လီဗာပူးကွင်းလယ်လူ မီလ်နာဟာ ဒီအပတ်မှာတော့ သူ့ရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ အက်စတွန်ဗီလာကို ပြန်လည် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

အသင်းဟောင်းနဲ့ ပွဲကြိုမှာ မီလ်နာက မန်နေဂျာဟောင်း ရော်ဂျာလက်ထက်ကနေ ကလော့ပ်လက်ထက် ပြောင်းလဲလာတဲ့ လီဗာပူးရဲ့ ပုံစံကို စကိုင်းစပေါ့ကနေ ပြောပြမှု လုပ်ခဲ့သေးတယ်။ အဆိုပါ ပြောဆိုမှုမှာတော့ ဘောလုံးပေးမှုကို အသားပေးတဲ့ ဘရန်ဒန် ရော်ဂျာရဲ့ နည်းစနစ်ကနေ ဖိအားပေးမှုကို အသားပေးတဲ့ ကလော့ပ်လက်ထက် နည်းစနစ် အပြောင်းအလဲအကြောင်းလဲ ပါခဲ့ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာမှာ ကလော့ပ် လီဗာပူးကို ဝင်ရောက်လာပြီးနောက် ပြင်းထန်လွန်းတဲ့ လေ့ကျင့်ရေးက အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အရမ်းများစေခဲ့ပြီး တစ်သင်းလုံးက မန်နေဂျာရဲ့ လေ့ကျင့်ရေးကြီးတွေကို ပြာယာခတ်စွာ လိုက်မှီဖို့ ကြိုးစားခဲ့ရမှုကို မီလ်နာက ပြောပြခဲ့တယ်။

မီလ်နာက “ ပထမဆုံးသော လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကျနေ်ာတို့ လုပ်ဆောင်ရတာတွေက သိပ်ကို ကြီးမားလွန်းပါတယ်။ အဲ့အပေါ် အသားကျဖို့ လုပ်ခဲ့ပြီး လေ့ကျင့်ရေးတွေ ပြင်းထန်တာကြောင့် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အများကြီး ဖြစ်ခဲ့တယ်။ လူတွေက “မင်းတို့ အဲ့နည်းလမ်းတွေနဲ့ လေ့ကျင့်နေလို့ မရဘူး” လို့တောင် ကျနေ်ာတို့ကို သတိပေးခဲ့ရတယ်။။

ကျနေ်ာတို့အတွက်ကလည်း မန်နေဂျာရဲ့ နည်းလမ်းတွေကို လိုက်နာနိုင်ဖို့ လိုအပ်ခဲ့တာပေါ့။ မန်နေဂျာကလော့ပ် လက်ထက် ပထမဆုံး ယှဉ်ပြိုင်ကစားရတဲ့ စပါးနဲ့ပွဲမှာ ပွဲတန်ပိုနဲ့ စိတ်ဓါတ်ပိုင်တွေးကို အားလုံးလည်း မြင်ကြမှာပါ။ အဲ့တာက တကယ်ကို ကွာခြားလွန်းတာပါ။ ဘရန်ဒန်ရော်ဂျာလက်ထက် ကျနေ်ာတို့ ကစားခဲ့သလို ခပ်ဖြေးဖြေးနဲ့ ကစားရတာမျိုး မဟုတ်ပါဘူး။

ခရီးတစ်ခုက စတင်ခဲ့ရပြီး မန်နေဂျာ ကစားခိုင်းတဲ့အတိုင်း ကစားနိုင်ဖို့ လုပ်ဆောင်ခဲ့ရတယ်။ ဖြည်းဖြည်းချင်း ကျနေ်ာတို့ ကစားလာနိုင်တယ်။ တစ်ပတ်နဲ့ တစ်ပတ် ကစားနိုင်စွမ်းတွေက ကွာခြားလာခဲ့တယ်။ တိုးတက်မှုတွေ ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ စွမ်းဆောင်ရည် တည်ငြိမ်လာခဲ့ပါတယ်။ ထပ်ပြီးလည်း ပွဲကို အရေးမသာရင်တောင်မှ ဘယ်လို ကစားကစား နိုင်ဖို့နဲ့ အသင်းအနေနဲ့ ပိုပြည့်စုံလာဖို့ ကြိုးစားခဲ့ရပါတယ် ” လို့ ရှင်းပြသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ မီလ္နာဟာ ဒီအပတ္မွာေတာ့ သူ႔ရဲ႕ အသင္းေဟာင္း တစ္သင္းျဖစ္တဲ့ အက္စတြန္ဗီလာကို ျပန္လည္ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

အသင္းေဟာင္းနဲ႔ ပြဲၾကိဳမွာ မီလ္နာက မန္ေနဂ်ာေဟာင္း ေရာ္ဂ်ာလက္ထက္ကေန ကေလာ့ပ္လက္ထက္ ေျပာင္းလဲလာတဲ့ လီဗာပူးရဲ႕ ပံုစံကို စကိုင္းစေပါ့ကေန ေျပာျပမႈ လုပ္ခဲ့ေသးတယ္။ အဆုိပါ ေျပာဆိုမႈမွာေတာ့ ေဘာလံုးေပးမႈကို အသားေပးတဲ့ ဘရန္ဒန္ ေရာ္ဂ်ာရဲ႕ နည္းစနစ္ကေန ဖိအားေပးမႈကို အသားေပးတဲ့ ကေလာ့ပ္လက္ထက္ နည္းစနစ္ အေျပာင္းအလဲအေၾကာင္းလဲ ပါခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာမွာ ကေလာ့ပ္ လီဗာပူးကို ဝင္ေရာက္လာျပီးေနာက္ ျပင္းထန္လြန္းတဲ့ ေလ့က်င့္ေရးက အသင္းမွာ ဒဏ္ရာရ ကစားသမားေတြ အရမ္းမ်ားေစခဲ့ျပီး တစ္သင္းလံုးက မန္ေနဂ်ာရဲ႕ ေလ့က်င့္ေရးၾကီးေတြကို ျပာယာခတ္စြာ လိုက္မွီဖို႔ ၾကိဳးစားခဲ့ရမႈကို မီလ္နာက ေျပာျပခဲ့တယ္။

မီလ္နာက “ ပထမဆံုးေသာ ေလ့က်င့္ေရး အစီအစဥ္ေတြမွာ က်ေန္ာတို႔ လုပ္ေဆာင္ရတာေတြက သိပ္ကို ၾကီးမားလြန္းပါတယ္။ အဲ့အေပၚ အသားက်ဖို႔ လုပ္ခဲ့ျပီး ေလ့က်င့္ေရးေတြ ျပင္းထန္တာေၾကာင့္ အသင္းမွာ ဒဏ္ရာရ ကစားသမားေတြ အမ်ားၾကီး ျဖစ္ခဲ့တယ္။ လူေတြက “မင္းတို႔ အဲ့နည္းလမ္းေတြနဲ႔ ေလ့က်င့္ေနလို႔ မရဘူး” လို႔ေတာင္ က်ေန္ာတို႔ကို သတိေပးခဲ့ရတယ္။။

က်ေန္ာတို႔အတြက္ကလည္း မန္ေနဂ်ာရဲ႕ နည္းလမ္းေတြကို လိုက္နာႏုိင္ဖို႔ လိုအပ္ခဲ့တာေပါ့။ မန္ေနဂ်ာကေလာ့ပ္ လက္ထက္ ပထမဆံုး ယွဥ္ျပိဳင္ကစားရတဲ့ စပါးနဲ႔ပြဲမွာ ပြဲတန္ပိုနဲ႔ စိတ္ဓါတ္ပိုင္ေတြးကို အားလံုးလည္း ျမင္ၾကမွာပါ။ အဲ့တာက တကယ္ကို ကြာျခားလြန္းတာပါ။ ဘရန္ဒန္ေရာ္ဂ်ာလက္ထက္ က်ေန္ာတို႔ ကစားခဲ့သလို ခပ္ေျဖးေျဖးနဲ႔ ကစားရတာမ်ိဳး မဟုတ္ပါဘူး။

ခရီးတစ္ခုက စတင္ခဲ့ရျပီး မန္ေနဂ်ာ ကစားခိုင္းတဲ့အတိုင္း ကစားႏုိင္ဖို႔ လုပ္ေဆာင္ခဲ့ရတယ္။ ျဖည္းျဖည္းခ်င္း က်ေန္ာတို႔ ကစားလာႏုိင္တယ္။ တစ္ပတ္နဲ႔ တစ္ပတ္ ကစားႏုိင္စြမ္းေတြက ကြာျခားလာခဲ့တယ္။ တိုးတက္မႈေတြ ျဖစ္လာခဲ့ျပီး ေနာက္ပိုင္းမွာ စြမ္းေဆာင္ရည္ တည္ျငိမ္လာခဲ့ပါတယ္။ ထပ္ျပီးလည္း ပြဲကို အေရးမသာရင္ေတာင္မွ ဘယ္လို ကစားကစား ႏုိင္ဖို႔နဲ႔ အသင္းအေနနဲ႔ ပိုျပည့္စံုလာဖို႔ ၾကိဳးစားခဲ့ရပါတယ္ ” လို႔ ရွင္းျပသြားခဲ့ပါတယ္။