လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရမယ်လို့ သူထင်တဲ့ အသင်း နှစ်သင်းကို ထုတ်ပြောလိုက်ပါတယ်။

သတင်းသမာေးတွရဲ့ မေးခွန်းကို ပြန်ဖြေပေးခဲ့တာဖြစ်ပြီး ဗိုလ်လုပွဲမှ ပြိုင်ဘက်ဟောင်း ရီးရဲလ်၊ ဆီမီးဖိုင်နယ်မှ ပြိုင်ဘက်ဟောင်း ဘာကာနဲ့ ဒီရာသီ လီဗာပူးကို အနိုင်ယူသွားတဲ့ အက်စလက်တီကို အစရှိတဲ့ စပိန်အသင်းတွေကိုတော့ သူ့ရဲ့ ရေပန်းစားစာရင်းမှာ ကလော့ပ်က မထည့်ခဲ့ပါဘး။

ကလော့ပ်ကပဲ “ ချန်ပီယံလိဂ်မှာ ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံး နှစ်သင်းက ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးလို့ ထင်တယ်။ ဘာဖြစ်လာမယ်ဆိုတာမျိုးကို ကျနော် သေချာတော့ မပြောနိုင်ဘူး။ သူတို့ နှစ်သင်း ဆီမီးဖိုင်နယ်မှာ တွေ့သွားတာလည်း ဖြစ်နိုင်တယ်။

ဘွန်ဒက်လီဂါမှာ ဘိုင်ယန်က သိပ်ကောင်းနေတယ်။ ဖီလစ် လက်ထက် သူတို့အသင်း ကစားပုံက အတော်လေးကို အထင်ကြီးဖို့ကောင်းတယ်။ သူတို့နှစ်သင်းက ရေပန်းစားအသင်းတွေ ဖြစ်ပါမယ်။ မန်စီးတီးအသင်း ပိုင်ဆိုင်ထားတဲ့ လူစာရင်းကိုလည်း ခင်ဗျားတို့ မြင်နေတာပဲလေ။

ကံကောင်းဖို့တော့ လိုကြတာပေါ့။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲရောက်ဖို့ဆိုရင် လူစာရင်း ကောင်းဖို့လည်း လိုပါတယ်။ အခြားအသင်းတွေ အခွင့်အရေး မရှိတာတော့ မဟုတ်ပါဘူး။ ဒီနှစ်သင်းက ရေပန်းအစားဆုံးလို့ ကျနော် ထင်တယ်။

ဒါပေမယ့် ဘယ်အသင်းမှတော့ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ စီးတီးကော၊ ဘိုင်ယန်ကော၊ ကျနေ်ာတို့ အသင်းကောပါပဲ။ ချန်ပီယံလိဂ်ကို အနိုင်ရဖို့ဆိုရင် ပြီးပြည့်စုံလုတော့ ရှိဖို့ လိုတာပေါ့။ ချန်ပီယံလိဂ်ကို ကြည့်ဖြစ်မှာပါ။ စိတ်ဝင်စားစရာ ပြိုင်ပွဲဖြစ်ပေမယ့် ကံမကောင်းတာက ဒီနှစ်မှာ ကျနေ်ာတို့ မပါရတော့ပါဘူး ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီ ခ်န္ပီယံလိဂ္ကို အႏုိင္ရမယ္လို႔ သူထင္တဲ့ အသင္း ႏွစ္သင္းကို ထုတ္ေျပာလိုက္ပါတယ္။

သတင္းသမာေးတြရဲ႕ ေမးခြန္းကို ျပန္ေျဖေပးခဲ့တာျဖစ္ျပီး ဗိုလ္လုပြဲမွ ျပိဳင္ဘက္ေဟာင္း ရီးရဲလ္၊ ဆီမီးဖိုင္နယ္မွ ျပိဳင္ဘက္ေဟာင္း ဘာကာနဲ႔ ဒီရာသီ လီဗာပူးကို အႏုိင္ယူသြားတဲ့ အက္စလက္တီကို အစရွိတဲ့ စပိန္အသင္းေတြကိုေတာ့ သူ႔ရဲ႕ ေရပန္းစားစာရင္းမွာ ကေလာ့ပ္က မထည့္ခဲ့ပါဘး။

ကေလာ့ပ္ကပဲ “ ခ်န္ပီယံလိဂ္မွာ ဗိုလ္ဆြဲဖို႔ ေရပန္းအစားဆံုး ႏွစ္သင္းက ဘိုင္ယန္ျမဴးနစ္နဲ႔ မန္စီးတီးလို႔ ထင္တယ္။ ဘာျဖစ္လာမယ္ဆိုတာမ်ိဳးကို က်ေနာ္ ေသခ်ာေတာ့ မေျပာႏုိင္ဘူး။ သူတို႔ ႏွစ္သင္း ဆီမီးဖုိင္နယ္မွာ ေတြ႔သြားတာလည္း ျဖစ္ႏုိင္တယ္။

ဘြန္ဒက္လီဂါမွာ ဘိုင္ယန္က သိပ္ေကာင္းေနတယ္။ ဖီလစ္ လက္ထက္ သူတို႔အသင္း ကစားပံုက အေတာ္ေလးကို အထင္ၾကီးဖို႔ေကာင္းတယ္။ သူတို႔ႏွစ္သင္းက ေရပန္းစားအသင္းေတြ ျဖစ္ပါမယ္။ မန္စီးတီးအသင္း ပိုင္ဆိုင္ထားတဲ့ လူစာရင္းကိုလည္း ခင္ဗ်ားတို႔ ျမင္ေနတာပဲေလ။

ကံေကာင္းဖို႔ေတာ့ လိုၾကတာေပါ့။ ဒါေပမယ့္ ခ်န္ပီယံလိဂ္မွာ ဗိုလ္လုပြဲေရာက္ဖို႔ဆိုရင္ လူစာရင္း ေကာင္းဖို႔လည္း လိုပါတယ္။ အျခားအသင္းေတြ အခြင့္အေရး မရွိတာေတာ့ မဟုတ္ပါဘူး။ ဒီႏွစ္သင္းက ေရပန္းအစားဆံုးလို႔ က်ေနာ္ ထင္တယ္။

ဒါေပမယ့္ ဘယ္အသင္းမွေတာ့ ျပီးျပည့္စံုတယ္လို႔ မရွိပါဘူး။ စီးတီးေကာ၊ ဘိုင္ယန္ေကာ၊ က်ေန္ာတို႔ အသင္းေကာပါပဲ။ ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔ဆိုရင္ ျပီးျပည့္စံုလုေတာ့ ရွိဖို႔ လိုတာေပါ့။ ခ်န္ပီယံလိဂ္ကို ၾကည့္ျဖစ္မွာပါ။ စိတ္ဝင္စားစရာ ျပိဳင္ပြဲျဖစ္ေပမယ့္ ကံမေကာင္းတာက ဒီႏွစ္မွာ က်ေန္ာတို႔ မပါရေတာ့ပါဘူး ” လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။