတ္ မလိုေတာ့တာေၾကာင့္ အေရးနိမ့္ခဲ့ျခင္း မဟုတ္ဘဲ အသင္းသားေတြ လိုအပ္ခ်က္ မ်ားလြန္းခဲ့တာေၾကာင့္ အေရးနိမ့္ခဲ့တာပါလို႔ ဝန္ခံသြားပါတယ္။

ကေလာ့ပ္ကပဲ ရလဒ္ မလိုေတာ့တာေၾကာင့္ ဒီပြဲကို အေရးနိမ့္ျခင္းဆိုတဲ့ အေျပာေတြကိုလည္း လက္မခံခဲ့ဘဲ မန္စီးတီးက ပိုေကာင္းတဲ့အသင္း ျဖစ္ခဲ့တယ္လို႔ ျပတ္သားစြာ ေျပာဆိုပါတယ္။

ကေလာ့ပ္က ” ရလဒ္က အေရးပါပါတယ္။ ဒါေပမယ့္ က်ေနာ္က ရလဒ္တစ္ခုတည္း ၾကည့္တဲ့သူ မဟုတ္ဘူး။ အဲ့တာက အမွတ္ပါ။ အျမဲတမ္း က်ေန္ာတို႔က ပြဲေတြကို ႏုိင္ခ်င္တာပါ။ ေလ့က်င့္ေရးမွာ ၾကိဳးစားတာ၊ အိမ္ကြင္း အေဝးကြင္း ပြဲေန႔ေတြမွာ ၾကိဳးစားတယ္ဆိုတာက ေဘာလံုးပြဲေတြ အႏုိင္ရဖို႔ပါပဲ။

ဟုတ္ပါတယ္။ ရလဒ္က အေရးၾကီးပါတယ္ ဒါေပမယ့္ ပြဲအျပီးမွာေတာ့ ရလဒ္ကို က်ေနာ္ မေျပာင္းႏုိင္ေတာ့ပါဘူး။ တစ္ေယာက္ေယာက္က က်ေနာ္ အသင္းကို ၾကည့္ျပီး သူတို႔က ရမွတ္မလိုေတာ့တာပဲ ဆိုျပီးေျပာရင္ အဲ့လူကို က်ေနာ္ ဘာမွ မတုန္႔ျပန္ႏုိင္ပါဘူး။ က်ေန္ာတို႔က ပြဲထဲမွာ တိုက္ခိုက္ခဲ့တယ္၊ ေျပးခဲ့တယ္၊ လုပ္ႏုိင္တာေတြကို လုပ္ခဲ့တယ္။ ဒါက ျပည့္စံုခဲ့လားဆိုရင္ မေျပစံုပါဘူး။ ဒါက တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ေတာ့ ျဖစ္မွာပါ။

တစ္ခုတည္းေသာ ျပႆနာက က်ေန္ာတို႔က ျပည့္စံုမႈ မရွိခ်ိန္မွာ မန္စီးတီးနဲ႔ ထိပ္တိုက္ေတြ႔ခဲ့တယ္။ က်ေန္ာတို႔ ရံွဴးခဲ့တယ္။ ဒီေတာ့ ရလဒ္ကလည္း မေကာင္းခဲ့ပါဘူး။ အေျခအေနက အဲ့လိုျဖစ္ပါတယ္။ ဒီကြင္းကို စိန္ေခၚဖို႔ လာခဲ့တာပါ။ က်ေန္ာတိုက လိဂ္ကို အႏုိင္ယူဖို႔ျဖစ္ေစ၊ တန္းဆင္းဇုန္တိုက္ပြဲျဖစ္ေစ ဘာေတြပဲျဖစ္ျဖစ္ တိုက္ခိုက္ဖို႔ ေရာက္လာခဲ့တာပါ။

ဒီေနရာက ခက္ခဲေပမယ့္ က်ေန္ာတုိ႔က မန္စီးတီးကို ျပႆနာေပးႏုိင္တယ္ဆိုတာ ျပသထားဖူးတယ္။ ဒီညမွာေတာ့ အဲ့လိုမ်ိဳး မန္စီးတီးကို ဒုကၡေပးႏုိင္ခဲ့တာ မရွိပါဘူး။ ဒါေပမယ့္ သူတို႔က က်ေန္ာတို႔ကို ဒုကၡၾကီး ေပးခဲ့ပါတယ္။ ဒါက ဒီရလဒ္ ထြက္လာေစခဲ့တဲ့ အေၾကာင္းရင္းပါပဲ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။