ဗီလာမန်နေဂျာ ဒန်စမစ်က သူတို့အသင်း ဒီအပတ်မှာ ရင်ဆိုင်ရမယ့် ယူနိုက်တက်ဟာ လီဗာပူးတိုက်စစ်သမားတွေကို ရင်ဆိုင်ရသလောက်တော့ ခက်ခဲမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်တယ်။

သူအတွက်တော့ လီဗာပူးတိုက်စစ်သမားတွေက အကောင်းဆုံး တိုက်စစ်မှူးတွေဖြစ်ကြောင်းကို အက်စတွန်ဗီလာ မန်နေဂျာ ဒန်စမစ်က

” မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကို ရင်ဆိုင်ရမှာက ခက်ခဲတဲ့ စိန်ခေါ်မှုပါ ဒါပေမယ့် အန်ဖီးကွင်းမှာ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့လို အကောင်းဆုံးတိုက်စစ်သမားတွေကို ရင်ဆိုင်ရသလောက်တော့ ခက်ခဲမှာ မဟုတ်ပါဘူး။ ကျနေ်ာတို့က ချန်ပီယံတွေကို ရင်ဆိုင်ခဲ့ရတာပါ။

လီဗာပူးကို ရင်ဆိုင်ခဲ့တဲ့ပွဲမှာ ကျနေ်ာတို့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း နောက်တစ်ကြိမ် ဆက်လက် လုပ်ဆောင်သွားဖို့ပဲ လိုပါတယ်။ အဆုံးသတ်ပိုင်းတွေမှာ အခွင့်အရေးတွေ ရလာတဲ့အခါ အရယူနိုင်စွမ်း ရှိဖို့တော့ လိုအပ်ပါတယ် ” လို့ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ ပြန်စတင်လာပြီးနောက်ပိုင်းမှာ ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ထက် ယူနိုက်တက် တိုက်စစ်သုံးဦးက ဂိုးပိုသွင်းတယ်ဆိုပြီး နှိုင်းယှဉ်မှုတွေ ထွက်ပေါ်နေတာပါ။

ယူနိုက်တက်တိုက်စစ်က ရပ်ဖိုဒ့်၊ မာရှယ်၊ ဂရင်းဝုဒ်တို့ စုစုပေါင်း သွင်းဂိုးရဲ့ ၃၀% ဟာ လိဂ်ဖလား၊ အက်ဖ်အေနဲ့ ယူရိုပါလိဂ်တို့မှာ သွင်းယူထားတာဖြစ်ပြီး သူတို့ သွင်းဂိုးအားလုံးရဲ့ ၁၅% က ပင်နယ်တီကနေ သွင်းယူထားတာဖြစ်တယ်။

ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ သွင်းယူထားတဲ့ သွင်းဂိုး ၅၂ ဂိုးရဲ့ ၉၄% က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာ သွင်းယူထားတာဖြစ်တယ်။ တိုက်စစ်သမားတွေရဲ့ သွင်းဂိုးမှာ ပင်နယ်တီက ၆% ပဲ ပါဝင်ပါတယ်။

ZAWGYI

ဗီလာမန္ေနဂ်ာ ဒန္စမစ္က သူတို႔အသင္း ဒီအပတ္မွာ ရင္ဆုိင္ရမယ့္ ယူႏုိက္တက္ဟာ လီဗာပူးတိုက္စစ္သမားေတြကို ရင္ဆိုင္ရသေလာက္ေတာ့ ခက္ခဲမွာ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္တယ္။

သူအတြက္ေတာ့ လီဗာပူးတိုက္စစ္သမားေတြက အေကာင္းဆံုး တိုက္စစ္မွဴးေတြျဖစ္ေၾကာင္းကို အက္စတြန္ဗီလာ မန္ေနဂ်ာ ဒန္စမစ္က

” မန္ခ်က္စတာ ယူႏုိက္တက္ တိုက္စစ္ကို ရင္ဆိုင္ရမွာက ခက္ခဲတဲ့ စိန္ေခၚမႈပါ ဒါေပမယ့္ အန္ဖီးကြင္းမွာ မာေနး၊ ဆာလက္၊ ဖာမင္ႏိုတို႔လို အေကာင္းဆံုးတိုက္စစ္သမားေတြကို ရင္ဆိုင္ရသေလာက္ေတာ့ ခက္ခဲမွာ မဟုတ္ပါဘူး။ က်ေန္ာတို႔က ခ်န္ပီယံေတြကို ရင္ဆိုင္ခဲ့ရတာပါ။

လီဗာပူးကို ရင္ဆိုင္ခဲ့တဲ့ပြဲမွာ က်ေန္ာတို႔ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္အတုိင္း ေနာက္တစ္ၾကိမ္ ဆက္လက္ လုပ္ေဆာင္သြားဖို႔ပဲ လိုပါတယ္။ အဆံုးသတ္ပိုင္းေတြမွာ အခြင့္အေရးေတြ ရလာတဲ့အခါ အရယူနုိင္စြမ္း ရွိဖို႔ေတာ့ လိုအပ္ပါတယ္ ” လို႔ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။

ေဘာလံုးပြဲေတြ ျပန္စတင္လာျပီးေနာက္ပိုင္းမွာ ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ထက္ ယူႏိုက္တက္ တိုက္စစ္သုံးဦးက ဂိုးပိုသြင္းတယ္ဆိုၿပီး ႏႈိင္းယွဥ္မႈေတြ ထြက္ေပၚေနတာပါ။

ယူႏိုက္တက္တိုက္စစ္က ရပ္ဖိုဒ့္၊ မာရွယ္၊ ဂရင္းဝုဒ္တို႔ စုစုေပါင္း သြင္းဂိုးရဲ႕ ၃၀% ဟာ လိဂ္ဖလား၊ အက္ဖ္ေအနဲ႔ ယူ႐ိုပါလိဂ္တို႔မွာ သြင္းယူထားတာျဖစ္ၿပီး သူတို႔ သြင္းဂိုးအားလုံးရဲ႕ ၁၅% က ပင္နယ္တီကေန သြင္းယူထားတာျဖစ္တယ္။

ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ သြင္းယူထားတဲ့ သြင္းဂိုး ၅၂ ဂိုးရဲ႕ ၉၄% က ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္တို႔မွာ သြင္းယူထားတာျဖစ္တယ္။ တိုက္စစ္သမားေတြရဲ႕ သြင္းဂိုးမွာ ပင္နယ္တီက ၆% ပဲ ပါဝင္ပါတယ္။