မန်စီးတီးနဲ့ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ဒီပွဲက ရမှတ် မလိုတော့တာကြောင့် အရေးနိမ့်ခဲ့ခြင်း မဟုတ်ဘဲ အသင်းသားတွေ လိုအပ်ချက် များလွန်းခဲ့တာကြောင့် အရေးနိမ့်ခဲ့တာပါလို့ ဝန်ခံသွားပါတယ်။

၂၀၀၅ အင်စတမ်ဘူလ်း ဗိုလ်လုပွဲမှာ လီဗာပူးအသင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ မီလန် ဘားရိုစ့်ဟာ ဒီရာသီအကုန်မှာတော့ ဘောလုံးကစားခြင်းကနေ အနားယူသွားတော့မှာ ဖြစ်ပါတယ်။

မနက်က ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံဟောင်း မန်စီးတီးက ဒီရာသီ ချန်ပီယံ လီဗာပူးအသင်းကို လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့ပေမယ့် မန်စီးတီးရဲ့ ပေါ်တူဂီသား ကွင်းလယ်လူ ဘာနာတို ဆေးဗားကတော့ မလုပ်ပေးခဲ့ပါဘူး။

လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူဖို့အတွက် စတင်နေပြီး အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေပြီ ပေါင် ၃၂ သန်းနဲ့ ညိနှိုင်းနေတယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

ဂျာမာန်ဖလား ဗိုလ်လုပွဲအကြိုမှာ သတင်းကြီးနေတဲ့ အယ်ကန်တာရာနဲ့ လီဗာပူး အပြောင်းအရွှေ့ကို ဘိုင်ယန်မန်နေဂျာ ဖလစ်က အရင်လို ခပ်မာမာ ငြင်းဆန်သွားခြင်း မရှိတော့ပဲ လေသံပျော့နေတယ်လို့ သိရပါတယ်။

မန်စီးတီးနဲ့ လီဗာပူးပွဲကို ယှဉ်ပြိုင်စဉ်မှာ အီသီဟတ်ပြင်ပမှာ မီးရှုးဖောက်သံတွေ ကြားရတာက လီဗာပူးပရိသတ်တွေ အောင်ပွဲခံတာ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

မန်စီးတီးထံ သွားရောက်ရတဲ့ပွဲမှာ ခံစစ်မှူး လိုဗရန် မပါဘဲ့တာက ဒဏ်ရာရနေတာကြောင့် ဖြစ်ပြီး ဒဏ်ရာက ဘယ်လောက်ကြာမလဲ မပြောနိုင်သေးဘူးလို့ သိရပါတယ်။

မန်နေဂျာကလော့ပ်က မနက်ကပွဲမှာ ဂိုးမက်စ်ကို လူစားလဲခဲ့ခြင်းက သူနဲ့ စတာလင်ကြား ပုဂ္ဂိုလ်ရေး ကိစ္စတွေကြောင့် မဟုတ်ဘဲ ခံစစ်သမား နည်းပါးနေခြင်းမှာ အနီကဒ်ရသွားနိုင်တဲ့ ဂိုးမက်စ်ကို လက်မလွတ်လိုတာကြောင့်လို့ ရှင်းပြပါတယ်။

အက်စတွန်ဗီလာအသင်းနဲ့ပွဲမှာ တန်းဆင်းဇုန် တိုက်ပွဲအကြောင်းကို သိထားတဲ့ ကလော့ပ်က အားလုံးကို လေးစားမှုထားမှာ ဖြစ်သလို အက်စတွန်ဗီလာကိုလည်း လေးစားမှုထားမှာပါလို့ ထုတ်ပြောခဲ့ပါတယ်။

ZAWGYI

မန္စီးတီးနဲ႔ ပြဲအျပီးမွာ မန္ေနဂ်ာကေလာ့ပ္က ဒီပြဲက ရမွတ္ မလိုေတာ့တာေၾကာင့္ အေရးနိမ့္ခဲ့ျခင္း မဟုတ္ဘဲ အသင္းသားေတြ လိုအပ္ခ်က္ မ်ားလြန္းခဲ့တာေၾကာင့္ အေရးနိမ့္ခဲ့တာပါလို႔ ဝန္ခံသြားပါတယ္။

၂၀၀၅ အင္စတမ္ဘူလ္း ဗိုလ္လုပြဲမွာ လီဗာပူးအသင္းသားတစ္ဦးအျဖစ္ ပါဝင္ခဲ့တဲ့ မီလန္ ဘားရိုစ့္ဟာ ဒီရာသီအကုန္မွာေတာ့ ေဘာလံုးကစားျခင္းကေန အနားယူသြားေတာ့မွာ ျဖစ္ပါတယ္။

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာ ခ်န္ပီယံေဟာင္း မန္စီးတီးက ဒီရာသီ ခ်န္ပီယံ လီဗာပူးအသင္းကို လက္ခုပ္တီး ဂုဏ္ျပဳေပးခဲ့ေပမယ့္ မန္စီးတီးရဲ႕ ေပၚတူဂီသား ကြင္းလယ္လူ ဘာနာတို ေဆးဗားကေတာ့ မလုပ္ေပးခဲ့ပါဘူး။

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ အယ္ကန္တာရာကို ေခၚယူဖို႔အတြက္ စတင္ေနျပီး အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူကို ေခၚယူႏုိင္ဖုိ႔ အေတာ္ေလး နီးစပ္ေနျပီ ေပါင္ ၃၂ သန္းနဲ႔ ညိႏိႈင္းေနတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ဂ်ာမာန္ဖလား ဗိုလ္လုပြဲအၾကိဳမွာ သတင္းၾကီးေနတဲ့ အယ္ကန္တာရာနဲ႔ လီဗာပူး အေျပာင္းအေရႊ႔ကို ဘိုင္ယန္မန္ေနဂ်ာ ဖလစ္က အရင္လို ခပ္မာမာ ျငင္းဆန္သြားျခင္း မရွိေတာ့ပဲ ေလသံေပ်ာ့ေနတယ္လို႔ သိရပါတယ္။

မန္စီးတီးနဲ႔ လီဗာပူးပြဲကို ယွဥ္ျပိဳင္စဥ္မွာ အီသီဟတ္ျပင္ပမွာ မီးရႈးေဖာက္သံေတြ ၾကားရတာက လီဗာပူးပရိသတ္ေတြ ေအာင္ပြဲခံတာ ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

မန္စီးတီးထံ သြားေရာက္ရတဲ့ပြဲမွာ ခံစစ္မွဴး လိုဗရန္ မပါဘဲ့တာက ဒဏ္ရာရေနတာေၾကာင့္ ျဖစ္ျပီး ဒဏ္ရာက ဘယ္ေလာက္ၾကာမလဲ မေျပာႏုိင္ေသးဘူးလို႔ သိရပါတယ္။

မန္ေနဂ်ာကေလာ့ပ္က မနက္ကပြဲမွာ ဂိုးမက္စ္ကို လူစားလဲခဲ့ျခင္းက သူနဲ႔ စတာလင္ၾကား ပုဂၢိဳလ္ေရး ကိစၥေတြေၾကာင့္ မဟုတ္ဘဲ ခံစစ္သမား နည္းပါးေနျခင္းမွာ အနီကဒ္ရသြားႏုိင္တဲ့ ဂိုးမက္စ္ကို လက္မလြတ္လိုတာေၾကာင့္လို႔ ရွင္းျပပါတယ္။

အက္စတြန္ဗီလာအသင္းနဲ႔ပြဲမွာ တန္းဆင္းဇုန္ တုိက္ပြဲအေၾကာင္းကို သိထားတဲ့ ကေလာ့ပ္က အားလံုးကို ေလးစားမႈထားမွာ ျဖစ္သလို အက္စတြန္ဗီလာကိုလည္း ေလးစားမႈထားမွာပါလို႔ ထုတ္ေျပာခဲ့ပါတယ္။