ပရီးမီးယားလိဂ်ဟာ ဒီရာသီ လိဂ်ချန်ပီယံ လီဗာပူးအသင်းကို ချန်ပီယံဆုတံဆိပ် အခု ၄၀ ပေးအပ်သွားမယ်လို့ တရားဝင် ကြေညာထားပါတယ်။

ပရီးမီးယားလိဂ်ဟာ နှစ်တိုင်းမှာ ချန်ပီယံအသင်းတွေကို ဆုတံဆိပ် ၄၀ ပေးအပ်လေ့ရှိပြီး ကလပ်တွေက ဒီဆုကို ပြန်ခွဲရာမှာ အမြဲ လိုအပ်ချက်များလေ့ရှိတယ်။ ကလပ်တွေမှာက မှတ်ပုံတင်ကစားသမား ၂၅ ဦးအပြင် လူငယ်တွေ၊ နည်းပြအဖွဲ့နဲ့တကွ အခြားသော အရေးပါတဲ့ ဝန်ထမ်းတွေလည်း ရှိတာကြောင့် ဆုတံဆိပ်က လိုအပ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံတွေကတော့ လိဂ်ကပေးတဲ့ ဆုတံဆိပ်အပြင် နောက်ထပ် တံဆိပ်တွေကို ကိုယ်ပိုင် ပူံတူလုပ်ပြီး ဝေမျှလေ့ရှိပါတယ်။ မန်နေဂျာကလော့ပ်ကလည်း အသင်းလူစာရင်း တစ်ခုလုံး ဆုတံဆိပ်ရစေဖို့ သူကိုယ်တိုင် အော်ဒါမှာပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ကလော့ပ်က ” ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ လူစာရင်းတစ်ခုလုံးက ဘယ်လောက်တောင် အရေးကြီးသလဲဆိုတာကို မသိတဲ့ သူတွေကို ရှင်းလည်း ရှင်းပြမနေတော့ပါဘူး။ အသင်းသားတွေက တစ်ပွဲမှ မကစားရရင်တောင် ဆုတံဆိပ် ရသင့်ပါတယ်။ ဒီလူစာရင်းမှာ ပါနေတာနဲ့ကို ဆုတံဆိပ် ရရမှာပါ။

ဒုတိယဦးစားပေး ဂိုးသမားဆိုပါတော့ ပွဲနည်းနည်းပဲ ကစားရပေမယ့် သူက ဆုရသင့်တယ်။ ဘာလို့လည်းဆိုတော့ တစ်နှစ်ထဲမှာ အကြိမ်ပေါင်း ၅ သန်းလောက် သူကလည်း လေ့ကျင့်ထားရတယ်။ ဒီလို အမြင့်ဆုံး လေ့ကျင့်မှုတွေကို တွဲပြီး မလုပ်ပေးဘူးဆိုရင် ဘယ်လိုလုပ် ပရီးမီးယားလိဂ်ကို အနိုင်ရမှာလဲ။

အသင်းသားအားလုံး ဆုတံဆိပ် ရရပါမယ်။ ကျနော် ကိုယ်တိုင် လုပ်ပေးမယ်။ လူတိုင်း ဆုတံဆိပ်ရစေရမယ်လို့ အာမခံတယ်။ သူတို့ ဆုရဖို့ ထိုက်တန်ပြီး ပရီးမီးယားလိဂ်က မပေးရင်တောင် ကျနော်ထံကနေ ဆုတံဆိပ်တွေ ရကြပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ်ကတော့ အနည်းဆုံး ပွဲ ၅ ပွဲ ကစားတဲ့ ကစားသမားတွေကိုပဲ ဆုတံဆိပ်ပေးလေ့ရှိပြီး အရန်ကစားသမားတွေကို ထည့်တွက်ပေးလေ့ မရှိပါဘူး။

ZAWGYI

ပရီးမီးယားလိဂ္ဟာ ဒီရာသီ လိဂ္ခ်န္ပီယံ လီဗာပူးအသင္းကို ခ်န္ပီယံဆုတံဆိပ္ အခု ၄၀ ေပးအပ္သြားမယ္လို႔ တရားဝင္ ေၾကညာထားပါတယ္။

ပရီးမီးယားလိဂ္ဟာ ႏွစ္တုိင္းမွာ ခ်န္ပီယံအသင္းေတြကို ဆုတံဆိပ္ ၄၀ ေပးအပ္ေလ့ရွိျပီး ကလပ္ေတြက ဒီဆုကို ျပန္ခြဲရာမွာ အျမဲ လိုအပ္ခ်က္မ်ားေလ့ရွိတယ္။ ကလပ္ေတြမွာက မွတ္ပံုတင္ကစားသမား ၂၅ ဦးအျပင္ လူငယ္ေတြ၊ နည္းျပအဖြဲ႔နဲ႔တကြ အျခားေသာ အေရးပါတဲ့ ဝန္ထမ္းေတြလည္း ရွိတာေၾကာင့္ ဆုတံဆိပ္က လိုအပ္ေလ့ရွိပါတယ္။

ျပီးခဲ့တဲ့ ခ်န္ပီယံေတြကေတာ့ လိဂ္ကေပးတဲ့ ဆုတံဆိပ္အျပင္ ေနာက္ထပ္ တံဆိပ္ေတြကို ကိုယ္ပိုင္ ပံူတူလုပ္ျပီး ေဝမွ်ေလ့ရွိပါတယ္။ မန္ေနဂ်ာကေလာ့ပ္ကလည္း အသင္းလူစာရင္း တစ္ခုလံုး ဆုတံဆိပ္ရေစဖို႔ သူကိုယ္တိုင္ ေအာ္ဒါမွာေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။

ကေလာ့ပ္က ” ပရီးမီးယားလိဂ္ကို အႏုိင္ရဖို႔ လူစာရင္းတစ္ခုလံုးက ဘယ္ေလာက္ေတာင္ အေရးၾကီးသလဲဆိုတာကို မသိတဲ့ သူေတြကို ရွင္းလည္း ရွင္းျပမေနေတာ့ပါဘူး။ အသင္းသားေတြက တစ္ပြဲမွ မကစားရရင္ေတာင္ ဆုတံဆိပ္ ရသင့္ပါတယ္။ ဒီလူစာရင္းမွာ ပါေနတာနဲ႔ကို ဆုတံဆိပ္ ရရမွာပါ။

ဒုတိယဦးစားေပး ဂိုးသမားဆိုပါေတာ့ ပြဲနည္းနည္းပဲ ကစားရေပမယ့္ သူက ဆုရသင့္တယ္။ ဘာလို႔လည္းဆိုေတာ့ တစ္ႏွစ္ထဲမွာ အၾကိမ္ေပါင္း ၅ သန္းေလာက္ သူကလည္း ေလ့က်င့္ထားရတယ္။ ဒီလို အျမင့္ဆံုး ေလ့က်င့္မႈေတြကို တြဲျပီး မလုပ္ေပးဘူးဆိုရင္ ဘယ္လိုလုပ္ ပရီးမီးယားလိဂ္ကို အႏုိင္ရမွာလဲ။

အသင္းသားအားလံုး ဆုတံဆိပ္ ရရပါမယ္။ က်ေနာ္ ကိုယ္တိုင္ လုပ္ေပးမယ္။ လူတိုင္း ဆုတံဆိပ္ရေစရမယ္လို႔ အာမခံတယ္။ သူတို႔ ဆုရဖို႔ ထိုက္တန္ျပီး ပရီးမီးယားလိဂ္က မေပးရင္ေတာင္ က်ေနာ္ထံကေန ဆုတံဆိပ္ေတြ ရၾကပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ကေတာ့ အနည္းဆံုး ပြဲ ၅ ပြဲ ကစားတဲ့ ကစားသမားေတြကိုပဲ ဆုတံဆိပ္ေပးေလ့ရွိျပီး အရန္ကစားသမားေတြကို ထည့္တြက္ေပးေလ့ မရွိပါဘူး။