မနေ့က ပြုလုပ်တဲ့ မဲဝုဒ်က မီဒီယာတွေ့ဆုံမှုမှာ မန်နေဂျာကလော့ပ်က ပရိသတ်တွေကို စည်းကမ်းရှိပြဖို့ စိတ်လွတ်ကိုယ်လွတ်တွေ အောင်ပွဲမခံဘဲ ကလပ်ရဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ သတိပေးခဲ့ပါတယ်။

ကလော့ပ် မတိုင်ခင်မှာ လီဗာပူးမြို့ကောင်စီရဲ့ လူထုရေးရာ ကျန်းမာရေးဒါရိုက်တာဖြစ်သူ မတ်အက်တန်က ကနဦး မေတ္တာရပ်ခံ သတိပေးစကား ပြောပါတယ်။

မတ် အက်တန်က ” အခုချိန်က ကိုယ်ဘာသာ ကျေနပ်အားရနေရမယ့် အချိန် မဟုတ်ပါဘူး။ ဒီတနင်္ဂနွေနေ့ကနေ ဒီရာသီကုန်ထိ ပါဝင်ပါတယ်။ လူတိုင်းကို နေအိမ်တွေမှာပဲနေဖို့ ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့အတူ တီဗီရှေ့မှာ ကြည့်ရှုအားပေးဖို့ပဲ မှာလိုပါတယ်။ ကျနေ်ာတို့ ဒါတွေအားလုံးပြီးရင် ပါတီအကြီးကြီး ပေးလို့ရပါတယ်။ ဒါပေမယ့် အခုကတော့ အချိန်မကျသေးပါဘူး ” လို့ အမှာပါးခဲ့တာပါ။

ကလော့ပ်ကလည်း ” ပိုကောင်းကောင်း သတိပေးမှုကို ကျနော် မလုပ်နိုင်တော့ပါဘူး။ တာဝန်ယူမှု ရှိဆဲဆိုတာ ကျနေ်ာတို့ ပြရမယ်။ နားလည်နိုင်စွမ်း ရှိမှုတွေမှာ ကျနေ်ာတို့က အကောင်းဆုံးဆိုတာ ပြရမယ်။ ကျနေ်ာတို့ ချစ်ခင်ရတဲ့ သူတွေအတွက် ဒီလို လုပ်ရမှာဖြစ်ပြီး လုပ်ကို လုပ်ရပါမယ်။

ကျနေ်ာတို့ ပရိသတ်တွေ သက်သေပြထားပြီးပါပြီ ဆက်ပြီးလည်း လုပ်ပေးကြပါ။ ဘာလို့လည်းဆိုတော့ ဒါက ကျနော်တို့ အားလုံးရဲ့ ဘဝတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ အခြေအနေတွေက နည်းနည်း ပိုကောင်းလာတဲ့ အနေအထားမှာ ရှိလာတာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျနေ်ာတို့က အတိတ်မှာ စည်းကမ်းရှိခဲ့ကြပါတယ်။ ဆက်လက်ပြီးလည်း စည်းကမ်းရှိကြဖို့ လိုပါတယ် ” လို့ မေတ္တာရပ်ခံသွားပါတယ်။

ဒီတိုက်တွန်းမှုတွေက လီဗာပူးမြို့အတွက်တင် မဟုတ်ပါဘူး။ နေရာအနှံ့က လီဗာပူးပရိသတ်တွေလည်း လိုက်နာဖို့ လိုပါတယ်။ ကိုယ်ချစ်ခင်ရသူတွေရဲ့ ဘဝတွေအတွက် စည်းကမ်းရှိပြီး ကျန်းမာရေး ညွှန်ကြားချက်တွေအောက်က လမ်းညွှန်းမှုတွေကို လိုက်နာပြီး သွားလာလှုပ်ရှားကြမယ်လို့ မျှော်လင့်ပါတယ်။

ZAWGYI

မေန႔က ျပဳလုပ္တဲ့ မဲဝုဒ္က မီဒီယာေတြ႔ဆံုမႈမွာ မန္ေနဂ်ာကေလာ့ပ္က ပရိသတ္ေတြကို စည္းကမ္းရွိျပဖို႔ စိတ္လြတ္ကိုယ္လြတ္ေတြ ေအာင္ပြဲမခံဘဲ ကလပ္ရဲ႕ ပံုရိပ္ကို ထိန္းသိမ္းဖို႔ သတိေပးခဲ့ပါတယ္။

ကေလာ့ပ္ မတိုင္ခင္မွာ လီဗာပူးျမိဳ႕ေကာင္စီရဲ႕ လူထုေရးရာ က်န္းမာေရးဒါရိုက္တာျဖစ္သူ မတ္အက္တန္က ကနဦး ေမတၱာရပ္ခံ သတိေပးစကား ေျပာပါတယ္။

မတ္ အက္တန္က ” အခုခ်ိန္က ကိုယ္ဘာသာ ေက်နပ္အားရေနရမယ့္ အခ်ိန္ မဟုတ္ပါဘူး။ ဒီတနဂၤေႏြေန႔ကေန ဒီရာသီကုန္ထိ ပါဝင္ပါတယ္။ လူတိုင္းကို ေနအိမ္ေတြမွာပဲေနဖို႔ ကိုယ္ခ်စ္ခင္ရတဲ့သူေတြနဲ႔အတူ တီဗီေရွ႔မွာ ၾကည့္ရႈအားေပးဖို႔ပဲ မွာလိုပါတယ္။ က်ေန္ာတို႔ ဒါေတြအားလံုးျပီးရင္ ပါတီအၾကီးၾကီး ေပးလို႔ရပါတယ္။ ဒါေပမယ့္ အခုကေတာ့ အခ်ိန္မက်ေသးပါဘူး ” လို႔ အမွာပါးခဲ့တာပါ။

ကေလာ့ပ္ကလည္း ” ပိုေကာင္းေကာင္း သတိေပးမႈကို က်ေနာ္ မလုပ္ႏုိင္ေတာ့ပါဘူး။ တာဝန္ယူမႈ ရွိဆဲဆိုတာ က်ေန္ာတုိ႔ ျပရမယ္။ နားလည္ႏုိင္စြမ္း ရွိမႈေတြမွာ က်ေန္ာတို႔က အေကာင္းဆံုးဆိုတာ ျပရမယ္။ က်ေန္ာတို႔ ခ်စ္ခင္ရတဲ့ သူေတြအတြက္ ဒီလို လုပ္ရမွာျဖစ္ျပီး လုပ္ကို လုပ္ရပါမယ္။

က်ေန္ာတို႔ ပရိသတ္ေတြ သက္ေသျပထားျပီးပါျပီ ဆက္ျပီးလည္း လုပ္ေပးၾကပါ။ ဘာလို႔လည္းဆိုေတာ့ ဒါက က်ေနာ္တို႔ အားလံုးရဲ႕ ဘဝေတြအတြက္ အၾကီးမားဆံုး စိန္ေခၚမႈပဲ ျဖစ္ပါတယ္။ အေျခအေနေတြက နည္းနည္း ပိုေကာင္းလာတဲ့ အေနအထားမွာ ရွိလာတာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔က အတိတ္မွာ စည္းကမ္းရွိခဲ့ၾကပါတယ္။ ဆက္လက္ျပီးလည္း စည္းကမ္းရွိၾကဖို႔ လိုပါတယ္ ” လို႔ ေမတၱာရပ္ခံသြားပါတယ္။

ဒီတိုက္တြန္းမႈေတြက လီဗာပူးျမိဳ႔အတြက္တင္ မဟုတ္ပါဘူး။ ေနရာအႏွံ႔က လီဗာပူးပရိသတ္ေတြလည္း လိုက္နာဖုိ႔ လိုပါတယ္။ ကိုယ္ခ်စ္ခင္ရသူေတြရဲ႕ ဘဝေတြအတြက္ စည္းကမ္းရွိျပီး က်န္းမာေရး ညႊန္ၾကားခ်က္ေတြေအာက္က လမ္းညႊန္းမႈေတြကို လိုက္နာျပီး သြားလာလႈပ္ရွားၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။