အက်စတွန်ဗီလာနဲ့ ပွဲမှာ မန်နေဂျာကလော့ပ်က အဓိက လူစာရင်းနဲ့ အရန်စာရင်းကို အပြောင်းအလဲ လုပ်လိုပြီး ကီတာနဲ့ ချိန်ဘာလိန်ကိုပါ နေရာပေးလိုနေတယ်လို့ အသံထွက်လာပါတယ်။

လီဗာပူးက အယ်ကန်တာရာကို ၄ နှစ်စာချုပ်ဖြင့် ခေါ်ယူပြီး တစ်နှစ်ကို ယူရို ၈ သန်းပေးဖို့ သဘောတူညီမှု ရခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ ပုဂ္ဂိုလ်ရေးသဘောတူညီမှု အရင်ရယူတာဖြစ်ပြီး ဘိုင်ယန်မြူနစ်နဲ့ ယူရို သန်း ၃၀ + ယူရို ၅ သန်း ဖြင့် လာမယ့် ရက်ပိုင်းအတွင်း ကမ်းလှမ်းမယ်လို့ သိရပါတယ်။

ကလော့ပ်က ” အကောင်းဆုံး ကစားသမားတွေထဲ လူငယ်တွေ ပါနိုင်ရင် သူတို့ ကွင်းထဲကို ခြေချခွင့် ရပါမယ်။ သူတို့က သိပ်နီးစပ်နေပါတယ်။ ခရစ္စမတ် လက်ဆောင်ပေးသလို ပရီးမီးယားလိဂ်ပွဲတွေ မင်းတို့ ကစားကွာဆိုပြီး သူတို့ကို ပွဲထွက်ခွင့်တွေ ပေးလိုက်လို့ မရပါဘူး ” လို့ ကလော့ပ်က ရှင်းပြခဲ့ပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ ချယ်ဆီးနဲ့ ယှဉ်ပြိုင်မယ့်ပွဲက လီဗာပူးအတွက် နောက်ဆုံးသော ပရီးမီးယားလိဂ် အိမ်ကွင်းပွဲဖြစ်ပြီး အဆိုပါပွဲမှာ ပွဲအပြီးမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ကိုင်မြောက်ခွင့် ရမှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာမှာ ကလော့ပ် လီဗာပူးကို ဝင်ရောက်လာပြီးနောက် ပြင်းထန်လွန်းတဲ့ လေ့ကျင့်ရေးက အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ အရမ်းများစေခဲ့ပြီး တစ်သင်းလုံးက မန်နေဂျာရဲ့ လေ့ကျင့်ရေးကြီးတွေကို ပြာယာခတ်စွာ လိုက်မှီဖို့ ကြိုးစားခဲ့ရမှုကို မီလ်နာက ပြောပြခဲ့တယ်။

ပရီးမီးယားလိဂ်ဟာ ဒီရာသီ လိဂ်ချန်ပီယံ လီဗာပူးအသင်းကို ချန်ပီယံဆုတံဆိပ် အခု ၄၀ ပေးအပ်သွားမယ်လို့ တရားဝင် ကြေညာထားပြီး ကလော့ပ်ကတော့ ဆုမရတဲ့ အသင်းသားတိုင်းကို သူကိုယ်တိုင် ဆုတံဆိပ်တွေ လုပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

မနေ့က ပြုလုပ်တဲ့ မဲဝုဒ်က မီဒီယာတွေ့ဆုံမှုမှာ လီဗာပူးမြို့ကောင်စီရဲ့ လူထုရေးရာ ကျန်းမာရေးဒါရိုက်တာဖြစ်သူ မတ်အက်တန်က လီဗာပူးပရိသတ်တွေကို စည်းကမ်းရှိပြဖို့ ကနဦး မေတ္တာရပ်ခံ သတိပေးစကား ပြောပါတယ်။

စကိုင်းစပေါ့မှ အားကစားသုံးသပ်သူ ဂန်းနားဟောင်းကြီး ချာလီနီကိုးလက်စ်က ဒီရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးဆုကို မာနေးထက် မန်စီးတီးမှ ဒီဘရိုင်း ရဖို့ကိုပဲ ပိုမို အလိုရှိတယ်လို့ ပြောဆိုပါတယ်။

ဘိုင်ယန်ဘက်ကး ကွင်းလယ်လူ သီယေဂိုဟာ ၎င်းတို့ အသင်းကနေ ထွက်ခွာလိုနေတယ်လို့ ဝန်ခံလိုက်ပါတယ်။ စာချုပ်သစ်ပေးဖို့ ကြိုးစားပေမယ့်လည်း ကစားသမားက စိတ်ဝင်စားခြင်း မရှိတော့ဘူးလို့ ပြောပါတယ်။

မီလ်နာက သူ့ရဲ့ အသင်းဟောင်း လိဒ်အသင်း လာမယ့်ရာသီ တန်းတက်လာနိုင်ပေမယ့်လည်း လီဗာပူးကို စွန့်ပြီး ငယ်မွေးခြံပေါက်အသင်းထံ ပြောင်းသွားဖို့ မဖြစ်နိုင်တဲ့အကြောင်း ဝန်ခံသွားပါတယ်။

ZAWGYI

အက္စတြန္ဗီလာနဲ႔ ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က အဓိက လူစာရင္းနဲ႔ အရန္စာရင္းကို အေျပာင္းအလဲ လုပ္လိုျပီး ကီတာနဲ႔ ခ်ိန္ဘာလိန္ကိုပါ ေနရာေပးလိုေနတယ္လို႔ အသံထြက္လာပါတယ္။

လီဗာပူးက အယ္ကန္တာရာကို ၄ ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူၿပီး တစ္ႏွစ္ကို ယူ႐ို ၈ သန္းေပးဖို႔ သေဘာတူညီမႈ ရခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။ ပုဂၢိဳလ္ေရးသေဘာတူညီမႈ အရင္ရယူတာျဖစ္ၿပီး ဘိုင္ယန္ျမဴနစ္နဲ႔ ယူ႐ို သန္း ၃၀ + ယူ႐ို ၅ သန္း ျဖင့္ လာမယ့္ ရက္ပိုင္းအတြင္း ကမ္းလွမ္းမယ္လို႔ သိရပါတယ္။

ကေလာ့ပ္က ” အေကာင္းဆံုး ကစားသမားေတြထဲ လူငယ္ေတြ ပါႏုိင္ရင္ သူတို႔ ကြင္းထဲကို ေျခခ်ခြင့္ ရပါမယ္။ သူတို႔က သိပ္နီးစပ္ေနပါတယ္။ ခရစၥမတ္ လက္ေဆာင္ေပးသလို ပရီးမီးယားလိဂ္ပြဲေတြ မင္းတို႔ ကစားကြာဆိုျပီး သူတို႔ကို ပြဲထြက္ခြင့္ေတြ ေပးလိုက္လို႔ မရပါဘူး ” လို႔ ကေလာ့ပ္က ရွင္းျပခဲ့ပါတယ္။

ဇူလိုင္လ ၂၂ ရက္ေန႔ ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္မယ့္ပြဲက လီဗာပူးအတြက္ ေနာက္ဆံုးေသာ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲျဖစ္ျပီး အဆိုပါပြဲမွာ ပြဲအျပီးမွာ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံဖလားကို ကိုင္ေျမာက္ခြင့္ ရမွာျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာမွာ ကေလာ့ပ္ လီဗာပူးကို ဝင္ေရာက္လာျပီးေနာက္ ျပင္းထန္လြန္းတဲ့ ေလ့က်င့္ေရးက အသင္းမွာ ဒဏ္ရာရ ကစားသမားေတြ အရမ္းမ်ားေစခဲ့ျပီး တစ္သင္းလံုးက မန္ေနဂ်ာရဲ႕ ေလ့က်င့္ေရးၾကီးေတြကို ျပာယာခတ္စြာ လိုက္မွီဖို႔ ၾကိဳးစားခဲ့ရမႈကို မီလ္နာက ေျပာျပခဲ့တယ္။

ပရီးမီးယားလိဂ္ဟာ ဒီရာသီ လိဂ္ခ်န္ပီယံ လီဗာပူးအသင္းကို ခ်န္ပီယံဆုတံဆိပ္ အခု ၄၀ ေပးအပ္သြားမယ္လို႔ တရားဝင္ ေၾကညာထားျပီး ကေလာ့ပ္ကေတာ့ ဆုမရတဲ့ အသင္းသားတိုင္းကို သူကိုယ္တိုင္ ဆုတံဆိပ္ေတြ လုပ္ေပးမယ္လို႔ ေၾကညာလိုက္ပါတယ္။

မေန႔က ျပဳလုပ္တဲ့ မဲဝုဒ္က မီဒီယာေတြ႔ဆံုမႈမွာ လီဗာပူးျမိဳ႕ေကာင္စီရဲ႕ လူထုေရးရာ က်န္းမာေရးဒါရိုက္တာျဖစ္သူ မတ္အက္တန္က လီဗာပူးပရိသတ္ေတြကို စည္းကမ္းရွိျပဖို႔ ကနဦး ေမတၱာရပ္ခံ သတိေပးစကား ေျပာပါတယ္။

စကိုင္းစေပါ့မွ အားကစားသံုးသပ္သူ ဂန္းနားေဟာင္းၾကီး ခ်ာလီနီကိုးလက္စ္က ဒီရာသီ ပရီးမီးယားလိဂ္ တစ္နွစ္တာ အေကာင္းဆံုးဆုကို မာေနးထက္ မန္စီးတီးမွ ဒီဘရိုင္း ရဖို႔ကိုပဲ ပိုမို အလိုရွိတယ္လို႔ ေျပာဆိုပါတယ္။

ဘိုင္ယန္ဘက္ကး ကြင္းလယ္လူ သီေယဂိုဟာ ၄င္းတို႔ အသင္းကေန ထြက္ခြာလိုေနတယ္လို႔ ဝန္ခံလိုက္ပါတယ္။ စာခ်ဳပ္သစ္ေပးဖို႔ ၾကိဳးစားေပမယ့္လည္း ကစားသမားက စိတ္ဝင္စားျခင္း မရွိေတာ့ဘူးလို႔ ေျပာပါတယ္။

မီလ္နာက သူ႔ရဲ႕ အသင္းေဟာင္း လိဒ္အသင္း လာမယ့္ရာသီ တန္းတက္လာႏုိင္ေပမယ့္လည္း လီဗာပူးကို စြန္႔ျပီး ငယ္ေမြးျခံေပါက္အသင္းထံ ေျပာင္းသြားဖို႔ မျဖစ္ႏုိင္တဲ့အေၾကာင္း ဝန္ခံသြားပါတယ္။