ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးမှာ ခြေစွာနေတဲ့ ဘရူးစတားကို ဘယ်လို စီမံမလဲဆိုတာ ရာသီကုန်ရင် စကားပြောမှာပါလို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။

လီဗာပူးအသင်းက အများကြီး မျှော်လင့်ထားတဲ့ ဘရူးစတားဟာ ကံဆိုးစွာပဲ ဒီရာသီဝက်မှာ ဒဏ်ရာပြဿနာ ပြန်လည်ထူထောင်မှုတွေ လုပ်နေခဲ့ရတာပါ။ မနှစ်က ရခဲ့တဲ့ ဒူးဒဏ်ရာက သူ့ကစားသမားဘဝ တက်လှမ်းကို နစ်နာစေခဲ့ပြီး ကြံ့ခိုင်မှု ရလာဖို့ ကာလရှည် ပြန်ကြိုစားခဲ့ရပေမယ့် အခုချိန်မှာတော့ ခြေစွမ်းကောင်းတွေ ပြန်သနေပါတယ်။

“ ရာဟမ်နဲ့ ပက်သက်တဲ့ အစီအစဉ်ကတော့ သူနဲ့ စကားပြောမှာပါ။ ဒီမှာတော့ မဟုတ်ဘူးပေါ့ ” လို့ ကလော့ပ်က ပွဲကြို မီဒီယာ တွေ့ဆုံမှုမှာ ပြောပါတယ်။

မန်နေဂျာကပဲ “ ရာဟမ်ကို အငှားချပေးလိုက်နိုင်ပြီး သူ့ကို စစ်မှန်တဲ့ စီနီယာကစားသမားဘဝကို ပေးလိုက်နိုင်တဲ့ အခွင့်အရေးအတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ သူက စိတ်ပျက်စရာ ဒဏ်ရာပြဿနာ ရင်ဆိုင်ခဲ့ရပြီး ကာလရှည် အချိန်ယူဖို့လည်း လိုခဲ့သူဖြစ်တယ်။ သူ ဒဏ်ရာကနေ ပြန်သက်သာလာတော့ အသင်းမှာ ဆက်ရှိနေတာက အဓိပ္ပာယ် မရှိပါဘူး။ တိုက်စစ်သမားလေးအတွက် နေရာရဖို့ လိုအပ်ပါတယ်။

သူ့ရဲ့ အခြေအနေက အသင်းက အခြားသော ကစားသမားတွေနဲ့ ကွာခြားပါတယ်။ သူကလည်း လူငယ်ကစားသမားဘဝ လက်ရွေးစင်တွေမှာ မန်နေဂျာဖြစ်ခဲ့သူရဲ့ ကလပ်မှာ ပျော်ရွှင်စွာ ကစားနိုင်မယ်။ ဒါက အကူအညီဖြစ်ပြီး သူကလည်း တကယ်ကို လိုချင်ခဲ့ပါတယ်။ လူငယ်ကစားသမားအတွက် အပတ်တိုင်းတော့ ဂိုးမသွင်းနိုင်ပေမယ့် ပျော်ပျော်ရွှင်ရွှင်နဲ့ အပတ်တိုင်း ကစားခွင့်ရနေဖို့ ကွင်းထဲမှာ ရှိနေခွင့်ရဖို့က အရေးကြီးပါတယ်။

ဆွမ်းဆီးမှာ သူလုပ်နိုင်နေပါတယ်။ ရာသီကောင်းကို ကစားနေပြီး ရာဟမ်က အရည်အချင်းတွေလည်း ပြသနေတယ်။ ဒါက ရှင်းပါတယ်။ ဒီအခြေအနေက ပြီးပြည့်စုံလုနီးပါဖြစ်တယ်။ ဒါပေမယ့် လာမယ့်ရာသီ ဘာလုပ်ရမလဲဆိုတာကို သူရယ်၊ သူ့ရဲ့ အေးဂျင့်ရယ်နဲ့ ကျနေ်ာတို့ စကားပြောမှာပါ။ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘရူးစတားဟာ ဖာမင်နိုထံကနေ အများကြီး သင်ယူခွင့်ရခဲ့သူဖြစ်ပြီး ချန်ပီယံရှစ်မှာတော့ ပွဲကစားခွင့်တွေနဲ့အတူ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတာ ဖြစ်ပါတယ်။

ZAwGYI

ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးမွာ ေျခစြာေနတဲ့ ဘရူးစတားကို ဘယ္လို စီမံမလဲဆိုတာ ရာသီကုန္ရင္ စကားေျပာမွာပါလို႔ ကေလာ့ပ္က ထုတ္ေျပာလာပါတယ္။

လီဗာပူးအသင္းက အမ်ားၾကီး ေမွ်ာ္လင့္ထားတဲ့ ဘရူးစတားဟာ ကံဆိုးစြာပဲ ဒီရာသီဝက္မွာ ဒဏ္ရာျပႆနာ ျပန္လည္ထူေထာင္မႈေတြ လုပ္ေနခဲ့ရတာပါ။ မႏွစ္က ရခဲ့တဲ့ ဒူးဒဏ္ရာက သူ႔ကစားသမားဘဝ တက္လွမ္းကို နစ္နာေစခဲ့ျပီး ၾကံ႕ခိုင္မႈ ရလာဖို႔ ကာလရွည္ ျပန္ၾကိဳစားခဲ့ရေပမယ့္ အခုခ်ိန္မွာေတာ့ ေျခစြမ္းေကာင္းေတြ ျပန္သေနပါတယ္။

“ ရာဟမ္နဲ႔ ပက္သက္တဲ့ အစီအစဥ္ကေတာ့ သူနဲ႔ စကားေျပာမွာပါ။ ဒီမွာေတာ့ မဟုတ္ဘူးေပါ့ ” လို႔ ကေလာ့ပ္က ပြဲၾကိဳ မီဒီယာ ေတြ႔ဆံုမႈမွာ ေျပာပါတယ္။

မန္ေနဂ်ာကပဲ “ ရာဟမ္ကို အငွားခ်ေပးလိုက္ႏုိင္ျပီး သူ႔ကို စစ္မွန္တဲ့ စီနီယာကစားသမားဘဝကို ေပးလိုက္ႏုိင္တဲ့ အခြင့္အေရးအတြက္ တကယ္ကို ေပ်ာ္ရႊင္မိပါတယ္။ သူက စိတ္ပ်က္စရာ ဒဏ္ရာျပႆနာ ရင္ဆိုင္ခဲ့ရျပီး ကာလရွည္ အခ်ိန္ယူဖို႔လည္း လိုခဲ့သူျဖစ္တယ္။ သူ ဒဏ္ရာကေန ျပန္သက္သာလာေတာ့ အသင္းမွာ ဆက္ရွိေနတာက အဓိပၸာယ္ မရွိပါဘူး။ တိုက္စစ္သမားေလးအတြက္ ေနရာရဖို႔ လိုအပ္ပါတယ္။

သူ႔ရဲ႕ အေျခအေနက အသင္းက အျခားေသာ ကစားသမားေတြနဲ႔ ကြာျခားပါတယ္။ သူကလည္း လူငယ္ကစားသမားဘဝ လက္ေရြးစင္ေတြမွာ မန္ေနဂ်ာျဖစ္ခဲ့သူရဲ႕ ကလပ္မွာ ေပ်ာ္ရႊင္စြာ ကစားႏုိင္မယ္။ ဒါက အကူအညီျဖစ္ျပီး သူကလည္း တကယ္ကို လိုခ်င္ခဲ့ပါတယ္။ လူငယ္ကစားသမားအတြက္ အပတ္တိုင္းေတာ့ ဂိုးမသြင္းႏုိင္ေပမယ့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အပတ္တိုင္း ကစားခြင့္ရေနဖို႔ ကြင္းထဲမွာ ရွိေနခြင့္ရဖို႔က အေရးၾကီးပါတယ္။

ဆြမ္းဆီးမွာ သူလုပ္ႏုိင္ေနပါတယ္။ ရာသီေကာင္းကို ကစားေနျပီး ရာဟမ္က အရည္အခ်င္းေတြလည္း ျပသေနတယ္။ ဒါက ရွင္းပါတယ္။ ဒီအေျခအေနက ျပီးျပည့္စံုလုနီးပါျဖစ္တယ္။ ဒါေပမယ့္ လာမယ့္ရာသီ ဘာလုပ္ရမလဲဆိုတာကို သူရယ္၊ သူ႔ရဲ႕ ေအးဂ်င့္ရယ္နဲ႔ က်ေန္ာတို႔ စကားေျပာမွာပါ။ ” လို႔ ေျပာဆိုခ့ဲတာျဖစ္ပါတယ္။

ဘရူးစတားဟာ ဖာမင္ႏိုထံကေန အမ်ားၾကီး သင္ယူခြင့္ရခဲ့သူျဖစ္ျပီး ခ်န္ပီယံရွစ္မွာေတာ့ ပြဲကစားခြင့္ေတြနဲ႔အတူ ေျခစြမ္းျပ ဂိုးေတြ သြင္းယူေနတာ ျဖစ္ပါတယ္။