လီဗာပူးအသင်းဟာ ချန်ပီယံဟောင်း မန်စီးတီးကို ၄-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီအပတ် အက်စတွန်ဗီလာနဲ့ ပွဲမှာတော့ ပြန်လည် တုန့်ပြန်သွားလိမ့်မယ်လို့ လော်ရိုးက သုံးသပ်လိုက်ပါတယ်။

လီဗာပူးက ချန်ပီယံဖြစ်သွားခဲ့ပြီ ဖြစ်ပေမယ့် အသင်းရဲ့ ပုံစံကို ဆက်လက် ထိန်းသိမ်းဖို့နဲ့ လူငယ်တွေကို နေရာပေးဖို့ ရှိနေပါသေးတယ်။ အထူးသဖြင့် ရွှေလက်အိတ်ဆုကို ပြိုင်ဆိုင်နေတဲ့ အယ်လီဆန်၊ ရွှေဖိနပ်ဆုကို ပြိုင်ဆိုင်နေတဲ့ ဆာလက်တို့က ပြိုင်ပွဲ လမ်းကြောင်းမှာပဲ ဆက်ရှိနေသေးတာပါ။

မန်စီးတီးကို အရေးနိမ့်လိုက်တာက လီဗာပူးအသင်းကို လှုပ်နိုးမှု ဖြစ်လာစေမှာဖြစ်ပြီး အန်ဖီးမှာ ယှဉ်ပြိုင်ရမယ့် အက်စတွန်ဗီလာနဲ့ပွဲက ဒါ့အတွက် တွန်းအားတစ်ခု ဖြစ်လာပါလိမ့်မယ်။

လော်ရိုးက ” အီသီဟတ်မှာ မန်စီးတီးရဲ့ အနိုင်ယူခြင်းကို လီဗာပူးတို့ ခံလိုက်ရတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ချန်ပီယံတွေက တုန့်ပြန်သွားမှာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်း ရမှတ်ရဖို့ တစ်ခုတည်းသော မျှော်လင့်စရာက ဒီပွဲမှာ မန်နေဂျာကလော့ပ်က လူငယ်တွေကို နေရာပေးဖို့ ဆုံးဖြတ်ခဲ့ရင်ဆိုတဲ့ အခြေအနေ တစ်ခုတည်း ဖြစ်ပါတယ်။

အက်စတွန်ဗီလာက ပရီးမီးယားလိဂ်မှာ ဆက်ပြီး နေရဖို့ ကြိုးစား တိုက်ခိုက်နေတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် သူတို့က ကောင်းကောင်း ခုခံနိုင်စွမ်း မရှိပါဘူး။ အက်စတွန်ဗီလာက လီဗာပူးကို ထိန်းထားနိုင်လိမ့်မယ်လို့ ကျနော်ကတော့ မထင်ပါဘူး ” လို့ သုံးသပ်သွားတာဖြစ်တယ်။

လီဗာပူးနဲ့ အက်စတွန်ဗီလာပွဲအတွက် လော်ရိုးရဲ့ ပွဲရလဒ်ခန့်မှန်းကတော့ လီဗာပူး ၃-၀ အက်စတွန်ဗီလာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံေဟာင္း မန္စီးတီးကို ၄-၀ နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ဒီအပတ္ အက္စတြန္ဗီလာနဲ႔ ပြဲမွာေတာ့ ျပန္လည္ တုန္႔ျပန္သြားလိမ့္မယ္လို႔ ေလာ္ရိုးက သံုးသပ္လုိက္ပါတယ္။

လီဗာပူးက ခ်န္ပီယံျဖစ္သြားခဲ့ျပီ ျဖစ္ေပမယ့္ အသင္းရဲ႕ ပံုစံကို ဆက္လက္ ထိန္းသိမ္းဖို႔နဲ႔ လူငယ္ေတြကို ေနရာေပးဖို႔ ရွိေနပါေသးတယ္။ အထူးသျဖင့္ ေရႊလက္အိတ္ဆုကို ျပိဳင္ဆုိင္ေနတဲ့ အယ္လီဆန္၊ ေရႊဖိနပ္ဆုကို ျပိဳင္ဆိုင္ေနတဲ့ ဆာလက္တို႔က ျပိဳင္ပြဲ လမ္းေၾကာင္းမွာပဲ ဆက္ရွိေနေသးတာပါ။

မန္စီးတီးကို အေရးနိမ့္လိုက္တာက လီဗာပူးအသင္းကို လႈပ္ႏိုးမႈ ျဖစ္လာေစမွာျဖစ္ျပီး အန္ဖီးမွာ ယွဥ္ျပိဳင္ရမယ့္ အက္စတြန္ဗီလာနဲ႔ပြဲက ဒါ့အတြက္ တြန္းအားတစ္ခု ျဖစ္လာပါလိမ့္မယ္။

ေလာ္ရိုးက ” အီသီဟတ္မွာ မန္စီးတီးရဲ႔ အႏုိင္ယူျခင္းကို လီဗာပူးတို႔ ခံလိုက္ရတယ္။ ဒါေပမယ့္ ဒီပြဲမွာေတာ့ ခ်န္ပီယံေတြက တုန္႔ျပန္သြားမွာ ျဖစ္ပါတယ္။ အက္စတြန္ဗီလာအသင္း ရမွတ္ရဖို႔ တစ္ခုတည္းေသာ ေမွ်ာ္လင့္စရာက ဒီပြဲမွာ မန္ေနဂ်ာကေလာ့ပ္က လူငယ္ေတြကို ေနရာေပးဖို႔ ဆံုးျဖတ္ခဲ့ရင္ဆိုတဲ့ အေျခအေန တစ္ခုတည္း ျဖစ္ပါတယ္။

အက္စတြန္ဗီလာက ပရီးမီးယားလိဂ္မွာ ဆက္ျပီး ေနရဖို႔ ၾကိဳးစား တိုက္ခိုက္ေနတယ္ဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ သူတို႔က ေကာင္းေကာင္း ခုခံႏုိင္စြမ္း မရွိပါဘူး။ အက္စတြန္ဗီလာက လီဗာပူးကို ထိန္းထားႏုိင္လိမ့္မယ္လို႔ က်ေနာ္ကေတာ့ မထင္ပါဘူး ” လို႔ သံုးသပ္သြားတာျဖစ္တယ္။

လီဗာပူးနဲ႔ အက္စတြန္ဗီလာပြဲအတြက္ ေလာ္ရိုးရဲ႕ ပြဲရလဒ္ခန္႔မွန္းကေတာ့ လီဗာပူး ၃-၀ အက္စတြန္ဗီလာ ျဖစ္ပါတယ္။