အက်စတွန်ဗီလာနဲ့ ပွဲမှာ မန်နေဂျာကလော့ပ်က အဓိက လူစာရင်းနဲ့ အရန်စာရင်းကို အပြောင်းအလဲ လုပ်လိုတယ်လို့ အသံထွက်လာပါတယ်။

မာဆေးဆိုဒ်သတင်းဌာနကတော့ မန်နေဂျာကလော့ပ်ဟာ အဓိက ကစားသမားတွေကို ရာသီသိမ်း ပွဲတွေအတွက် ခေတ္တအနားပေးတာတွေလုပ်ပြီး လူငယ်တွေနဲ့ အရန်ကစားသမားတွေကို နေရာပေးမှု စတင်လိုနေတယ်လို့ ဖော်ပြလာကြတယ်။

ခံစစ်ပိုင်း ပြောင်းလဲမှု

မာတစ်နဲ့ လိုဗရန် ဒဏ်ရာ မသေချာတာကြောင့် မန်နေဂျာကလော့ပ်က ခံစစ်ပိုင်းကို စီမံဖို့ ကြိုးစားနေပါတယ်။ မန်စီးတီးပွဲမှာ ဖာဘင်ညိုကို ဗဟိုခံစစ်မှူးနေရာ ပြောင်းကစားစေခဲ့ပြီး တူညီတဲ့ လုပ်ဆောင်မှုတွေကို ထပ်ပြီး လုပ်နိုင်ပါတယ်။

ဒါပေမယ့် မန်နေဂျာကလော့ပ် အဓိက စဉ်းစားနေတာက အစွန်ပိုင်းကိုဖြစ်တယ်။ ထရန့်နဲ့ ရော်ဘတ်ဆန်ကို အနားပေးပြီး နီကိုးနဲ့ မီလ်နာတို့ကို အစားဝင်စေဖို့ ဖြစ်ပါတယ်။ နီကိုးက ပွဲထွက်ခွင့်တွေ စရနေပြီး ခြေစွမ်းလည်း မဆိုးတာကြောင့် သူ့ကို ပွဲထွက်လူစာရင်းကနေ ထုတ်သုံးဖို့ စဉ်းစားနေတာပါ။ ဒါ့အပြင် အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်တဲ့ပွဲမှာ မီလ်နာကိုလည်း ထည့်လိုနေပါတယ်။

ကွင်းလယ် အပြောင်းအလဲ

အီသီဟတ်မှာ ခြေစွမ်း မကောင်းခဲ့ပေမယ့် လူစားလဲမှုမှာ အကောင်းမြင်စရာတွေ မြင်ခဲ့ရတယ်။ ကီတာ၊ ချိန်ဘာလိန်နဲ့ ကားတစ်ဂျူံးတို့ကို နေရာပေးဖို့ ကလော့ပ်က စဉ်စားနေပြီး မန်စီးတီးနဲ့ပွဲမှာ ထုတ်ခဲ့တဲ့ ကွင်းလယ်ပိုင်းကို အပြောင်းအလဲ လုပ်ဖို့ စဉ်းစားထားပါတယ်။

တိုက်စစ်

မန်စီးတီးပွဲမှာ ဆာလက် ခြေစွမ်း မဆိုးပေမယ့် ကျန်တဲ့ တိုက်စစ်သမား နှစ်ဦးက ပုံမှန်ခြေစွမ်းအောက် ရောက်ခဲ့ပါတယ်။ ကလေ့ပ်က အိုရီဂီနဲ့ မီနာမီနို အတွဲကို ဆာလက်နဲ့ တွဲဘက်ပေးဖို့အပြင် ချိန်ဘာလိန်ကို တောင်ပံတိုက်စစ်နေရာ သုံးဖို့လည်း ရည်ရွယ်လာတယ်လို့ သိရတယ်။ အရန်စာရင်းမှာ အီလီယော့ကို ထည့်သွားဖို့ရှိပြီး ရှာကွီရီကိုလည်း အရန်စာရင်းမှာ ပြန်ထည့်ဖို့ စောင့်ကြည့်နေပါတယ်။

ZAWGYI

အက္စတြန္ဗီလာနဲ႔ ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က အဓိက လူစာရင္းနဲ႔ အရန္စာရင္းကို အေျပာင္းအလဲ လုပ္လိုတယ္လို႔ အသံထြက္လာပါတယ္။

မာေဆးဆိုဒ္သတင္းဌာနကေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ အဓိက ကစားသမားေတြကို ရာသီသိမ္း ပြဲေတြအတြက္ ေခတၱအနားေပးတာေတြလုပ္ျပီး လူငယ္ေတြနဲ႔ အရန္ကစားသမားေတြကို ေနရာေပးမႈ စတင္လိုေနတယ္လို႔ ေဖာ္ျပလာၾကတယ္။

ခံစစ္ပိုင္း ေျပာင္းလဲမႈ

မာတစ္နဲ႔ လိုဗရန္ ဒဏ္ရာ မေသခ်ာတာေၾကာင့္ မန္ေနဂ်ာကေလာ့ပ္က ခံစစ္ပိုင္းကို စီမံဖို႔ ၾကိဳးစားေနပါတယ္။ မန္စီးတီးပြဲမွာ ဖာဘင္ညိဳကို ဗဟိုခံစစ္မွဴးေနရာ ေျပာင္းကစားေစခဲ့ျပီး တူညီတဲ့ လုပ္ေဆာင္မႈေတြကို ထပ္ျပီး လုပ္ႏုိင္ပါတယ္။

ဒါေပမယ့္ မန္ေနဂ်ာကေလာ့ပ္ အဓိက စဥ္းစားေနတာက အစြန္ပိုင္းကိုျဖစ္တယ္။ ထရန္႔နဲ႔ ေရာ္ဘတ္ဆန္ကို အနားေပးျပီး နီကိုးနဲ႔ မီလ္နာတို႔ကို အစားဝင္ေစဖို႔ ျဖစ္ပါတယ္။ နီကိုးက ပြဲထြက္ခြင့္ေတြ စရေနျပီး ေျခစြမ္းလည္း မဆိုးတာေၾကာင့္ သူ႔ကို ပြဲထြက္လူစာရင္းကေန ထုတ္သံုးဖို႔ စဥ္းစားေနတာပါ။ ဒါ့အျပင္ အသင္းေဟာင္းနဲ႔ ျပန္ရင္ဆိုင္တဲ့ပြဲမွာ မီလ္နာကိုလည္း ထည့္လိုေနပါတယ္။

ကြင္းလယ္ အေျပာင္းအလဲ

အီသီဟတ္မွာ ေျခစြမ္း မေကာင္းခဲ့ေပမယ့္ လူစားလဲမႈမွာ အေကာင္းျမင္စရာေတြ ျမင္ခဲ့ရတယ္။ ကီတာ၊ ခ်ိန္ဘာလိန္နဲ႔ ကားတစ္ဂ်ံဴးတို႔ကို ေနရာေပးဖို႔ ကေလာ့ပ္က စဥ္စားေနျပီး မန္စီးတီးနဲ႔ပြဲမွာ ထုတ္ခဲ့တဲ့ ကြင္းလယ္ပိုင္းကို အေျပာင္းအလဲ လုပ္ဖို႔ စဥ္းစားထားပါတယ္။

တိုက္စစ္

မန္စီးတီးပြဲမွာ ဆာလက္ ေျခစြမ္း မဆိုးေပမယ့္ က်န္တဲ့ တိုက္စစ္သမား ႏွစ္ဦးက ပံုမွန္ေျခစြမ္းေအာက္ ေရာက္ခဲ့ပါတယ္။ ကေလ့ပ္က အိုရီဂီနဲ႔ မီနာမီႏို အတြဲကို ဆာလက္နဲ႔ တြဲဘက္ေပးဖို႔အျပင္ ခ်ိန္ဘာလိန္ကို ေတာင္ပံတိုက္စစ္ေနရာ သံုးဖို႔လည္း ရည္ရြယ္လာတယ္လို႔ သိရတယ္။ အရန္စာရင္းမွာ အီလီေယာ့ကို ထည့္သြားဖို႔ရွိျပီး ရွာကီြရီကိုလည္း အရန္စာရင္းမွာ ျပန္ထည့္ဖို႔ ေစာင့္ၾကည့္ေနပါတယ္။