မန်စီးတီးထံ သွားရောက်ရတဲ့ပွဲမှာ လီဗာပူးအသင်း ပွဲထွက်လူစာရင်းက အပြည့်ဖြင့် ပွဲထွက်ခဲ့တယ်။ ဒါပေမယ့် လိုဗရန် ဒဏ်ရာရနေတာကြောင့် လူစာရင်းထဲ မပါခဲ့သလို အရန်မှာ ဗဟိုခံစစ်မှူး တစ်ဦးမှ မပါသွားပါဘူး။

ပထမပိုင်းမှာ ဂိုးမက်စ်က စတာလင်ကို ပြစ်ဒဏ် ကျူးလွန်မှုကြောင့် အဝါကဒ်ပြသခံခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရတာဖြစ်တယ်။ အဆိုပါ ပင်နယ်တီကို ဒီဘရိုင်းက အဆုံးသတ်သွားပါတယ်။ ဆက်ပြီးလည်း မန်စီးတီးက ဦးဆောင်ဂိုးတွေ ယူသွားခဲ့ကာ ဒုတိယပိုင်းမှာတော့ မန်နေဂျာကလော့ပ်က ဂိုးမက်စ်နေရာ ချိန်ဘာလိန်နဲ့ လူစားလဲခဲ့ပါတယ်။

မန်နေဂျာကတော့ ဂိုးမက်စ်ကို လူစားလဲခဲ့ခြင်းက သူနဲ့ စတာလင်ကြား ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့် မဟုတ်ဘဲ ခံစစ်သမား နည်းပါးနေခြင်းမှာ ဂိုးမက်စ်ကို လက်မလွတ်လိုတာကြောင့်လို့ ရှင်းပြပါတယ်။

ပွဲအပြီးမှာ မန်နေဂျာက ” ဂိုးမက်စ်ကို လူစားလဲရတာက အဝါကဒ်ကြောင့် ဖြစ်ပါတယ်။ ဂျိုက အဝါရဒ် ရထားတာဖြစ်ပြီး ဒီဂျန်ကလည်း ဘယ်အချိန်မှ ပြန်ကစားနိုင်မလဲဆိုတာကို ကျနော်တို့ အတိအကျ မသိသေးပါဘူး။ သူ မကြာခင် ပြန်ကစားနိုင်ဖို့တော့ မျှော်လင့်ပါတယ်။

ဒါပေမယ့် ကျနေ်ာတို့မှာ ဗဟိုခံစစ်မှူး နေရာအတွက် လူစာရင်း ကြီးကြီးမားမား မရှိတော့ပါဘူး။ ဒီတော့ ကျနော ဂိုးမက်စ် နောက်ထပ် အဝါကဒ် ရသွားမှာကို မမြင်လိုပါဘူး။ အဲ့တာကြောင့် လူစားလဲခဲ့ရတာပါ ” လို့ ရှင်းပြခဲ့တယ်။

မန်စီးတီးပွဲ မတိုင်ခင် လိုဗရန်ဟာ အသေးစား ဒဏ်ရာရထားတယ်လို့ သိရတယ်။ မန်စီးတီးနဲ့ပွဲမှာ လူစားလဲခံရတဲ့ ဂိုးမက်စ်ဟာ တနင်္ဂနွေနေ့ အက်စတွန်ဗီလာနဲ့ပွဲကို ပွဲထွက် ကစားနိုင်မှာ ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးထံ သြားေရာက္ရတဲ့ပြဲမွာ လီဗာပူးအသင္း ပြဲထြက္လူစာရင္းက အျပည့္ျဖင့္ ပြဲထြက္ခဲ့တယ္။ ဒါေပမယ့္ လိုဗရန္ ဒဏ္ရာရေနတာေၾကာင့္ လူစာရင္းထဲ မပါခဲ့သလို အရန္မွာ ဗဟိုခံစစ္မႉး တစ္ဦးမွ မပါသြားပါဘူး။

ပထမပိုင္းမွာ ဂိုးမက္စ္က စတာလင္ကို ျပစ္ဒဏ္ က်ဴးလြန္မႈေၾကာင့္ အဝါကဒ္ျပသခံခဲ့ရသလို ပင္နယ္တီလည္း ေပးခဲ့ရတာျဖစ္တယ္။ အဆိုပါ ပင္နယ္တီကို ဒီဘရိုင္းက အဆံုးသတ္သြားပါတယ္။ ဆက္ျပီးလည္း မန္စီးတီးက ဦးေဆာင္ဂိုးေတြ ယူသြားခဲ့ကာ ဒုတိယပိုင္းမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က ဂိုးမက္စ္ေနရာ ခ်ိန္ဘာလိန္နဲ႔ လူစားလဲခဲ့ပါတယ္။

မန္ေနဂ်ာကေတာ့ ဂိုးမက္စ္ကို လူစားလဲခဲ့ျခင္းက သူနဲ႔ စတာလင္ၾကား ပုဂၢိဳလ္ေရး ကိစၥေတြေၾကာင့္ မဟုတ္ဘဲ ခံစစ္သမား နည္းပါးေနျခင္းမွာ ဂိုးမက္စ္ကို လက္မလြတ္လိုတာေၾကာင့္လို႔ ရွင္းျပပါတယ္။

ပြဲအျပီးမွာ မန္ေနဂ်ာက ” ဂိုးမက္စ္ကို လူစားလဲရတာက အဝါကဒ္ေၾကာင့္ ျဖစ္ပါတယ္။ ဂ်ိဳက အဝါရဒ္ ရထားတာျဖစ္ျပီး ဒီဂ်န္ကလည္း ဘယ္အခ်ိန္မွ ျပန္ကစားႏုိင္မလဲဆိုတာကို က်ေနာ္တို႔ အတိအက် မသိေသးပါဘူး။ သူ မၾကာခင္ ျပန္ကစားႏုိင္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္။

ဒါေပမယ့္ က်ေန္ာတို႔မွာ ဗဟိုခံစစ္မွဴး ေနရာအတြက္ လူစာရင္း ၾကီးၾကီးမားမား မရွိေတာ့ပါဘူး။ ဒီေတာ့ က်ေနာ ဂိုးမက္စ္ ေနာက္ထပ္ အဝါကဒ္ ရသြားမွာကို မျမင္လိုပါဘူး။ အဲ့တာေၾကာင့္ လူစားလဲခဲ့ရတာပါ ” လို႔ ရွင္းျပခဲ့တယ္။

မန္စီးတီးပြဲ မတိုင္ခင္ လိုဗရန္ဟာ အေသးစား ဒဏ္ရာရထားတယ္လို႔ သိရတယ္။ မန္စီးတီးနဲ႔ပြဲမွာ လူစားလဲခံရတဲ့ ဂိုးမက္စ္ဟာ တနဂၤေႏြေန႔ အက္စတြန္ဗီလာနဲ႔ပြဲကို ပြဲထြက္ ကစားႏုိင္မွာ ျဖစ္ပါတယ္။