ဒန်းစမစ်က ” မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကို ရင်ဆိုင်ရမှာက ခက်ခဲတဲ့ စိန်ခေါ်မှုပါ ဒါပေမယ့် အန်ဖီးကွင်းမှာ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့လို အကောင်းဆုံးတိုက်စစ်သမားတွေကို ရင်ဆိုင်ရသလောက်တော့ ခက်ခဲမှာ မဟုတ်ပါဘူး။ ” လို့ မှတ်ချက်ပေးပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း စတာရစ်ဟာ တူရကီလိဂ်ကို စွန့်ခွာဖို့ နီးစပ်နေပြီး အမေရိကန် မေဂျာလိဂ်ထံ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

မန်နေဂျာကတော့ ဆာဒီယိုဟာ လူငယ်ကစားသမားဘဝမှာ ခြေစွမ်းကောင်းပေမယ့် ခြေစွမ်း မတည်ငြိမ်တဲ့ အားနည်းချက် ရှိခဲ့ပြီး ဒီဘက် နှစ်တွေမှာ အဆိုပါ အားနည်းချက်ကို ဖာထေးနိုင်ခဲ့တာကြောင့် ကမ္ဘာအဆင့်ကို ရောက်လာခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

လီဗာပူးအသင်းဟာ ရာသီကုန်မှာတော့ ကစားသမားသစ် ခေါ်ယူရေးတွေ မတိုင်ခင်မှာ အရန်စာရင်းနဲ့ အငှားချ ကစားသမားတွေကို စီမံပေးမှုတွေ ပါဝင်မယ့် အသင်းလူစာရင်း စုဖွဲ့မှုကို အရင်ဆုံး ပြန်လုပ်သွားမှာဖြစ်ပါတယ်။

ဒီနှစ်မှာ လီဗာပူးရဲ့ pressing နှုန်းထက် ဖိအားပေးမှုပိုင်း ပိုမိုတိကျတဲ့ အသင်းတစ်သင်း ပေါ်ပေါက်လာခဲ့ပြီး အဲ့အသင်းက ဘိုင်ယန်မြူးနစ် ဖြစ်ပါတယ်။ မန်နေဂျာကလော့ပ် ကိုယ်တိုင်ကလည်း ဘိုင်ယန်ရဲ့ ဒီရာသီ ထွန်းတောက်လာမှုကို မြင်ထားပြီး ချန်ပီယံလိဂ်ဖလားအောင် ရနိုင်တယ်လို့ မှတ်ချက် ပေးထားပါတယ်။

ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးမှာ ခြေစွာနေတဲ့ ဘရူးစတားကို ဘယ်လို စီမံမလဲဆိုတာ ရာသီကုန်ရင် စကားပြောမှာပါလို့ ကလော့ပ်က ထုတ်ပြောလာပါတယ်။

အက်ဖ်အေကတော့ လာမယ့်ရာသီအတွက် ပထမဆုံးသော ပွဲစဉ်ဖြစ်တဲ့ ကွန်မြူနတီဒိုင်းကို သြဂုတ်လ ၃၀ ရက်နေ့မှာ ကစားလိုနေတယ်လို့ သိရပါတယ်။

မန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီမှာ အဒမ် လယ်လာနာဟာ လီဗာပူးနဲ့ သက်တမ်းတိုးခဲ့ပေမယ့် ပွဲကစားပေးတော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုပါတယ်။

လီဗာပူးအသင်းဟာ အသက် ၃၆ နှစ်အရွယ် ဝါရင့် ဂိုးသမားကြီး လိုနာဂန်ကို သက်တမ်းထပ်တိုးဖို့ စဉ်းစားနေပါတယ်။ လိုနာဂန်က သူ့ကို လီဗာပူးက စာချုပ်ချုပ်ထားတာက ပွဲနေ့တွေမှာ ဝင်ဖမ်းဖို့ မဟုတ်ဘဲ လေ့ကျင့်ရေးကွင်းမှာ အသင်းဖော်တွေနဲ့ လေ့ကျင့်ပေးဖို့သာ ဖြစ်ကြောင်း နားလည်တယ်လို့ ထုတ်ပြောပါတယ်။

ဘရိုက်တန်နဲ့ပွဲကြိုမှာ လီဗာပူးအသင်းက ဘရိုက်တန်နဲ့ မိုင် ၂၀ အဝေးမှာရှိတဲ့ Crawley Town အသင်း အိမ်ကွင်းမှာ လေ့ကျင့်ရေး ဆင်းခဲ့ပြီး အဆိုပါကွင်းရဲ့ မြက်ခင်းဟာ အရမ်းကို ကောင်းပါတယ်လို့ ချီးကျူးခဲ့ပါတယ်။ Crawley Town ကလည်း ဥရောပချန်ပီယံကြီးကို ကြိုဆိုရမှာမို့ ကွင်းကို ရှယ်သထားတာပါလို့ တုန့်ပြန်သွားပါတယ်။

ZAWGYI

ဒန္းစမစ္က ” မန္ခ်က္စတာ ယူႏုိက္တက္ တိုက္စစ္ကို ရင္ဆိုင္ရမွာက ခက္ခဲတဲ့ စိန္ေခၚမႈပါ ဒါေပမယ့္ အန္ဖီးကြင္းမွာ မာေနး၊ ဆာလက္၊ ဖာမင္ႏိုတို႔လို အေကာင္းဆံုးတိုက္စစ္သမားေတြကို ရင္ဆိုင္ရသေလာက္ေတာ့ ခက္ခဲမွာ မဟုတ္ပါဘူး။ ” လို႔ မွတ္ခ်က္ေပးပါတယ္။

လီဗာပူးတိုက္စစ္မွဴးေဟာင္း စတာရစ္ဟာ တူရကီလိဂ္ကို စြန္႔ခြာဖို႔ နီးစပ္ေနျပီး အေမရိကန္ ေမဂ်ာလိဂ္ထံ ေျပာင္းေရႊ႔ဖို႔ ရွိေနပါတယ္။

မန္ေနဂ်ာကေတာ့ ဆာဒီယိုဟာ လူငယ္ကစားသမားဘဝမွာ ေျခစြမ္းေကာင္းေပမယ့္ ေျခစြမ္း မတည္ျငိမ္တဲ့ အားနည္းခ်က္ ရွိခဲ့ျပီး ဒီဘက္ ႏွစ္ေတြမွာ အဆိုပါ အားနည္းခ်က္ကို ဖာေထးႏုိင္ခဲ့တာေၾကာင့္ ကမၻာအဆင့္ကို ေရာက္လာခဲ့ျခင္း ျဖစ္တယ္လို႔ ေျပာပါတယ္။

လီဗာပူးအသင္းဟာ ရာသီကုန္မွာေတာ့ ကစားသမားသစ္ ေခၚယူေရးေတြ မတိုင္ခင္မွာ အရန္စာရင္းနဲ႔ အငွားခ် ကစားသမားေတြကို စီမံေပးမႈေတြ ပါဝင္မယ့္ အသင္းလူစာရင္း စုဖြဲ႔မႈကို အရင္ဆံုး ျပန္လုပ္သြားမွာျဖစ္ပါတယ္။

ဒီႏွစ္မွာ လီဗာပူးရဲ႕ pressing ႏႈန္းထက္ ဖိအားေပးမႈပိုင္း ပိုမိုတိက်တဲ့ အသင္းတစ္သင္း ေပၚေပါက္လာခဲ့ျပီး အဲ့အသင္းက ဘိုင္ယန္ျမဴးနစ္ ျဖစ္ပါတယ္။ မန္ေနဂ်ာကေလာ့ပ္ ကိုယ္တုိင္ကလည္း ဘုိင္ယန္ရဲ႕ ဒီရာသီ ထြန္းေတာက္လာမႈကို ျမင္ထားျပီး ခ်န္ပီယံလိဂ္ဖလားေအာင္ ရႏုိင္တယ္လို႔ မွတ္ခ်က္ ေပးထားပါတယ္။

ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးမွာ ေျခစြာေနတဲ့ ဘရူးစတားကို ဘယ္လို စီမံမလဲဆိုတာ ရာသီကုန္ရင္ စကားေျပာမွာပါလို႔ ကေလာ့ပ္က ထုတ္ေျပာလာပါတယ္။

အက္ဖ္ေအကေတာ့ လာမယ့္ရာသီအတြက္ ပထမဆံုးေသာ ပြဲစဥ္ျဖစ္တဲ့ ကြန္ျမဴနတီဒိုင္းကို ၾသဂုတ္လ ၃၀ ရက္ေန႔မွာ ကစားလိုေနတယ္လို႔ သိရပါတယ္။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီမွာ အဒမ္ လယ္လာနာဟာ လီဗာပူးနဲ႔ သက္တမ္းတိုးခဲ့ေပမယ့္ ပြဲကစားေပးေတာ့မွာ မဟုတ္ဘူးလို႔ ျပတ္ျပတ္သားသား ေျပာဆိုပါတယ္။

လီဗာပူးအသင္းဟာ အသက္ ၃၆ ႏွစ္အရြယ္ ဝါရင့္ ဂိုးသမားၾကီး လိုနာဂန္ကို သက္တမ္းထပ္တိုးဖို႔ စဥ္းစားေနပါတယ္။ လိုနာဂန္က သူ႔ကို လီဗာပူးက စာခ်ဳပ္ခ်ဳပ္ထားတာက ပြဲေန႔ေတြမွာ ဝင္ဖမ္းဖို႔ မဟုတ္ဘဲ ေလ့က်င့္ေရးကြင္းမွာ အသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ေပးဖို႔သာ ျဖစ္ေၾကာင္း နားလည္တယ္လို႔ ထုတ္ေျပာပါတယ္။

ဘရိုက္တန္နဲ႔ပြဲၾကိဳမွာ လီဗာပူးအသင္းက ဘရိုက္တန္နဲ႔ မိုင္ ၂၀ အေဝးမွာရွိတဲ့ Crawley Town အသင္း အိမ္ကြင္းမွာ ေလ့က်င့္ေရး ဆင္းခဲ့ျပီး အဆိုပါကြင္းရဲ႕ ျမက္ခင္းဟာ အရမ္းကို ေကာင္းပါတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။ Crawley Town ကလည္း ဥေရာပခ်န္ပီယံၾကီးကို ၾကိဳဆိုရမွာမို႔ ကြင္းကို ရွယ္သထားတာပါလို႔ တုန္႔ျပန္သြားပါတယ္။