စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ဂန်းနားဟောင်းကြီး ချာလီနီကိုးလက်စ်က ဒီရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆု အနိုင်ရသင့်သူကို ထင်မြင်ချက် ပေးသွားခဲ့ပါတယ်။

သူက စကိုင်းစပေါ့မှာ သတင်းကြီးတစ်ခုကို ရေးခဲ့တာဖြစ်ပြီး ဒီဘရိုင်းနဲ့ မာနေးကြား လိဂ်ရဲ့ အကောင်းဆုံးဆု ဘယ်သူရသင့်သလဲဆိုတဲ့ အမြင်လည်း ပါဝင်ခဲ့တာပါ။

ချာလီ နီကိုးလက်စ်က ” လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဒီဘရိုင်းက ဘယ်လောက်တောင် ကောင်းခဲ့လဲဗျာ။ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုအတွက် သူနဲ့ မာနေးတို့ကို ကျနော် ချိန်ထိုးကြည့်တဲ့အခါ ဒီဘရိုင်းက အဝေးကြီးကို သာလွန်လွန်းပါတယ်။

ဒီလိုပြောတာက မာနေးကို မလေးစားတဲ့ အပြောလည်း ဖြစ်ရင် ဖြစ်သွားနိုင်ပါတယ်။ မာနေးကလည်း ဒီရာသီမှာ သိပ်ကောင်းနေတာပါ။ သူ့ရဲ့ ဘောလုံးထိချက်တွေ၊ အမြင်တွေ၊ လှုပ်ရှားမှုတွေက မယုံနိုင်လောက်အောင်ပါပဲ။ ထိပ်တန်း ကစားသမားအဖြစ် အရည်အချင်းကောင်းတွေ အားလုံးကို ပိုင်ဆိုင်ထားတာဖြစ်တယ်။

ဒီဘရိုင်း ဘယ်လောက် ကောင်းသလဲဆိုတာ လီဗာပူးလည်း သိပါတယ်။ ဒီဘရိုင်းက အရမ်းကို ကောင်းမွန်ပြီး သူကစားတာကို ကြည့်နေရတာကိုက သိပ်ကျေနပ်ဖို့ ကောင်းလွန်းနေပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီဘရိုင်းဟာ ဒီရာသီမှာ ကိုယ်တိုင် ၁၁ ဂိုးသွင်းပြိး ဂိုးထောက်ပံ့မှု ၁၇ ကြိမ်ထိ လုပ်ထားသူဖြစ်တယ်။ သူဟာ မန်စီးတီးအသင်းရဲ့ အသက်သွေးကြောလို့လည်း ပြောနိုင်သူဖြစ်ပါတယ်။

မာနေးကလည်း ဒီရာသီမှာ သွင်းဂိုး ၁၅ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားသူပါ။ လီဗာပူးအသင်း နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို အောင်နိုင်စေမှုရဲ့ အဓိက ကစားသမားလည်း ဖြစ်ပါတယ်။

ရာသီကုန်မှာ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆုကို ဘယ်သူရမလဲ မသေချာသေးပေမယ့် အဆိုပါ ဆုကိုတော့ ဟန်ဒါဆန်၊ မာနေးနဲ့ ဒီဘရိုင်းတို့က အဓိက ရေပန်းစားနေတာ ဖြစ်ပါတယ်။

ZAWGYI

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ဂန္းနားေဟာင္းၾကီး ခ်ာလီနီကိုးလက္စ္က ဒီရာသီ ပရီးမီးယားလိဂ္ တစ္နွစ္တာ အေကာင္းဆံုးဆု အႏုိင္ရသင့္သူကို ထင္ျမင္ခ်က္ ေပးသြားခဲ့ပါတယ္။

သူက စကိုင္းစေပါ့မွာ သတင္းၾကီးတစ္ခုကို ေရးခဲ့တာျဖစ္ျပီး ဒီဘရိုင္းနဲ႔ မာေနးၾကား လိဂ္ရဲ႕ အေကာင္းဆံုးဆု ဘယ္သူရသင့္သလဲဆိုတဲ့ အျမင္လည္း ပါဝင္ခဲ့တာပါ။

ခ်ာလီ နီကိုးလက္စ္က ” လီဗာပူးကို ရင္ဆုိင္ကစားတဲ့ပြဲမွာ ဒီဘရိုင္းက ဘယ္ေလာက္ေတာင္ ေကာင္းခဲ့လဲဗ်ာ။ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုးဆုအတြက္ သူနဲ႔ မာေနးတို႔ကို က်ေနာ္ ခ်ိန္ထိုးၾကည့္တဲ့အခါ ဒီဘရိုင္းက အေဝးၾကီးကို သာလြန္လြန္းပါတယ္။

ဒီလိုေျပာတာက မာေနးကို မေလးစားတဲ့ အေျပာလည္း ျဖစ္ရင္ ျဖစ္သြားႏုိင္ပါတယ္။ မာေနးကလည္း ဒီရာသီမွာ သိပ္ေကာင္းေနတာပါ။ သူ႔ရဲ႕ ေဘာလံုးထိခ်က္ေတြ၊ အျမင္ေတြ၊ လႈပ္ရွားမႈေတြက မယံုႏုိင္ေလာက္ေအာင္ပါပဲ။ ထိပ္တန္း ကစားသမားအျဖစ္ အရည္အခ်င္းေကာင္းေတြ အားလံုးကို ပိုင္ဆိုင္ထားတာျဖစ္တယ္။

ဒီဘရိုင္း ဘယ္ေလာက္ ေကာင္းသလဲဆိုတာ လီဗာပူးလည္း သိပါတယ္။ ဒီဘရိုင္းက အရမ္းကို ေကာင္းမြန္ျပီး သူကစားတာကို ၾကည့္ေနရတာကိုက သိပ္ေက်နပ္ဖို႔ ေကာင္းလြန္းေနပါျပီ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီဘရိုင္းဟာ ဒီရာသီမွာ ကိုယ္တိုင္ ၁၁ ဂိုးသြင္းျပိး ဂိုးေထာက္ပံ့မႈ ၁၇ ၾကိမ္ထိ လုပ္ထားသူျဖစ္တယ္။ သူဟာ မန္စီးတီးအသင္းရဲ႕ အသက္ေသြးေၾကာလို႔လည္း ေျပာႏုိင္သူျဖစ္ပါတယ္။

မာေနးကလည္း ဒီရာသီမွာ သြင္းဂိုး ၁၅ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ လုပ္ထားသူပါ။ လီဗာပူးအသင္း ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို ေအာင္ႏုိင္ေစမႈရဲ႕ အဓိက ကစားသမားလည္း ျဖစ္ပါတယ္။

ရာသီကုန္မွာ ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမားဆုကို ဘယ္သူရမလဲ မေသခ်ာေသးေပမယ့္ အဆိုပါ ဆုကိုေတာ့ ဟန္ဒါဆန္၊ မာေနးနဲ႔ ဒီဘရိုင္းတို႔က အဓိက ေရပန္းစားေနတာ ျဖစ္ပါတယ္။