ဒီမနက်မှာပဲ လီဗာပူးအသင်းက ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေထဲက အတည်ပြု ကြေညာရခြင်း မရှိသေးတဲ့ အာဆင်နယ်နဲ့ ချယ်ဆီးပွဲအတွက် ပွဲနေ့ ရက်စွဲတွေကို အတည်ပြု ကြေညာလိုက်ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လက်ကျန် ပွဲစဉ်တွေထဲမှာတော့ ပွဲစဉ် ၃၅ အထိ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တိုင်းရဲ့ နေ့ရက်တွေကို အတည်ပြုထားပါပြီ။ ဒါပေမယ့် အာဆင်နယ် (အဝေး)၊ ချယ်ဆီး (အိမ်ကွင်း) နဲ့ နယူးကာဆယ် (အဝေး) ပွဲတွေကို ပွဲချိန် အတည်ပြုဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

ထပ်မံကြေညာလာတာကတော့ အာဆင်နယ်နဲ့ ချယ်ဆီးပွဲတွေအတွက်ဖြစ်ပြီး အာဆင်နယ်ပွဲက ဇူလိုင်လ ၁၅ ရက် (မြန်မာစံတော်ချိန် ဇူလိုင်လ ၁၆ ရက် နံနက် ၁း၄၅ နာရီ)၊ ချယ်ဆီးပွဲကို ဇူလိုင်လ ၂၂ ရက် (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၃ ရက် နံနက် ၁း၄၅ နာရီ) တွေမှာ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။

ချယ်ဆီးနဲ့ ယှဉ်ပြိုင်မယ့်ပွဲက ဒီရာသီ လီဗာပူးအတွက် နောက်ဆုံးသော ပရီးမီးယားလိဂ် အိမ်ကွင်းပွဲဖြစ်ပြီး အဆိုပါပွဲမှာတော့ လီဗာပူးအသင်းဟာ ပွဲအပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ကိုင်မြောက်ခွင့် ရမှာဖြစ်ပါတယ်။ တကယ်တမ်းက ဇူလိုင်လ ၁၈ ရက်နေ့မှာ ကစားရမှာဖြစ်ပေမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အက်ဖ်အေပွဲ ကစားရမှာဖြစ်လို့ ပွဲစဉ် ရွှေ့ဆိုင်းခဲ့တာပါ။

ဇူလိုင်လ ၂၃ ရက်နေ့ကတော့ လီဗာပူးသမိုင်းမှာ အထင်ကရ နေ့ရက်တစ်ခု ဖြစ်လာတော့မှာဖြစ်တယ်။ ၁၉၉၀ ခုနှစ်မှာ နောက်ဆုံးသော အမှတ်ပေးဖလားကို အောင်မြင်ပြီးနောက်ပိုင်း ရက်ပေါင်း ၁၁၀၄၀ ရက် အကြာမှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က သမိုင်းဝင် ဆုဖလားကို ကိုင်မြောက်ပေးမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ အဆိုပါ ရက်မှာ ပရိသတ်တွေကို ကွင်းအနီးနား မလာဖို့နဲ့ လူစုလူဝေးနဲ့ အောင်ပွဲခံမှုတွေကို စည်းကမ်းမဲ့စွာ မလုပ်ဖို့ တားမြစ်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။ ပရိသတ်တွေ အမျှော်လင့်ဆုံးသော နေ့ကတော့ ရောက်လာဖို့ နီးကပ်လာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

ဒီမနက္မွာပဲ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ လက္က်န္ပြဲေတြထဲက အတည္ျပဳ ေၾကညာရျခင္း မရွိေသးတဲ့ အာဆင္နယ္နဲ႔ ခ်ယ္ဆီးပြဲအတြက္ ပြဲေန႔ ရက္စြဲေတြကို အတည္ျပဳ ေၾကညာလိုက္ျပီျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ လက္က်န္ ပြဲစဥ္ေတြထဲမွာေတာ့ ပြဲစဥ္ ၃၅ အထိ ယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္တိုင္းရဲ႕ ေန႔ရက္ေတြကို အတည္ျပဳထားပါျပီ။ ဒါေပမယ့္ အာဆင္နယ္ (အေဝး)၊ ခ်ယ္ဆီး (အိမ္ကြင္း) နဲ႔ နယူးကာဆယ္ (အေဝး) ပြဲေတြကို ပြဲခ်ိန္ အတည္ျပဳဖို႔ လိုအပ္ေနေသးတာ ျဖစ္ပါတယ္။

ထပ္မံေၾကညာလာတာကေတာ့ အာဆင္နယ္နဲ႔ ခ်ယ္ဆီးပြဲေတြအတြက္ျဖစ္ျပီး အာဆင္နယ္ပြဲက ဇူလိုင္လ ၁၅ ရက္ (ျမန္မာစံေတာ္ခ်ိန္ ဇူလိုင္လ ၁၆ ရက္ နံနက္ ၁း၄၅ နာရီ)၊ ခ်ယ္ဆီးပြဲကို ဇူလိုင္လ ၂၂ ရက္ (ျမန္မာစံေတာ္ခ်ိန္ ဇူလိုင္လ ၂၃ ရက္ နံနက္ ၁း၄၅ နာရီ) ေတြမွာ ယွဥ္ျပိဳင္ကစားမွာျဖစ္တယ္။

ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္မယ့္ပြဲက ဒီရာသီ လီဗာပူးအတြက္ ေနာက္ဆံုးေသာ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲျဖစ္ျပီး အဆိုပါပြဲမွာေတာ့ လီဗာပူးအသင္းဟာ ပြဲအျပီးမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဖလားကို ကိုင္ေျမာက္ခြင့္ ရမွာျဖစ္ပါတယ္။ တကယ္တမ္းက ဇူလိုင္လ ၁၈ ရက္ေန႔မွာ ကစားရမွာျဖစ္ေပမယ့္ ဇူလိုင္လ ၁၉ ရက္ေန႔မွာ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ အက္ဖ္ေအပြဲ ကစားရမွာျဖစ္လို႔ ပြဲစဥ္ ေရႊ႔ဆိုင္းခဲ့တာပါ။

ဇူလိုင္လ ၂၃ ရက္ေန႔ကေတာ့ လီဗာပူးသမိုင္းမွာ အထင္ကရ ေန႔ရက္တစ္ခု ျဖစ္လာေတာ့မွာျဖစ္တယ္။ ၁၉၉၀ ခုႏွစ္မွာ ေနာက္ဆံုးေသာ အမွတ္ေပးဖလားကို ေအာင္ျမင္ျပီးေနာက္ပိုင္း ရက္ေပါင္း ၁၁၀၄၀ ရက္ အၾကာမွာ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က သမိုင္းဝင္ ဆုဖလားကို ကိုင္ေျမာက္ေပးမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းကေတာ့ အဆုိပါ ရက္မွာ ပရိသတ္ေတြကို ကြင္းအနီးနား မလာဖို႔နဲ႔ လူစုလူေဝးနဲ႔ ေအာင္ပြဲခံမႈေတြကို စည္းကမ္းမဲ့စြာ မလုပ္ဖို႔ တားျမစ္မႈေတြ စတင္လုပ္ေဆာင္ေနပါတယ္။ ပရိသတ္ေတြ အေမွ်ာ္လင့္ဆံုးေသာ ေန႔ကေတာ့ ေရာက္လာဖို႔ နီးကပ္လာခဲ့ျပီျဖစ္ပါတယ္။