မနက်က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံဟောင်း မန်စီးတီးက ဒီရာသီ ချန်ပီယံ လီဗာပူးအသင်းကို လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်း သတင်းမီဒီယာတွေက ဖော်ပြလာမှုအရ ဘောလုံးလောကရဲ့ ရှေးအစဉ်အလာတစ်ခုဖြစ်တယ် ချန်ပီယံအသစ်ကို guard of honour လုပ်ပေးတဲ့ အစီအစဉ်မှာ မပါဝင်ခဲ့တဲ့ မန်စီးတီး ကစားသမားလည်း ရှိတယ်လို့ သိရတယ်။ သူကတော့ မန်စီးတီးရဲ့ ပေါ်တူဂီသား ကွင်းလယ်လူ ဘာနာတို ဆေးဗားဖြစ်ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေနဲ့ ရုပ်ပုံတွေမှာ ပြန်ကြည့်ရမှုမှာတော့ ဘာနာတို ဆေးဗားဟာ ကွင်းလယ်လူ ဖိုဒန်ဘေးမှာ ရပ်နေပြီး လီဗာပူးကို ကြိုဆိုမှုမှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သူက သာမာန်ပွဲတွေမှာ လုပ်ရိုးလုပ်စဉ် ပွဲကြို လူစည်မှုလောက်ပဲ လုပ်ခဲ့ခြင်းဖြစ်ကာ လက်ထဲမှာ ရေဗူးနဲ့ ရေခွက်ကို ကိုင်ထားခဲ့ပြီး ချန်ပီယံသစ်ကို လက်ခုပ်တီး ဂုဏ်ပြုခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း ဒါက ကစားသမားတွေရဲ့ ရွေးချယ်ခြင်းဖြစ်လို့ ထွေထွေထူးထူး တုန့်ပြန်စရာတော့ မရှိပါဘူး။ မန်စီးတီးကို ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့တာက အသင်းကို နိုးထဖို့ တွန်းအား ဖြစ်စေခဲ့ပြီး ဒီရလဒ်ကို စိတ်ပျက် ဒေါသထွက်ရပါတယ်လို့ ကလော့ပ်က ဝန်ခံခဲ့တယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ” မန်စီးတီးကို အသိအမှတ်ပြုရပါမယ်။ သိပ်ထူးချွန်ပြီး သူတို့ရဲ့ အခွင့်အရေးကို ယူနိုင်ခဲ့တယ်။ ပွဲအပြီးမှာ ကျနေ်ာတို့ စိတ်ပျက်ရတယ်။ ရလဒ်အတွက် အသင်းဖော်တွေလည်း စိတ်ပျက်ခဲ့ရပါတယ်။ အခြားသော ညတွေဆိုရင် အခွင့်အရေးတွေကို ကျနေ်ာတို့ အဆုံးသတ်နိုင်ပါတယ်။ ဒါကပဲ ပွဲကို အဆုံးအဖြတ် ဖြစ်စေခဲ့တာပါ။ မန်စီးတီးကို အသိအမှတ်ပြပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ခ်န္ပီယံေဟာင္း မန္စီးတီးက ဒီရာသီ ခ်န္ပီယံ လီဗာပူးအသင္းကို လက္ခုပ္တီး ဂုဏ္ျပဳေပးခဲ့ပါတယ္။

ဒါေပမယ့္ ေနာက္ပိုင္း သတင္းမီဒီယာေတြက ေဖာ္ျပလာမႈအရ ေဘာလံုးေလာကရဲ႕ ေရွးအစဥ္အလာတစ္ခုျဖစ္တယ္ ခ်န္ပီယံအသစ္ကို guard of honour လုပ္ေပးတဲ့ အစီအစဥ္မွာ မပါဝင္ခဲ့တဲ့ မန္စီးတီး ကစားသမားလည္း ရွိတယ္လို႔ သိရတယ္။ သူကေတာ့ မန္စီးတီးရဲ႕ ေပၚတူဂီသား ကြင္းလယ္လူ ဘာနာတို ေဆးဗားျဖစ္ပါတယ္။

ထြက္ေပၚလာတဲ့ ဗီဒီယိုေတြနဲ႔ ရုပ္ပံုေတြမွာ ျပန္ၾကည့္ရမႈမွာေတာ့ ဘာနာတို ေဆးဗားဟာ ကြင္းလယ္လူ ဖိုဒန္ေဘးမွာ ရပ္ေနျပီး လီဗာပူးကို ၾကိဳဆိုမႈမွာ ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ သူက သာမာန္ပြဲေတြမွာ လုပ္ရိုးလုပ္စဥ္ ပြဲၾကိဳ လူစည္မႈေလာက္ပဲ လုပ္ခဲ့ျခင္းျဖစ္ကာ လက္ထဲမွာ ေရဗူးနဲ႔ ေရခြက္ကို ကိုင္ထားခဲ့ျပီး ခ်န္ပီယံသစ္ကို လက္ခုပ္တီး ဂုဏ္ျပဳခဲ့ျခင္း မရွိပါဘူး။

ဒါေပမယ့္လည္း ဒါက ကစားသမားေတြရဲ႕ ေရြးခ်ယ္ျခင္းျဖစ္လို႔ ေထြေထြထူးထူး တုန္႔ျပန္စရာေတာ့ မရွိပါဘူး။ မန္စီးတီးကို ဆိုးဆိုးရြားရြား အေရးနိမ့္ခဲ့တာက အသင္းကို ႏိုးထဖို႔ တြန္းအား ျဖစ္ေစခဲ့ျပီး ဒီရလဒ္ကို စိတ္ပ်က္ ေဒါသထြက္ရပါတယ္လို႔ ကေလာ့ပ္က ဝန္ခံခဲ့တယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကလည္း ” မန္စီးတီးကို အသိအမွတ္ျပဳရပါမယ္။ သိပ္ထူးခၽြန္ျပီး သူတို႔ရဲ႕ အခြင့္အေရးကို ယူႏုိင္ခဲ့တယ္။ ပြဲအျပီးမွာ က်ေန္ာတို႔ စိတ္ပ်က္ရတယ္။ ရလဒ္အတြက္ အသင္းေဖာ္ေတြလည္း စိတ္ပ်က္ခဲ့ရပါတယ္။ အျခားေသာ ညေတြဆိုရင္ အခြင့္အေရးေတြကို က်ေန္ာတုိ႔ အဆံုးသတ္ႏုိင္ပါတယ္။ ဒါကပဲ ပြဲကို အဆံုးအျဖတ္ ျဖစ္ေစခဲ့တာပါ။ မန္စီးတီးကို အသိအမွတ္ျပပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။