ဒီရာသီ ချန်ပီယံလိဂ်ကို အနိုင်ရမယ့် အသင်းနှစ်သင်းအဖြစ် သူယူဆတဲ့ ကလပ်တွေက မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်လို့ မန်နေဂျာကလော့ပ်က ပြောခဲ့ပါတယ်။ ဒါကလည်း မန်နေဂျာကလောပ့်က ဘိုင်ယန်ရဲ့ နည်းစနစ် တိုးတက်မှုကို မြင်ခဲ့တာကြောင့် ဖြစ်ပါလိမ့်မယ်။

ဥရောပမှာ ဖိအားပေးကစားခြင်းလို့ခေါ်တဲ့ pressing နည်းကို အသုံးပြုတဲ့ ကလပ်တွေ အများကြီး ရှိတယ်။ မန်စီးတီးက ဘောလုံးပေးမှုကို ဖိအားပေးခြင်းနဲ့ တွဲဖက်တဲ့ pressing ကို အသုံးပြုပြီး လီဗာပူးကတော့ ဖိအားပေးမှုကို စိတ်ဓါတ် ပြင်းပြစွာ တိုက်ခိုက်လိုမှုနဲ့ တွဲဘက်တဲ့ gegenpressing ကို သုံးပါတယ်။

ဥရောပမှာတော့ ပြိုင်ဘက်ထံက ဘောလုံးကို ဆာလောင်စိတ် အပြည့်နဲ့ တိုက်ခိုက်တဲ့ အသင်းတွေထဲမှာ လီဗာပူးထက် ပိုကောင်းတဲ့ အသင်း မရှိပါဘူး။ ဒါကြောင့်လည်း ကလော့ပ်ရဲ့ gegenpressing က စံနမူနာ ဖြစ်လာရပြီး ရုပ်ပိုင်းဆိုင်ရာ အားပြုတဲ့ ပရီးမီးယားလိဂ်နဲ့ ပိုင်ဆိုင်မှု အသားပေးတဲ့ လာလီဂါတို့ရဲ့ စံကစားကွက်တွေလို ဘွန်ဒက်လီဂါရဲ့ ကိုယ်ပိုင်ဟန်က pressing တောင် ဖြစ်လာရပါတယ်။

ဒီနှစ်မှာတော့ ဖိအားပေးမှုမှာ ဆရာကျပါတယ်ဆိုတဲ့ လီဗာပူးရဲ့ pressing နှုန်းကို ကျော်တက်နိုင်တဲ့ အသင်းတစ်သင်း ပေါ်ပေါက်လာခဲ့ပြီး အဲ့အသင်းက ဘိုင်ယန်မြူးနစ် ဖြစ်ပါတယ်။ Statsbomb က ထုတ်ပြန်တဲ့ အချက်အလက်အရ လီဗာပူးဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ မိနစ် ၉၀ အတွင်း ဖိအားပေးမှုက အကြိမ် ၅၀ ဖြစ်ပါတယ်။ ဒုတိယနေရာမှာ ရှိနေတဲ့ အသင်းက ဘိုင်ယန်ဖြစ်ပြီး ၄၇ ကြိမ်ဖြစ်တယ်။

ဒါပေမယ့် ဖိအားပေးမှု အောင်မြင်နှုန်းမှာ ဘိုင်ယန်က ၃၅% ဖြင့် အမြင့်ဆုံးဖြစ်ပြီး လီဗာပူးက ၃၁% ပဲ အောင်မြင်ပါတယ်။ ဒါဟာ ဘိုင်ယန်မြူးနစ်က ဖိအားပေးခြင်းတွေမှာ အာရုံစူးစိုက်မှု ဘယ်လောက်တောင် မြင်မားလာသလဲဆိုတာရဲ့ သက်သေပဲဖြစ်တယ်။

ဒီရာသီမှာတော့ မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ဖိအားပေးခြင်းကို အစွန်းဆုံ လုပ်စေခြင်း မဟုတ်ဘဲ ဘောလုံးပေးမှုကောင်းတွေအတွက် ပိုင်ဆိုင်မှုနဲ့ ဉာဏ်လွှာကစားမှုတွေကို ပိုသုံးလာခြင်းမျိုးတွေနဲ့ သူ့ရဲ့ စနစ်ကို အသွင်ပြောင်းလာခဲ့တယ်။

ဥရောပ ကလပ်တွေရဲ့ ဘောလုံးကစားဟန်ကို အမြဲစောင့်ကြည့်လေ့ရှိတဲ့ ကလော့ပ်က ဘိုင်ယန်ကို ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်ဆွဲမယ်လို့ ခန့်မှန်းခဲ့ခြင်းက ဂျာမာန်ကလပ်ရဲ့ ထူးချွန်ပြောင်မြောက်လာတဲ့ နည်းစနစ်ပိုင်းကို မြင်မိတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

ZAWGYI

ဒီရာသီ ခ်န္ပီယံလိဂ္ကို အႏုိင္ရမယ့္ အသင္းနွစ္သင္းအျဖစ္ သူယူဆတဲ့ ကလပ္ေတြက မန္စီးတီးနဲ႔ ဘိုင္ယန္ျမဴးနစ္လို႔ မန္ေနဂ်ာကေလာ့ပ္က ေျပာခဲ့ပါတယ္။ ဒါကလည္း မန္ေနဂ်ာကေလာပ့္က ဘိုင္ယန္ရဲ႕ နည္းစနစ္ တုိးတက္မႈကို ျမင္ခဲ့တာေၾကာင့္ ျဖစ္ပါလိမ့္မယ္။

ဥေရာပမွာ ဖိအားေပးကစားျခင္းလို႔ေခၚတဲ့ pressing နည္းကို အသံုးျပဳတဲ့ ကလပ္ေတြ အမ်ားၾကီး ရွိတယ္။ မန္စီးတီးက ေဘာလံုးေပးမႈကို ဖိအားေပးျခင္းနဲ႔ တြဲဖက္တဲ့ pressing ကို အသံုးျပဳျပီး လီဗာပူးကေတာ့ ဖိအားေပးမႈကို စိတ္ဓါတ္ ျပင္းျပစြာ တိုက္ခိုက္လိုမႈနဲ႔ တြဲဘက္တ့ဲ gegenpressing ကို သံုးပါတယ္။

ဥေရာပမွာေတာ့ ျပိဳင္ဘက္ထံက ေဘာလံုးကို ဆာေလာင္စိတ္ အျပည့္နဲ႔ တိုက္ခိုက္တဲ့ အသင္းေတြထဲမွာ လီဗာပူးထက္ ပိုေကာင္းတဲ့ အသင္း မရွိပါဘူး။ ဒါေၾကာင့္လည္း ကေလာ့ပ္ရဲ႕ gegenpressing က စံနမူနာ ျဖစ္လာရျပီး ရုပ္ပိုင္းဆိုင္ရာ အားျပဳတဲ့ ပရီးမီးယားလိဂ္နဲ႔ ပိုင္ဆုိင္မႈ အသားေပးတဲ့ လာလီဂါတို႔ရဲ႕ စံကစားကြက္ေတြလို ဘြန္ဒက္လီဂါရဲ႕ ကိုယ္ပိုင္ဟန္က pressing ေတာင္ ျဖစ္လာရပါတယ္။

ဒီႏွစ္မွာေတာ့ ဖိအားေပးမႈမွာ ဆရာက်ပါတယ္ဆိုတဲ့ လီဗာပူးရဲ႕ pressing ႏႈန္းကို ေက်ာ္တက္ႏုိင္တဲ့ အသင္းတစ္သင္း ေပၚေပါက္လာခဲ့ျပီး အဲ့အသင္းက ဘိုင္ယန္ျမဴးနစ္ ျဖစ္ပါတယ္။ Statsbomb က ထုတ္ျပန္တဲ့ အခ်က္အလက္အရ လီဗာပူးဟာ ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီ မိနစ္ ၉၀ အတြင္း ဖိအားေပးမႈက အၾကိမ္ ၅၀ ျဖစ္ပါတယ္။ ဒုတိယေနရာမွာ ရွိေနတဲ့ အသင္းက ဘိုင္ယန္ျဖစ္ျပီး ၄၇ ၾကိမ္ျဖစ္တယ္။

ဒါေပမယ့္ ဖိအားေပးမႈ ေအာင္ျမင္ႏႈန္းမွာ ဘိုင္ယန္က ၃၅% ျဖင့္ အျမင့္ဆံုးျဖစ္ျပီး လီဗာပူးက ၃၁% ပဲ ေအာင္ျမင္ပါတယ္။ ဒါဟာ ဘိုင္ယန္ျမဴးနစ္က ဖိအားေပးျခင္းေတြမွာ အာရံုစူးစိုက္မႈ ဘယ္ေလာက္ေတာင္ ျမင္မားလာသလဲဆိုတာရဲ႕ သက္ေသပဲျဖစ္တယ္။

ဒီရာသီမွာေတာ့ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ဖိအားေပးျခင္းကို အစြန္းဆံု လုပ္ေစျခင္း မဟုတ္ဘဲ ေဘာလံုးေပးမႈေကာင္းေတြအတြက္ ပိုင္ဆုိင္မႈနဲ႔ ဥာဏ္လႊာကစားမႈေတြကို ပိုသံုးလာျခင္းမ်ိဳးေတြနဲ႔ သူ႔ရဲ႕ စနစ္ကို အသြင္ေျပာင္းလာခဲ့တယ္။

ဥေရာပ ကလပ္ေတြရဲ႕ ေဘာလံုးကစားဟန္ကို အျမဲေစာင့္ၾကည့္ေလ့ရွိတဲ့ ကေလာ့ပ္က ဘိုင္ယန္ကို ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဗိုလ္ဆြဲမယ္လို႔ ခန္႔မွန္းခဲ့ျခင္းက ဂ်ာမာန္ကလပ္ရဲ႕ ထူးခၽြန္ေျပာင္ေျမာက္လာတဲ့ နည္းစနစ္ပိုင္းကို ျမင္မိတာေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္။