လီဗာပူးအသင်းဟာ ရာသီကုန်မှာတော့ ကစားသမားသစ် ခေါ်ယူရေးတွေ မတိုင်ခင်မှာ အရန်စာရင်းနဲ့ အငှားချ ကစားသမားတွေကို စီမံပေးမှုတွေ ပါဝင်မယ့် အသင်းလူစာရင်း စုဖွဲ့မှုကို အရင်ဆုံး ပြန်လုပ်သွားမှာဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ရှာကွီရီ၊ ဂရုဂျစ်၊ ဝဲလ်ဆန်တို့ကို ရောင်းထုတ်သွားဖို့ ရည်ရွယ်ပေမယ့်လည်း နွေမှာ ကစားသမားတွေနဲ့ ထိပ်တိုက် စကားပြောမှုနဲ့အတူ ညိနှိုင်းလုပ်ဆောင်မှုတွေ ရှိမှာဖြစ်တယ်။ လီဗာပူးက သူတို့ကို ရောင်းထုတ်မှုကနေ မှန်ကန်တဲ့ ဈေးနှုန်းတွေ ရနိုင်ဖို့ မျှော်လင့်ထားပြီး ကမ်းလှမ်းမယ့် အသင်းတွေနဲ့ သဘောတူညီမှု မရခဲ့ရင် ၁၂ လ ဆက်လက် ထိန်းသိမ်းထားမယ်လို့ The Athletic က ဖော်ပြပါတယ်။

ကစားသမားတွေကို သက်သာတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွင့်ပေးတာ၊ အလဲအထပ်တွေ လုပ်တာမျိုးကိုတော့ အသင်းဘက်က စဉ်းစားမှာ မဟုတ်ပါဘူး။ ဒါ့အပြင် နွေရာသီမှာ သိရမယ့် လာမယ့်ရာသီ ပရိသတ်ဝင်ခွင့် ဘယ်လောက်ရှိမလဲနဲ့ အခြားသော စီးပွားရေးပိုင်းဆိုင်ရာ ဝင်ငွေတွေကိုလည်း စမ်းစစ်သွားမှာဖြစ်တယ်။

လူသစ်ခေါ်ယူမှုတွေ ဆက်လုပ်ဖို့ ရည်ရွယ်ပေမယ့်လည်း အသင်းလူစာရင်းမှာ ဆက်မသုံးတော့မယ့် ကစားသမားတွေကို ရောင်းထုတ်ခြင်း မလုပ်နိုင်ဘဲတော့ ခေါ်ယူမှုတွေ ဆက်လုပ်မှာ မဟုတ်ပါဘူး။ မန်နေဂျာကလော့ပ်က အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်တွေဖြစ်တဲ့ အီလီယော့၊ ဂျုံးနဲ့ နီကိုးတို့ကို နေရာပေးဖို့ ကိစ္စကိုလည်း လုပ်ဆောင်ရမှာဖြစ်တယ်။

ဝဲလ်ဆန်နဲ့ ဂရုဂျစ်ဟာ လီဗာပူးက ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ ကစားသမားတွေထဲမှာ တန်ကြေးအကြီးဆုံး ကစားသမား ဖြစ်လာမှာဖြစ်သလို ရှာကွီရီကလည်း လုပ်ခမြင့်မားတဲ့ ကစားသမားဖြစ်လို့ သူ့တို့ရဲ့ အနာဂတ်ကို သေချာ သိရဖို့ကသာ အသင်းရဲ့ ဦးစားပေးဖြစ်တယ်။ ဒါ့အပြင် ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးဖို့ကို ကြိုးစားနေဆဲဖြစ်ပြီး ဘောလုံးရာသီ ပြန်မစခင် သဘောတူညီမှု ရယူကာ မဟုတ်ခဲ့ရင်တော့ ရောင်းထုတ်သွားမလားဆိုတာကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ရာသီကုန္မွာေတာ့ ကစားသမားသစ္ ေခၚယူေရးေတြ မတိုင္ခင္မွာ အရန္စာရင္းနဲ႔ အငွားခ် ကစားသမားေတြကို စီမံေပးမႈေတြ ပါဝင္မယ့္ အသင္းလူစာရင္း စုဖြဲ႔မႈကို အရင္ဆံုး ျပန္လုပ္သြားမွာျဖစ္ပါတယ္။

ေယဘုယ်အားျဖင့္ ရွာကီြရီ၊ ဂရုဂ်စ္၊ ဝဲလ္ဆန္တို႔ကို ေရာင္းထုတ္သြားဖို႔ ရည္ရြယ္ေပမယ့္လည္း ေႏြမွာ ကစားသမားေတြနဲ႔ ထိပ္တိုက္ စကားေျပာမႈနဲ႔အတူ ညိႏိႈင္းလုပ္ေဆာင္မႈေတြ ရွိမွာျဖစ္တယ္။ လီဗာပူးက သူတို႔ကုိ ေရာင္းထုတ္မႈကေန မွန္ကန္တဲ့ ေစ်းႏႈန္းေတြ ရႏုိင္ဖို႔ ေမွ်ာ္လင့္ထားျပီး ကမ္းလွမ္းမယ့္ အသင္းေတြနဲ႔ သေဘာတူညီမႈ မရခဲ့ရင္ ၁၂ လ ဆက္လက္ ထိန္းသိမ္းထားမယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ကစားသမားေတြကို သက္သာတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြင့္ေပးတာ၊ အလဲအထပ္ေတြ လုပ္တာမ်ိဳးကိုေတာ့ အသင္းဘက္က စဥ္းစားမွာ မဟုတ္ပါဘူး။ ဒါ့အျပင္ ေႏြရာသီမွာ သိရမယ့္ လာမယ့္ရာသီ ပရိသတ္ဝင္ခြင့္ ဘယ္ေလာက္ရွိမလဲနဲ႔ အျခားေသာ စီးပြားေရးပိုင္းဆိုင္ရာ ဝင္ေငြေတြကိုလည္း စမ္းစစ္သြားမွာျဖစ္တယ္။

လူသစ္ေခၚယူမႈေတြ ဆက္လုပ္ဖို႔ ရည္ရြယ္ေပမယ့္လည္း အသင္းလူစာရင္းမွာ ဆက္မသံုးေတာ့မယ့္ ကစားသမားေတြကို ေရာင္းထုတ္ျခင္း မလုပ္ႏုိင္ဘဲေတာ့ ေခၚယူမႈေတြ ဆက္လုပ္မွာ မဟုတ္ပါဘူး။ မန္ေနဂ်ာကေလာ့ပ္က အကယ္ဒမီကေန ထြက္ေပၚလာတဲ့ လူငယ္ေတြျဖစ္တဲ့ အီလီေယာ့၊ ဂ်ံဳးနဲ႔ နီကိုးတို႔ကို ေနရာေပးဖို႔ ကိစၥကိုလည္း လုပ္ေဆာင္ရမွာျဖစ္တယ္။

ဝဲလ္ဆန္နဲ႔ ဂရုဂ်စ္ဟာ လီဗာပူးက ေရာင္းထုတ္ဖို႔ ဆံုးျဖတ္ထားတဲ့ ကစားသမားေတြထဲမွာ တန္ေၾကးအၾကီးဆံုး ကစားသမား ျဖစ္လာမွာျဖစ္သလို ရွာကီြရီကလည္း လုပ္ချမင့္မားတဲ့ ကစားသမားျဖစ္လို႔ သူ႔တို႔ရဲ႕ အနာဂတ္ကို ေသခ်ာ သိရဖို႔ကသာ အသင္းရဲ႕ ဦးစားေပးျဖစ္တယ္။ ဒါ့အျပင္ ဝိုက္နယ္ဒမ္ကို သက္တမ္းတိုးဖို႔ကို ၾကိဳးစားေနဆဲျဖစ္ျပီး ေဘာလံုးရာသီ ျပန္မစခင္ သေဘာတူညီမႈ ရယူကာ မဟုတ္ခဲ့ရင္ေတာ့ ေရာင္းထုတ္သြားမလားဆိုတာကို ဆံုးျဖတ္မယ္လို႔ သိရပါတယ္။