လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ဒီနွေမှာ လီဗာပူးအသင်းဟာ ကိုရိုနာကပ်ဘေးကြောင့် ဘဏ္ဍာရေးတွေ ထိခိုက်မှာဖြစ်ပေမယ့် ကစားသမားသစ်တွေကို ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ သတင်းပေးလာပါတယ်။

အစောတုန်းက လီဗာပူးအသင်းက ဒီနွေမှာ ကစားသမားသစ် မခေါ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တိုးတက်လာတဲ့ အခြေအနေတွေအရ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့တာပါ။ ဘယ်နေရာတွေအတွက် အဓိကထား ခေါ်ယူမလဲနဲ့ အသုံးစရိတ် ဘယ်လောက်ကြီးမလဲဆိုတာတွေ ဆုံးဖြတ်ဖို့ကိုတော့ ရာသီကုန်ထိ စောင့်ရမှာဖြစ်ပါတယ်။

The Athletic ကနေ ဂျိမ်းပီရက်စ် က ပြောရာမှာ ” အခုချိန်မှာ အားလုံးက ကောလဟာလတွေပဲ ဖြစ်နေပါသေးတယ်။ ကလော့ပ်ကိုယ်တိုင် ထုတ်ပြောခဲ့သလိုပဲ ဒီအပတ်တွေမှာ ဝင်ငွေဆိုင်ရာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေက နွေဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိမှာဖြစ်တယ်။ ကျနော်ကတော့ လီဗာပူးက ကစားသမားသစ် ၂ ဦးကနေ ၃ ဦးထိ ခေါ်ယူမယ်လို့ ယုံကြည်ပါတယ်။ အခုချိန်မှာတော့ ဘာမှ ထူးခြားတာ မရှိသေးပါဘူး။

အယ်ကန်တာရာရဲ့ အပြောင်းအရွှေ့ကတော့ မဖြစ်ဖို့များတယ် ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ကလော့ပ်က အယ်ကန်တာရာကို အတော်လေး သဘောကျတယ်။ သူကလည်း ပရီးမီးယားလိဂ်ကို ပြောင်းလိုပြီး ခေါ်ယူလိုလည်း ရမယ့် အနေအထားပါ။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ ဒဏ်ရာပြဿနာက အတားအဆီးဖြစ်နေတယ်။

လီဗာပူးမှာက ရွေးချယ်စရာ ကွင်းလယ်လူတွေကလည်း များနေတယ်။ နောက်ပြီး အယ်ကန်တာရာ ဘိုင်ယန်နဲ့ စာချုပ် သက်တမ်းတိုးဖို့ ကိစ္စကလည်း မသေချာသေးပါဘူး။ အယ်ကန်တာရာက နံပါတ် ၆ နေရာ ကစားတဲ့ သူ မဟုတ်ပါဘူး။ သူကစားတာက ကွင်းလယ် နံပါတ် ၈ ပါ။ လီဗာပူးမှာက အဲ့နေရာမှာ ရွေးချယ်စရာ ကီတာလည်း ရှိနေပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်တယ်။

လီဗာပူးရဲ့ အပြောင်းအရွှေ့ တစ်ခုလုံးက ဒီနွေမှာ ဝင်ငွေ ဘယ်လောက်ရှိမလဲဆိုတဲ့အပေါ် မူတည်နေမှာဖြစ်တယ်။ ဒီအတွက် လမ်းကြောင်းနှစ်ခုက ပွဲနေ့ ဝင်ငွေတွေ ပြန်ရဖို့အတွက် တစ်ရာသီစာ လက်မှတ်တွေကို ရောင်းခွင့်ရမလားနဲ့ ကစားသမား ရောင်းထုတ်မှုကနေ ငွေကြေးတွေ ရမလားဆိုတာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ဒီေႏြမွာ လီဗာပူးအသင္းဟာ ကိုရိုနာကပ္ေဘးေၾကာင့္ ဘ႑ာေရးေတြ ထိခိုက္မွာျဖစ္ေပမယ့္ ကစားသမားသစ္ေတြကို ေခၚယူဖို႔ လုပ္ေဆာင္သြားမယ္လို႔ သတင္းေပးလာပါတယ္။

အေစာတုန္းက လီဗာပူးအသင္းက ဒီေႏြမွာ ကစားသမားသစ္ မေခၚဖို႔ ဆံုးျဖတ္ခဲ့ေပမယ့္ တိုးတက္လာတဲ့ အေျခအေနေတြအရ ဆံုးျဖတ္ခ်က္ကို ျပင္ဆင္ခဲ့တာပါ။ ဘယ္ေနရာေတြအတြက္ အဓိကထား ေခၚယူမလဲနဲ႔ အသံုးစရိတ္ ဘယ္ေလာက္ၾကီးမလဲဆိုတာေတြ ဆံုးျဖတ္ဖို႔ကိုေတာ့ ရာသီကုန္ထိ ေစာင့္ရမွာျဖစ္ပါတယ္။

The Athletic ကေန ဂ်ိမ္းပီရက္စ္ က ေျပာရာမွာ ” အခုခ်ိန္မွာ အားလံုးက ေကာလဟာလေတြပဲ ျဖစ္ေနပါေသးတယ္။ ကေလာ့ပ္ကိုယ္တိုင္ ထုတ္ေျပာခ့ဲသလိုပဲ ဒီအပတ္ေတြမွာ ဝင္ေငြဆိုင္ရာ ျဖစ္ေပၚလာတဲ့ အေျပာင္းအလဲေတြက ေႏြေစ်းကြက္အေပၚ သက္ေရာက္မႈေတြ ရွိမွာျဖစ္တယ္။ က်ေနာ္ကေတာ့ လီဗာပူးက ကစားသမားသစ္ ၂ ဦးကေန ၃ ဦးထိ ေခၚယူမယ္လို႔ ယံုၾကည္ပါတယ္။ အခုခ်ိန္မွာေတာ့ ဘာမွ ထူးျခားတာ မရွိေသးပါဘူး။

အယ္ကန္တာရာရဲ႕ အေျပာင္းအေရႊ႔ကေတာ့ မျဖစ္ဖို႔မ်ားတယ္ ဒါေပမယ့္ မျဖစ္ႏုိင္တာေတာ့ မဟုတ္ပါဘူး။ ကေလာ့ပ္က အယ္ကန္တာရာကို အေတာ္ေလး သေဘာက်တယ္။ သူကလည္း ပရီးမီးယားလိဂ္ကို ေျပာင္းလိုျပီး ေခၚယူလိုလည္း ရမယ့္ အေနအထားပါ။ ဒါေပမယ့္ သူ႔အသက္အရြယ္နဲ႔ ဒဏ္ရာျပႆနာက အတားအဆီးျဖစ္ေနတယ္။

လီဗာပူးမွာက ေရြးခ်ယ္စရာ ကြင္းလယ္လူေတြကလည္း မ်ားေနတယ္။ ေနာက္ျပီး အယ္ကန္တာရာ ဘိုင္ယန္နဲ႔ စာခ်ဳပ္ သက္တမ္းတိုးဖို႔ ကိစၥကလည္း မေသခ်ာေသးပါဘူး။ အယ္ကန္တာရာက နံပါတ္ ၆ ေနရာ ကစားတဲ့ သူ မဟုတ္ပါဘူး။ သူကစားတာက ကြင္းလယ္ နံပါတ္ ၈ ပါ။ လီဗာပူးမွာက အဲ့ေနရာမွာ ေရြးခ်ယ္စရာ ကီတာလည္း ရွိေနပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ တစ္ခုလံုးက ဒီေႏြမွာ ဝင္ေငြ ဘယ္ေလာက္ရွိမလဲဆိုတဲ့အေပၚ မူတည္ေနမွာျဖစ္တယ္။ ဒီအတြက္ လမ္းေၾကာင္းႏွစ္ခုက ပြဲေန႔ ဝင္ေငြေတြ ျပန္ရဖို႔အတြက္ တစ္ရာသီစာ လက္မွတ္ေတြကို ေရာင္းခြင့္ရမလားနဲ႔ ကစားသမား ေရာင္းထုတ္မႈကေန ေငြေၾကးေတြ ရမလားဆိုတာပဲ ျဖစ္ပါတယ္။