အိမ်ကွင်းမှာ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရတဲ့နောက် ပြိုင်ဘက်အသင်း မန်နေဂျာဂွာဒီယိုလာက သူ လီဗာပူးအသင်းအပေါ်ထားတဲ့ သဘောထားနဲ့ သူတို့ရဲ့ အာရုံစိုက်မှုအကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက ပွဲမတိုင်ခင်မှာ ချန်ပီယံသစ်တွေကို လက်ခုပ်တီး ဂုဏ်ပြုခဲ့တာဟာ လီဗာပူးအသင်းက ထိုက်တန်တယ်လို့ သူယူဆခြင်းကြောင်း ဖြစ်ကြောင်း ထုတ်ပြောပါတယ်။ ဒါ့အပြင် ဒီလို အသင်းကို အနိုင်ယူလိုတာကြောင့်လည်း အကောင်းဆုံး ကြိုးစားခဲ့ပါတယ်လို့ ထပ်ဆောင်း ပြောပါတယ်။

ဂွာဒီယိုလာက ” သိပ်ကို ကောင်းမွန်လွန်းတဲ့ ချန်ပီယံတွေကို ကျနေ်ာတို့ အနိုင်ယူခဲ့တာပါ။ ကျနော်တို့ ရဲရဲရင့်ရင့် ကစားခဲ့တယ်၊ သူတို့ကလည်း ရဲရဲရင့်ရင့် ကစားခဲ့ပါတယ်။

စွန့်စားမှုတွေနဲ့အတူ ဘောလုံးကစားဖို့ ကျနေ်ာတို့ ကြိုးစားခဲ့တယ်။ အမြင့်ဆုံး ဖိအားပေးမှုမှာ လီဗာပူးက ကျနော် ဘဝတစ်လျှောက် မြင်ဖူးသမျှထဲ အကောင်းဆုံး ဘောလုံးအသင်းဖြစ်ပါတယ်။ ကျနော်တို့ နေရာလွတ် သေးသေးတွေမှာ ဘောလုံးကို ကောင်းကောင်းကစားခဲ့ကြတယ်။

သူတို့ ဘယ်လိုတွေ အလုပ်လုပ်သလဲ ဘယ်လောက်တောင် အာရုံစိုက်သလဲဆိုတာကို guard of honour လုပ်ပေးရင် ကျနေ်ာ မြင်ခဲ့တယ်။ ကျနေ်ာတို့ရဲ့ ဂုဏ်ပြုမှုကို ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောဖို့ သူတို့ မအားပါဘူး။ အဲ့သလောက်ကို သူတို့ အာရုံစိုက်နေခဲ့ာကပါတယ်။

ဒီအပတ်မှာ လီဗာပူးက ဘီယာတွေ အများကြီး သောက်ခဲ့ကြတယ် ဒါပေမယ့် ကျနော်တို့ထံ ရောက်လာတော့ သူတို့ သွေးတွေထဲမှာ ဘီယာ တစ်စက်တောင်မှ ရှိမနေပါဘူး။ အဲ့တာကြောင့်လည်း ကျနော်က လီဗာပူးကို အသိအမှတ် ပြုတာပါ ” လို့ ပြောဆိုသွားပါတယ်။

လီဗာပူးအသင်းဟာ လက်ကျန်ပွဲ ၆ ပွဲ ကစားဖို့ ကျန်ရှိနေပြီး မန်စီးတီးရဲ့ ရမှတ် ၁၀၀ စံချိန်ကို ချိုးဖျက်လိုရင် အနည်းဆုံး ၅ ပွဲနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ZAWGYI

အိမ္ကြင္းမွာ လီဗာပူးကို ၄-၀ နဲ႔ အႏုိင္ရတဲ့ေနာက္ ျပိဳင္ဘက္အသင္း မန္ေနဂ်ာဂြာဒီယိုလာက သူ လီဗာပူးအသင္းအေပၚထားတဲ့ သေဘာထားနဲ႔ သူတို႔ရဲ႕ အာရံုစိုက္မႈအေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

ဂြာဒီယိုလာက ပြဲမတိုင္ခင္မွာ ခ်န္ပီယံသစ္ေတြကို လက္ခုပ္တီး ဂုဏ္ျပဳခဲ့တာဟာ လီဗာပူးအသင္းက ထိုက္တန္တယ္လို႔ သူယူဆျခင္းေၾကာင္း ျဖစ္ေၾကာင္း ထုတ္ေျပာပါတယ္။ ဒါ့အျပင္ ဒီလို အသင္းကို အႏုိင္ယူလိုတာေၾကာင့္လည္း အေကာင္းဆံုး ၾကိဳးစားခဲ့ပါတယ္လုိ႔ ထပ္ေဆာင္း ေျပာပါတယ္။

ဂြာဒီယိုလာက ” သိပ္ကို ေကာင္းမြန္လြန္းတဲ့ ခ်န္ပီယံေတြကို က်ေန္ာတို႔ အႏုိင္ယူခဲ့တာပါ။ က်ေနာ္တို႔ ရဲရဲရင့္ရင့္ ကစားခဲ့တယ္၊ သူတို႔ကလည္း ရဲရဲရင့္ရင့္ ကစားခဲ့ပါတယ္။

စြန္႔စားမႈေတြနဲ႔အတူ ေဘာလံုးကစားဖို႔ က်ေန္ာတို႔ ၾကိဳးစားခဲ့တယ္။ အျမင့္ဆံုး ဖိအားေပးမႈမွာ လီဗာပူးက က်ေနာ္ ဘဝတစ္ေလွ်ာက္ ျမင္ဖူးသမွ်ထဲ အေကာင္းဆံုး ေဘာလံုးအသင္းျဖစ္ပါတယ္။ က်ေနာ္တို႔ ေနရာလြတ္ ေသးေသးေတြမွာ ေဘာလံုးကို ေကာင္းေကာင္းကစားခဲ့ၾကတယ္။

သူတို႔ ဘယ္လိုေတြ အလုပ္လုပ္သလဲ ဘယ္ေလာက္ေတာင္ အာရံုစိုက္သလဲဆိုတာကို guard of honour လုပ္ေပးရင္ က်ေန္ာ ျမင္ခဲ့တယ္။ က်ေန္ာတို႔ရဲ႕ ဂုဏ္ျပဳမႈကို ေက်းဇူးတင္ပါတယ္လို႔ ျပန္ေျပာဖို႔ သူတို႔ မအားပါဘူး။ အဲ့သေလာက္ကို သူတို႔ အာရံုစိုက္ေနခဲ့ာကပါတယ္။

ဒီအပတ္မွာ လီဗာပူးက ဘီယာေတြ အမ်ားၾကီး ေသာက္ခဲ့ၾကတယ္ ဒါေပမယ့္ က်ေနာ္တို႔ထံ ေရာက္လာေတာ့ သူတို႔ ေသြးေတြထဲမွာ ဘီယာ တစ္စက္ေတာင္မွ ရွိမေနပါဘူး။ အဲ့တာေၾကာင့္လည္း က်ေနာ္က လီဗာပူးကို အသိအမွတ္ ျပဳတာပါ ” လို႔ ေျပာဆိုသြားပါတယ္။

လီဗာပူးအသင္းဟာ လက္က်န္ပြဲ ၆ ပြဲ ကစားဖို႔ က်န္ရွိေနျပီး မန္စီးတီးရဲ႕ ရမွတ္ ၁၀၀ စံခ်ိန္ကို ခ်ိဳးဖ်က္လိုရင္ အနည္းဆံုး ၅ ပြဲႏုိင္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။