ဒီရက်ပိုင်းမှာ လီဗာပူးနဲ့ အယ်ကန်တာရာ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် ပရိသတ်တွေဘက်က အံ့အားသင့်ခဲ့သလိုပဲ ဝါရင့် လီဗာပူးသတင်းထောက်တွေလည်း အသင်းရဲ့ ရှေ့ဆက် လုပ်ဆောင်မှုကို တုန်လှုပ်ခဲ့မှုတွေ ရှိနေပါတယ်။

၂၀၁၀ မှာတော့ အမေရိကန် အားကစားအဖွဲ့ဖြစ်တဲ့ FSG ဟာ လီဗာပူးအသင်းကို လွဲပြောင်းယူခဲ့ပါတယ်။ အစောပိုင်း ကာလတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ပြီး ကစားသမားကောင်းတွေ ခေါ်ယူခြင်းတွေ လုပ်ခဲ့ပေမယ့် အသင်းက အောင်မြင်မှုတွေ ပြန်မရတဲ့အပြင် ရှေ့ကို မတက်နိုင်တဲ့ အနေအထားတွေကြောင့် ၂၀၁၅ မှာ အပြောင်းအလဲ တစ်ခုကို လုပ်ဆောင်ခဲ့တယ်။

လီဗာပူးအသင်းဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာမှ ကလပ်ရဲ့ မန်နေဂျာသစ်အဖြစ် ယာဂင်ကလော့ပ်ကို ခေါ်ယူခဲ့သလို တင်းကြပ်တဲ့ ပေါ်လစီပိုင်းကို ကျင့်သုံးခဲ့ပါတယ်။ လီဗာပူးအသင်း အပြောင်းအရွှေ့ ခေါ်ယူရေးအဖွဲ့က အသက် ၂၆ နှစ်ထက် မကျော်တဲ့ ကစားသမားတွေကိုသာ အဓိက ခေါ်ယူခဲ့ပြီး ချွင်းချက်အဖြစ် ဗဟိုခံစစ်မှူးနေရာ အရန်အဖြစ် အသုံးပြုဖို့ရာ ကလာဗန် (၃၀ နှစ်)ကို အော့ဘတ်ကနေ ခေါ်ယူခဲ့ပါတယ်။

အဲ့တာကလွဲလို့ မန်နေဂျာကလော့ပ်အတွက် လီဗာပူးဘက်က ခေါ်ယူပေးတဲ့ ကစားသမား ၁၆ ဦးလုံးက ၂၆ နှစ်အောက်တွေဖြစ်ပြီး အသယ် အငယ်ဆုံးက အီးလီးယော့ ၁၆ နှစ် ဖြစ်သလို အသက် အကြီးဆုံးက ဗန်ဒိုက်နဲ့ ရှာကွီရီ ၂၆ နှစ်တွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် ဒီရက်တွေမှာ လီဗာပူးက အယ်ကန်တာရာကို ခေါ်ယူဖို့ ကိစ္စအား ချိန်ရွယ်လာခြင်းကြောင့် လီဗာပူးသတင်းထောက်တွေက သုံးသပ်ချက် နှစ်ခုကို ဖော်ပြလာကြပါတယ်။

၁) လီဗာပူးက ပေါ်လစီကို အပြောင်းအလဲလုပ်ပြီး အသင်းရဲ့ အားအနည်းဆုံး ကွင်းလယ်ကို အင်အားဖြည့်လိုတယ်
၂) ဝိုက်နယ်ဒမ်ကို စာချုပ်သစ် သဘောတူညီမှု မရသေးတာကြောင့် အရန်သင့် ချိန်ရွယ်မှု တစ်ခုကို ပြုလုပ်လိုတယ်

လီဗာပူးအသင်းရဲ့ ခံစစ်နဲ့ တိုက်စစ်က ကမ္ဘာအဆင့်အဖြစ် သက်မှတ်နိုင်ပေမယ့် ကွင်းလယ်ကတော့ မန်စီးတီးကို ယှဉ်ပြိုင်ဖို့ မမှီသလို ဒီနောက်ပိုင်းမှာ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ရဲ့ ကွင်းလယ်ကလည်း တောင့်တင်းလာပါတယ်။ ကွင်းလယ်မှာ အယ်ကန်တာရာကို ဖြည့်နိုင်မယ်ဆိုရင် လာမယ့် ရာသီမှာ ချိန်ဘာလိန်က တောင်ပံတိုက်စစ်တွေကို ပိုအားပြု ကစားရတာမျိုး ဖြစ်နိုင်မယ်လို့ သုံးသပ်ကြတယ်။

နောက်တစ်ချက်ကတော့ ဝိုက်နယ်ဒမ်ရဲ့ စာချုပ်သစ်ကိစ္စက ကြံ့ကြာနေဆဲဖြစ်ပြီး အယ်ကန်တာရာက ဝိုက်နယ်ဒမ်နဲ့ အသက်အရွယ် တူသလို ကစားတဲ့ နေရာလည်း တူညီပြီး အမှတ်ပေးချန်ပီယံ အတွေ့အကြုံကော၊ ချန်ပီယံလိဂ် အတွေ့အကြုံမှာပါ ကောင်းမွန်သူဖြစ်လို့ ဝိုက်နယ်ဒမ်ကို လက်လွတ်ရမယ်ဆိုတဲ့ အနေအထားအတွက် ကြိုတင်ပြင်ဆင်ခြင်းလို့လည်း သုံးသပ်နေကြပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လာမယ့်ရာသီ လိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့က လီဗာပူးရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးဖြစ်တာကြောင့် တစ်ကြိမ်မှ မမြင်ဖူးတဲ့ အပြောင်းအလဲတွေ စတင်လာခြင်းလည်း ဖြစ်နိုင်မယ်လို့လည်း သုံးသပ်နေကြပါတယ်။

ZAWGYI

ဒီရက္ပိုင္းမွာ လီဗာပူးနဲ႔ အယ္ကန္တာရာ သတင္းေတြ ထြက္ေပၚလာခဲ့တာေၾကာင့္ ပရိသတ္ေတြဘက္က အံ့အားသင့္ခဲ့သလိုပဲ ဝါရင့္ လီဗာပူးသတင္းေထာက္ေတြလည္း အသင္းရဲ႕ ေရွ႔ဆက္ လုပ္ေဆာင္မႈကို တုန္လႈပ္ခဲ့မႈေတြ ရွိေနပါတယ္။

၂၀၁၀ မွာေတာ့ အေမရိကန္ အားကစားအဖြဲ႔ျဖစ္တဲ့ FSG ဟာ လီဗာပူးအသင္းကို လြဲေျပာင္းယူခဲ့ပါတယ္။ အေစာပိုင္း ကာလေတြမွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ျပီး ကစားသမားေကာင္းေတြ ေခၚယူျခင္းေတြ လုပ္ခဲ့ေပမယ့္ အသင္းက ေအာင္ျမင္မႈေတြ ျပန္မရတဲ့အျပင္ ေရွ႔ကို မတက္ႏုိင္တဲ့ အေနအထားေတြေၾကာင့္ ၂၀၁၅ မွာ အေျပာင္းအလဲ တစ္ခုကို လုပ္ေဆာင္ခဲ့တယ္။

လီဗာပူးအသင္းဟာ ၂၀၁၅ ခုႏွစ္ ေအာက္တိုဘာမွ ကလပ္ရဲ႕ မန္ေနဂ်ာသစ္အျဖစ္ ယာဂင္ကေလာ့ပ္ကို ေခၚယူခဲ့သလို တင္းၾကပ္တဲ့ ေပၚလစီပိုင္းကို က်င့္သံုးခဲ့ပါတယ္။ လီဗာပူးအသင္း အေျပာင္းအေရႊ႔ ေခၚယူေရးအဖြဲ႔က အသက္ ၂၆ ႏွစ္ထက္ မေက်ာ္တဲ့ ကစားသမားေတြကိုသာ အဓိက ေခၚယူခဲ့ျပီး ခၽြင္းခ်က္အျဖစ္ ဗဟိုခံစစ္မွဴးေနရာ အရန္အျဖစ္ အသံုးျပဳဖို႔ရာ ကလာဗန္ (၃၀ ႏွစ္)ကို ေအာ့ဘတ္ကေန ေခၚယူခဲ့ပါတယ္။

အဲ့တာကလြဲလို႔ မန္ေနဂ်ာကေလာ့ပ္အတြက္ လီဗာပူးဘက္က ေခၚယူေပးတဲ့ ကစားသမား ၁၆ ဦးလံုးက ၂၆ ႏွစ္ေအာက္ေတြျဖစ္ျပီး အသယ္ အငယ္ဆံုးက အီးလီးေယာ့ ၁၆ ႏွစ္ ျဖစ္သလို အသက္ အၾကီးဆံုးက ဗန္ဒိုက္နဲ႔ ရွာကီြရီ ၂၆ ႏွစ္ေတြ ျဖစ္ၾကပါတယ္။

ဒါေပမယ့္ ဒီရက္ေတြမွာ လီဗာပူးက အယ္ကန္တာရာကို ေခၚယူဖို႔ ကိစၥအား ခ်ိန္ရြယ္လာျခင္းေၾကာင့္ လီဗာပူးသတင္းေထာက္ေတြက သံုးသပ္ခ်က္ ႏွစ္ခုကို ေဖာ္ျပလာၾကပါတယ္။

၁) လီဗာပူးက ေပၚလစီကို အေျပာင္းအလဲလုပ္ျပီး အသင္းရဲ႕ အားအနည္းဆံုး ကြင္းလယ္ကို အင္အားျဖည့္လိုတယ္
၂) ဝိုက္နယ္ဒမ္ကို စာခ်ဳပ္သစ္ သေဘာတူညီမႈ မရေသးတာေၾကာင့္ အရန္သင့္ ခ်ိန္ရြယ္မႈ တစ္ခုကို ျပဳလုပ္လိုတယ္

လီဗာပူးအသင္းရဲ႕ ခံစစ္နဲ႔ တိုက္စစ္က ကမၻာအဆင့္အျဖစ္ သက္မွတ္ႏုိင္ေပမယ့္ ကြင္းလယ္ကေတာ့ မန္စီးတီးကို ယွဥ္ျပိဳင္ဖို႔ မမွီသလို ဒီေနာက္ပိုင္းမွာ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ရဲ႕ ကြင္းလယ္ကလည္း ေတာင့္တင္းလာပါတယ္။ ကြင္းလယ္မွာ အယ္ကန္တာရာကို ျဖည့္ႏုိင္မယ္ဆိုရင္ လာမယ့္ ရာသီမွာ ခ်ိန္ဘာလိန္က ေတာင္ပံတိုက္စစ္ေတြကို ပိုအားျပဳ ကစားရတာမ်ိဳး ျဖစ္ႏုိင္မယ္လို႔ သံုးသပ္ၾကတယ္။

ေနာက္တစ္ခ်က္ကေတာ့ ဝိုက္နယ္ဒမ္ရဲ႕ စာခ်ဳပ္သစ္ကိစၥက ၾကံ႕ၾကာေနဆဲျဖစ္ျပီး အယ္ကန္တာရာက ဝိုက္နယ္ဒမ္နဲ႔ အသက္အရြယ္ တူသလို ကစားတဲ့ ေနရာလည္း တူညီျပီး အမွတ္ေပးခ်န္ပီယံ အေတြ႔အၾကံဳေကာ၊ ခ်န္ပီယံလိဂ္ အေတြ႔အၾကဳံမွာပါ ေကာင္းမြန္သူျဖစ္လို႔ ဝိုက္နယ္ဒမ္ကို လက္လြတ္ရမယ္ဆိုတဲ့ အေနအထားအတြက္ ၾကိဳတင္ျပင္ဆင္ျခင္းလို႔လည္း သံုးသပ္ေနၾကပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ လာမယ့္ရာသီ လိဂ္ခ်န္ပီယံဘြဲ႔ကို ကာကြယ္ဖို႔က လီဗာပူးရဲ႕ ပရီးမီးယားလိဂ္သမိုင္းမွာ ပထမဆံုးျဖစ္တာေၾကာင့္ တစ္ၾကိမ္မွ မျမင္ဖူးတဲ့ အေျပာင္းအလဲေတြ စတင္လာျခင္းလည္း ျဖစ္ႏုိင္မယ္လို႔လည္း သံုးသပ္ေနၾကပါတယ္။