လီဗာပူးအသင်းက အက်စတွန်ဗီလာကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းဖော် အယ်လီဆန်က နိုင်ပွဲနဲ့ clean sheet ရစေတဲ့ အဓိက ကစားသမားဖြစ်ကာ ကမ္ဘာအကောင်းဆုံး ဂိုးသမားပါလို့ အသင်းဖော် ရော်ဘတ်ဆန်က လေးလေးနက်နက် ပြောပါတယ်။
လီဗာပူးအသင်းရဲ့ နောက်ဆုံးသော ဥရောပပွဲဖြစ်ထားတဲ့ အက်သလက်တီကိုပွဲမှာ အယ်လီဆန်က ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဘရာဇီးသားဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေ ရှိနေခဲ့ပြီး ရာသီစတုန်းကကော ရာသီဝက်ကာလမှာပါ ကြံ့ခိုင်မှုအတွက် အနားယူမှုတွေ ရှိနေခဲ့ရသူဖြစ်တယ်။
အသင်းရဲ့ နံပတ် ၁ ဂိုးသမားဖြစ်တဲ့ အယ်လီဆန်ဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် ဂိုးသမားတွေထက် ၉ ပွဲလောက် ပိုမို နည်းပါးစွာ ကစားထားပေမယ့် clean sheet အများဆုံး ဂိုးသမားအဖြစ် ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဗီလာကို အနိုင်ရခဲ့တာက အယ်လီဆန်ရဲ့ အရည်အချင်းကြောင့်ပါလို့ ရော်ဘတ်ဆန်က ချီးကျူးခဲ့တယ်။
ဘယ်အစွန်လူကတော့ “ အယ်လီအတွက် ကျနေ်ာတို့ ဘယ်တော့မှာ ဂုဏ်မပြုပေးခဲ့ပါဘူး။ သူက ကမ္ဘာအကောင်းဆုံး ဂိုးသမားအဖြစ် အားလုံးကို တစ်နိုင်ငံစာလောက် ဖြတ်ထားနိုင်ခဲ့သူပါ။ လုပ်စရာ သိပ်မရှိချိန်မှာတောင် ဘောလုံးကို ကောင်းကောင်း ရှင်းလင်းမှုတွေကို နောက်ကွယ်ကနေ လုပ်ပေးနေဆဲပါ။
တစ်ခါတစ်လေမှာ လူတွေက သူလုပ်ပြတာ အရမ်းလွယ်နေတာကြောင့် သူ့ကို ဂုဏ်ပြုဖို့ မေ့နေကြပေမယ့် တကယ်တမ်းက အဲ့လို မဟုတ်ပါဘူး။ အယ်လီက အရမ်းကို ထူးချွန်တဲ့ ဂိုးသမားပါ။ အရမ်း ထူးချွန်သူပါ။ ဗီလာပွဲမှာလည်း သိပ်ကောင်းတဲ့ ကာကွယ်မှုတွေကို လုပ်ပြခဲ့ပါတယ်။
ဒါကြောင့်လည်း သူက လီဗာပူးအသင်းကို ရောက်လာရတာဖြစ်ပြီး မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးခံထားရတာပါ။ သူရဲ့ လုပ်ဆောင်မှုတွေက ကျနေ်ာတို့ကို ယုံကြည်မှုတွေ ပေးနိုင်စွမ် ရှိပါတယ်။ အသင်းမှာ သူရှိနေတာက ကျနေ်ာတို့ တစ်သင်းလုံးကို ယုံကြည်မှုတွေ ပေးပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။
အယ်လီဆန်ဟာ ၂၀၁၃ ခုနှစ်မှာ ဂျိုးဟတ် နောက်ပိုင်း ပရီးမီးယားလိဂ် ရွှေလက်အိတ်ကို နှစ်ရာသီဆက် ရယူနိုင်တဲ့ ဂိုးသမား ဖြစ်လာဖို့ နီးစပ်နေပါတယ်။ ဒီလိုမျိုးကို နောက်ဆုံး လုပ်ထားနိုင်တဲ့ ဂိုးသမားကတော့ လီဗာပူး ဂိုးသမား ရေနာဖြစ်ပြီး သုံးရာသီဆက် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို အနိုင်ရခဲ့ပါတယ်။
ZAWGYI