ဂျော်ဒန် ဟန်ဒါဆန်က သူ့ရဲ့ လီဗာပူးကစားသမားဘဝ အစောပိုင်း ကာလတွေမှာ သက်ရောက်မှုကြီးတဲ့ ပုဂ္ဂိုလ် သုံးဦးအဖြစ် ကင်နီ ဒဲလ်ဂလစ်၊ ဘရန်ဒန် ရော်ဂျာနဲ့ စတီဗင်ဂျရတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟန်ဒါဆန်က ” ပထမဆုံးက ဆာ ကင်နီ ဒဲလ်ဂလစ်ဖြစ်ပါတယ်။ ပထမဆုံး သူနဲ့ စကားပြောခဲ့ရတာကို အခုချိန်ထိ ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ ဖြစ်သလို ပထမဆုံး လေ့ကျင့်ရေးကိုလည်း ကောင်းကောင်းကြီး မှတ်မိပါတယ်။

ဆာကင်နီက လီဗာပူးအသင်းက ဘယ်လို ထူးခြားတဲ့ အသင်းလဲ၊ ကွင်းထဲကို ဒီအသင်း ကိုယ်စားပြုပြီး ဝင်ရတာက ဘယ်လောက်ထိ တာဝန်ကြီးသလဲ ဆိုတာ သင်ပြပေးခဲ့တယ်။ ဆာ ကင်နီအတွက် ကစားပေးရတဲ့ မိနစ်တိုင်းနဲ့ သူ မှာကြားခဲ့တဲ့ စကားလုံးတိင်းကို မြတ်နိုးရပါတယ်။

ဒုတိယ ဘရန်ဒန် ရော်ဂျာပါ။ သူက ကျနေ်ာကို လီဗာပူးအသင်းခေါင်းဆောင်အဖြစ် ရဲရင့်စွာ တာဝန်ပေးခဲ့သူပါ။ ကျနော်က ငယ်ရွယ်တဲ့ အရွယ်မှာ တာဝန်ယူခဲ့ရပြီး ဘရန်ဒန်ရော်ဂျာမှာ အခြားသော ရွေးချယ်စရာ ဝါရင့် ကစားသမားတွေ ရှိခြ့ပါတယ်။ ကျနော်အပေါ်ကို သူ ဘယ်လိုမြင်ခဲ့သည်ဖြစ်စေ ဒီဂုဏ်ယူမှုအတွက် ပိုပြီး ကျေးဇူးတင်နိုင်တာ မရှိတော့ပါဘူး။

တတိယက စတီဗင်ဂျရတ်ပါ။ မော်ဒန် လီဗာပူးအသင်းအတွက် စတီဗင်က မယုံနိုင်အောင် အရေးပါခဲ့ပြီး အခုလို အတူတကွ အောင်မြင်လာဖို့လည်း အထောက်အကူ ဖြစ်စေခဲ့တယ်။ အဝတ်လဲခန်းက ကစားသမားတွေ အားလုံးနဲ့ စကားပြောဖူးရင် သူတို့တွေကလည်း စတီဗင်ဂျရတ်ရဲ့ ခြေလှမ်းအတိုင်း လိုက်လိုတယ်လို့ ပြောပါလိမ့်မယ်။

ကျနော်က ကံကောင်းလှစွာပဲ ကလပ်အသင်းမှာကော လက်ရွေးစင်အသင်းမှာပါ စတီဗင်နဲ့ တွဲဘက်ကစားခွင့် ရခဲ့ပါတယ်။ အခုချိန်မှာ ပြန်ကြည့်မယ်ဆိုရင် သူ့ထက် သင်ယူဖို့ရာကောင်းတဲ့ ကစားသမားမျိုးကို ရတော့မှာ မဟုတ်ပါဘူး။ သူ့ထံကနေ အများကြီး သင်ယူခွင့် ရခဲ့ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ မန်နေဂျာဟောင်း ကင်းကင်နီ ခေါ်ယူမှုဖြင့် ဆန်းဒါးလန်းကနေ လီဗာပူးကို ရောက်လာခဲ့ကာ ဘရန်ဒန်ရော်ဂျာ လက်အောက်မှာတော့ လီဗာပူးအသင်းခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ ဟန်ဒါဆန်က သူ့ကို လီဗာပူးအသင်းအတွက် ကစားပေးရတာ ဂုဏ်ယူစေရဖို့ အဓိက သက်ရောက်မှု ရှိသူတွေကတော့ သူတို့ သုံးဦးအဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ေဂ်ာ္ဒန္ ဟန္ဒါဆန္က သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ အေစာပိုင္း ကာလေတြမွာ သက္ေရာက္မႈၾကီးတဲ့ ပုဂၢိဳလ္ သံုးဦးအျဖစ္ ကင္နီ ဒဲလ္ဂလစ္၊ ဘရန္ဒန္ ေရာ္ဂ်ာနဲ႔ စတီဗင္ဂ်ရတ္တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဟန္ဒါဆန္က ” ပထမဆံုးက ဆာ ကင္နီ ဒဲလ္ဂလစ္ျဖစ္ပါတယ္။ ပထမဆံုး သူနဲ႔ စကားေျပာခဲ့ရတာကို အခုခ်ိန္ထိ ရွင္းရွင္းလင္းလင္း မွတ္မိေနဆဲ ျဖစ္သလို ပထမဆံုး ေလ့က်င့္ေရးကိုလည္း ေကာင္းေကာင္းၾကီး မွတ္မိပါတယ္။

ဆာကင္နီက လီဗာပူးအသင္းက ဘယ္လို ထူးျခားတဲ့ အသင္းလဲ၊ ကြင္းထဲကို ဒီအသင္း ကိုယ္စားျပဳျပီး ဝင္ရတာက ဘယ္ေလာက္ထိ တာဝန္ၾကီးသလဲ ဆိုတာ သင္ျပေပးခဲ့တယ္။ ဆာ ကင္နီအတြက္ ကစားေပးရတဲ့ မိနစ္တိုင္းနဲ႔ သူ မွာၾကားခဲ့တဲ့ စကားလံုးတိင္းကို ျမတ္ႏိုးရပါတယ္။

ဒုတိယ ဘရန္ဒန္ ေရာ္ဂ်ာပါ။ သူက က်ေန္ာကို လီဗာပူးအသင္းေခါင္းေဆာင္အျဖစ္ ရဲရင့္စြာ တာဝန္ေပးခဲ့သူပါ။ က်ေနာ္က ငယ္ရြယ္တဲ့ အရြယ္မွာ တာဝန္ယူခဲ့ရျပီး ဘရန္ဒန္ေရာ္ဂ်ာမွာ အျခားေသာ ေရြးခ်ယ္စရာ ဝါရင့္ ကစားသမားေတြ ရွိချ့ပါတယ္။ က်ေနာ္အေပၚကို သူ ဘယ္လိုျမင္ခဲ့သည္ျဖစ္ေစ ဒီဂုဏ္ယူမႈအတြက္ ပိုျပီး ေက်းဇူးတင္ႏုိင္တာ မရွိေတာ့ပါဘူး။

တတိယက စတီဗင္ဂ်ရတ္ပါ။ ေမာ္ဒန္ လီဗာပူးအသင္းအတြက္ စတီဗင္က မယံုႏုိင္ေအာင္ အေရးပါခဲ့ျပီး အခုလို အတူတကြ ေအာင္ျမင္လာဖို႔လည္း အေထာက္အကူ ျဖစ္ေစခဲ့တယ္။ အဝတ္လဲခန္းက ကစားသမားေတြ အားလံုးနဲ႔ စကားေျပာဖူးရင္ သူတို႔ေတြကလည္း စတီဗင္ဂ်ရတ္ရဲ႕ ေျခလွမ္းအတိုင္း လိုက္လိုတယ္လို႔ ေျပာပါလိမ့္မယ္။

က်ေနာ္က ကံေကာင္းလွစြာပဲ ကလပ္အသင္းမွာေကာ လက္ေရြးစင္အသင္းမွာပါ စတီဗင္နဲ႔ တြဲဘက္ကစားခြင့္ ရခဲ့ပါတယ္။ အခုခ်ိန္မွာ ျပန္ၾကည့္မယ္ဆိုရင္ သူ႔ထက္ သင္ယူဖို႔ရာေကာင္းတဲ့ ကစားသမားမ်ိဳးကို ရေတာ့မွာ မဟုတ္ပါဘူး။ သူ႔ထံကေန အမ်ားၾကီး သင္ယူခြင့္ ရခဲ့ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဟန္ဒါဆန္ဟာ မန္ေနဂ်ာေဟာင္း ကင္းကင္နီ ေခၚယူမႈျဖင့္ ဆန္းဒါးလန္းကေန လီဗာပူးကို ေရာက္လာခဲ့ကာ ဘရန္ဒန္ေရာ္ဂ်ာ လက္ေအာက္မွာေတာ့ လီဗာပူးအသင္းေခါင္းေဆာင္ ျဖစ္လာခဲ့ပါတယ္။ ဟန္ဒါဆန္က သူ႔ကို လီဗာပူးအသင္းအတြက္ ကစားေပးရတာ ဂုဏ္ယူေစရဖို႔ အဓိက သက္ေရာက္မႈ ရွိသူေတြကေတာ့ သူတို႔ သံုးဦးအျဖစ္ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။