ပြင်သစ်ဘောလုံးကို လူးဝစ် အယ်ဘာတိုက ပြောပြရာမှာ “ ကျနော်ရဲ့ အမှားလည်း ပါပါတယ်။ အသင်းလိုက် လုပ်ဆောင်မှုနဲ့ အာရုံစိုက်မှုတွေမှာ လိုအပ်တဲ့ အနေအထားကို မကြိုးစားနိုင်ခဲ့ဘူး။ ကျနော် အသက် ၂၀ အရွယ်မှာထဲက လုပ်သင့်တာကို ၂၅ နှစ်လောက်မှာမှ လုပ်နိုင်ခဲ့တယ်။ နှစ်တွေ အနည်းငယ်အတွက် ဒါက စိတ်ပျက်စရာပါပဲ။

အခုတော့ ကျနော် အသက် ၂၇ နှစ် ရှိပါပြီ။ ကျနော် ပိုပြီး ကြိုးစားနေပြီး ကိုယ်ဘာသာ ပျော်ရွှင် ကျေနပ်ဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ကျနော် စပိန်ကို ခပ်မြန်မြန် စွန့်ခွာခဲ့တယ်။ အထူးသဖြင့် ဘာစီလိုနာ အရန်အသင်းကနေ ပေါ့။

လီဗာပူးမှာတော့ ကျောန် အခြေကျခဲ့ပါတယ်။ ဒါပေမယ့် ကိစ္စတွေ ဖြစ်လာခဲ့ပြီး ပွဲနည်းနည်း ကစားရမှုနဲ့အတူ ကောင်းမွန်တဲ့ အဆင့်တစ်ခုကို အဆုံးသတ်ခဲ့တယ်။ ကံမကောင်းစွာပဲ လီဗာပူးမှာ ပရီးမီးယားလိဂ်ဖလားကို အနိုင်မရခဲ့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးက ၂၀၁၃ ခုနှစ်မှာ ဆီးဗီးလာကနေ အယ်ဘာတို့ကို ပေါင် ၇ သန်းလောက်နဲ့ လက်မှတ်ထိုး ခေါ်ယူခဲ့တာပါ။ သူဟာ လီဗာပူးအတွက် ၁၂ ပွဲလောက် ကစားခဲ့ပြီး လာဇီယိုကို ပေါင် ၃.၆ သန်းနဲ့ မပြောင်းခင်မှာ အငှားထွက်မှုတွေ လုပ်ခဲ့ပါတယ်။

လူးဝစ် အယ်ဘာတိုဟာ အီတလီမြေမှာတော့ တောက်ပတဲ့ ကစားသမား ဖြစ်လာခဲ့ပြီး သွင်းဂိုးအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်။ ဒီတရာသီ တစ်ခုတည်းမှာတင် သူက ဂိုးထောက်ပံ့မှု ၁၆ ကြိမ် လုပ်ထားနိုင်ပါတယ်။ အတိတ်က အာရုံစူးစိုက်မှု အမှားတွေကနေ သင်ယူနေတဲ့ အယ်ဘာတိုဟာ လာဇီယိုမှာတော့ သင်ခန်းစာတွေကတစ်ဆင့် အကောင်းဆုံး ကစားနိုင်နေပါပြီ။

ZAWGYI

ျပင္သစ္ေဘာလံုးကို လူးဝစ္ အယ္ဘာတိုက ေျပာျပရာမွာ “ က်ေနာ္ရဲ႕ အမွားလည္း ပါပါတယ္။ အသင္းလိုက္ လုပ္ေဆာင္မႈနဲ႔ အာရံုစိုက္မႈေတြမွာ လိုအပ္တဲ့ အေနအထားကို မၾကိဳးစားႏုိင္ခဲ့ဘူး။ က်ေနာ္ အသက္ ၂၀ အရြယ္မွာထဲက လုပ္သင့္တာကို ၂၅ ႏွစ္ေလာက္မွာမွ လုပ္ႏုိင္ခဲ့တယ္။ ႏွစ္ေတြ အနည္းငယ္အတြက္ ဒါက စိတ္ပ်က္စရာပါပဲ။

အခုေတာ့ က်ေနာ္ အသက္ ၂၇ ႏွစ္ ရွိပါျပီ။ က်ေနာ္ ပိုျပီး ၾကိဳးစားေနျပီး ကိုယ္ဘာသာ ေပ်ာ္ရႊင္ ေက်နပ္ဖို႔ အခ်ိန္ေတြ အမ်ားၾကီး က်န္ပါေသးတယ္။ က်ေနာ္ စပိန္ကို ခပ္ျမန္ျမန္ စြန္႔ခြာခဲ့တယ္။ အထူးသျဖင့္ ဘာစီလိုနာ အရန္အသင္းကေန ေပါ့။

လီဗာပူးမွာေတာ့ က်ောန္ အေျခက်ခဲ့ပါတယ္။ ဒါေပမယ့္ ကိစၥေတြ ျဖစ္လာခဲ့ျပီး ပြဲနည္းနည္း ကစားရမႈနဲ႔အတူ ေကာင္းမြန္တဲ့ အဆင့္တစ္ခုကို အဆံုးသတ္ခဲ့တယ္။ ကံမေကာင္းစြာပဲ လီဗာပူးမွာ ပရီးမီးယားလိဂ္ဖလားကို အႏုိင္မရခဲ့ပါဘူး ” လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးက ၂၀၁၃ ခုႏွစ္မွာ ဆီးဗီးလာကေန အယ္ဘာတို႔ကို ေပါင္ ၇ သန္းေလာက္နဲ႔ လက္မွတ္ထိုး ေခၚယူခဲ့တာပါ။ သူဟာ လီဗာပူးအတြက္ ၁၂ ပြဲေလာက္ ကစားခဲ့ျပီး လာဇီယိုကို ေပါင္ ၃.၆ သန္းနဲ႔ မေျပာင္းခင္မွာ အငွားထြက္မႈေတြ လုပ္ခဲ့ပါတယ္။

လူးဝစ္ အယ္ဘာတိုဟာ အီတလီေျမမွာေတာ့ ေတာက္ပတဲ့ ကစားသမား ျဖစ္လာခဲ့ျပီး သြင္းဂိုးအတြက္ အဓိက ကစားသမားတစ္ဦး ျဖစ္လာခဲ့တယ္။ ဒီတရာသီ တစ္ခုတည္းမွာတင္ သူက ဂိုးေထာက္ပံ့မႈ ၁၆ ၾကိမ္ လုပ္ထားႏုိင္ပါတယ္။ အတိတ္က အာရံုစူးစိုက္မႈ အမွားေတြကေန သင္ယူေနတဲ့ အယ္ဘာတိုဟာ လာဇီယိုမွာေတာ့ သင္ခန္းစာေတြကတစ္ဆင့္ အေကာင္းဆံုး ကစားႏုိင္ေနပါျပီ။