ဘရိုက်တန်နဲ့ပွဲမှာတော့ ဘယ်အစွန်နေရာကို နီကိုး ပွဲထွက်ကစားခွင့်ရခဲ့တယ်။ ညာအစွန်ကနေ ဘယ်အစွန်ကို ပြောင်းကစားရတာက နီကိုးအတွက် အခက်အခဲဖြစ်ပေမယ့် သူ အကောင်းဆုံး ကစားပေးခဲ့ပါတယ်။

ဖြတ်တင်ဘောတွေ လုပ်ရာမှာ ဘယ်ခြေ အားမသန်တာကြောင့် အရမ်းကောင်းတဲ့ ပေးမှုတွေတော့ မထွက်ခဲ့ဘူး။ ဒါပေမယ့် ခံစစ်ကို ပြန်ကူရာမှာ ကောင်းမွန်ခဲ့သလို ဖြတ်ထုတ်မှုကောင်းလည်း လုပ်နိုင်ခဲ့တယ်။ အဝါကဒ် ရခဲ့တဲ့နောက် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတယ်။ ဒီအဝါကဒ်ကြောင့်ပဲ ဒုတိယပိုင်းမှာ နီကိုးကို လူစားလဲခဲ့ရပါတယ်။

ပွဲထွက်ကစားရာမှာ သွေးကြွနေပြီး လုပ်ပြလိုစိတ်တွေ များနေတဲ့ နီကိုးကို အမှားတွေ မလုပ်မိစေဖို့ ပထမပိုင်းပဲ ကစားစေခဲ့တာဖြစ်ကြောင်းနဲ့ သူ့ရဲ့ ကစားပုံကို သဘောတွေ့မိကြောင်း ကလော့ပ်က ရှင်းပြခဲ့တယ်။

မန်နေဂျာကလော့ပ်က ” ဘောလုံးအကြောင်း ကျနော် သိပါတယ်။ ပထမပိုင်း ၄၅ မိနစ်အပြီး ကစားသမားတစ်ယောက်ကို ထုတ်လိုက်တာက မကောင်းဘူးလို့ လူတိုင်း ထင်ကြပါလိမ့်မယ်။ သူက အဝါကဒ် ရခဲ့ပြီး ဘယ်ခြမ်းမှာ သူ့ကို လုံလောက်အောင် ကာကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။

သူ့အတွက် ပထမဆုံး ပရော်ဖက်ရှင်နယ် ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့တာဖြစ်လို့ သူ့ကို ဖြတ်ထုတ်မှုတွေ မလုပ်ဖို့ မပြောနိုင်ပါဘူး။ သူ ကစားတာ အတော်များများကို ကျနော် ကြိုက်ပါတယ်။ သူက သင်ယူမှုကောင်းတွေ လုပ်နိုင်ပြီး သိပ်လည်း ပြဿနာတွေ မရှိခဲ့ပါဘူူး။ သူ ကစားတာကို ကျနော် သဘောကျပါတယ်။ ” လို့ ရှင်းပြခဲ့တယ်။

ထရန့်ကလည်း ” ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်မှုဖြစ်ပြီး နီကိုးက ဒီပွဲကို ဘယ်တော့မှ မေ့တော့မှာ မဟုတ်ပါဘူး။ သူ ကစားလိုတဲ့ အတိုင်းတော့ မဟုတ်ခဲ့ပေမယ့် သူက ငယ်ရွယ်ပါသေးတယ်။ သင်ယူဖို့အတွက် အမှားတွေ လုပ်ဖို့ လိုပါတယ်။ သူ သင်ယူလာမှာပါ၊ တိုးတက်လာမှာပါ။ သူက ကမ္ဘာအဆင့် ကစားသမား ဖြစ်လာနိုင်တဲ့ ကစားသမားကောင်း တစ်ဦးဆိုတာကို ပြသနိုင်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဘရိုက္တန္နဲ႔ပြဲမွာေတာ့ ဘယ္အစြန္ေနရာကို နီကိုး ပြဲထြက္ကစားခြင့္ရခဲ့တယ္။ ညာအစြန္ကေန ဘယ္အစြန္ကို ေျပာင္းကစားရတာက နီကိုးအတြက္ အခက္အခဲျဖစ္ေပမယ့္ သူ အေကာင္းဆံုး ကစားေပးခဲ့ပါတယ္။

ျဖတ္တင္ေဘာေတြ လုပ္ရာမွာ ဘယ္ေျခ အားမသန္တာေၾကာင့္ အရမ္းေကာင္းတဲ့ ေပးမႈေတြေတာ့ မထြက္ခဲ့ဘူး။ ဒါေပမယ့္ ခံစစ္ကို ျပန္ကူရာမွာ ေကာင္းမြန္ခဲ့သလို ျဖတ္ထုတ္မႈေကာင္းလည္း လုပ္ႏုိင္ခဲ့တယ္။ အဝါကဒ္ ရခဲ့တဲ့ေနာက္ ဒုတိယပိုင္းမွာ လူစားလဲခံခဲ့ရတယ္။ ဒီအဝါကဒ္ေၾကာင့္ပဲ ဒုတိယပိုင္းမွာ နီကိုးကို လူစားလဲခဲ့ရပါတယ္။

ပြဲထြက္ကစားရာမွာ ေသြးၾကြေနျပီး လုပ္ျပလိုစိတ္ေတြ မ်ားေနတဲ့ နီကိုးကို အမွားေတြ မလုပ္မိေစဖို႔ ပထမပိုင္းပဲ ကစားေစခဲ့တာျဖစ္ေၾကာင္းနဲ႔ သူ႔ရဲ႕ ကစားပံုကို သေဘာေတြ႔မိေၾကာင္း ကေလာ့ပ္က ရွင္းျပခဲ့တယ္။

မန္ေနဂ်ာကေလာ့ပ္က ” ေဘာလံုးအေၾကာင္း က်ေနာ္ သိပါတယ္။ ပထမပိုင္း ၄၅ မိနစ္အျပီး ကစားသမားတစ္ေယာက္ကို ထုတ္လိုက္တာက မေကာင္းဘူးလို႔ လူတိုင္း ထင္ၾကပါလိမ့္မယ္။ သူက အဝါကဒ္ ရခဲ့ျပီး ဘယ္ျခမ္းမွာ သူ႔ကို လံုေလာက္ေအာင္ ကာကြယ္ႏုိင္ခဲ့ျခင္း မရွိပါဘူး။

သူ႔အတြက္ ပထမဆံုး ပေရာ္ဖက္ရွင္နယ္ ပြဲထြက္လူစာရင္းကေန ပါဝင္ခြင့္ရခဲ့တာျဖစ္လို႔ သူ႔ကို ျဖတ္ထုတ္မႈေတြ မလုပ္ဖို႔ မေျပာႏုိင္ပါဘူး။ သူ ကစားတာ အေတာ္မ်ားမ်ားကို က်ေနာ္ ၾကိဳက္ပါတယ္။ သူက သင္ယူမႈေကာင္းေတြ လုပ္ႏုိင္ျပီး သိပ္လည္း ျပႆနာေတြ မရွိခဲ့ပါဘူူး။ သူ ကစားတာကို က်ေနာ္ သေဘာက်ပါတယ္။ ” လို႔ ရွင္းျပခဲ့တယ္။

ထရန္႔ကလည္း ” ပထမဆံုး ပရီးမီးယားလိဂ္ ပြဲထြက္မႈျဖစ္ျပီး နီကိုးက ဒီပြဲကို ဘယ္ေတာ့မွ ေမ့ေတာ့မွာ မဟုတ္ပါဘူး။ သူ ကစားလိုတဲ့ အတိုင္းေတာ့ မဟုတ္ခဲ့ေပမယ့္ သူက ငယ္ရြယ္ပါေသးတယ္။ သင္ယူဖို႔အတြက္ အမွားေတြ လုပ္ဖို႔ လိုပါတယ္။ သူ သင္ယူလာမွာပါ၊ တိုးတက္လာမွာပါ။ သူက ကမၻာအဆင့္ ကစားသမား ျဖစ္လာႏုိင္တဲ့ ကစားသမားေကာင္း တစ္ဦးဆိုတာကို ျပသႏုိင္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။