ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ဟန်ဒါဆန်ရဲ့ ဒူးဒဏ်ရာ အခြေအနေက စကန်ဖတ်ရဖို့ ရှိနေတယ်လို့ သတင်းတွေ ကျယ်ပြန့်နေပါတယ်။

လီဗာပူးက ဘရိုက်တန်ကို ပွဲချိန် ၈ မိနစ်မှာပဲ ၂-၀ နဲ့ ဦးဆောင်နိုင်ဖို့ ဒုတိယဂိုးကို ဟန်ဒါဆန်က သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ဒဏ်ရာရခဲ့လို့ ဂျိမ်းမီလ်နာနဲ့ လူစားလဲခဲ့ရတာဖြစ်တယ်။ ဟန်ဒါဆန်ဟာ အသင်းနဲ့အတူပဲ လီဗာပူးကို ပြန်သွားပေမယ့် သူ့ရဲ့ ဒဏ်ရာအခြေအနေကို တိတိကျကျ မသိရသေးပါဘူး။

ဒဏ်ရာအခြေအနေ ဘယ်လောက်ထိ ပြင်းထန်သလဲဆိုတာကို စကန်ဖတ်ပြီးမှ သိရမှာဖြစ်ပြီး လောလောဆယ်မှာတော့ မန်နေဂျာ ယာဂင်ကလော့ပ် ကိုယ်တိုင်လည်း မသိသေးပါဘူး။

ကလော့ပ်ကတော့ ” အတိအကျတော့ ကျနော်လည်း မသိပါဘူး။ ဒါပေမယ့် ဖြစ်သွားတာက ဒူးလို့ ထင်ပါတယ်။ ကျနေ်ာတို့ စောင့်ကြည့်ရမှာပါ။ ဒဏ်ရာကို စကန်ဖတ်ရမှာဖြစ်ပြီး ဒါက ပေါ့သေးသေး မဟုတ်ဘူးဆိုတာတော့ ကျနေ်ာတို့ သိပါတယ်။ ဒီတော့ ဒါလောက် ဖြေရှင်ကို အခြေအနေ သိလောက်ပါပြီ။

ဟန်ဒို ဘယ်လိုနေသလဲ ကျနော် မသိသေးပါဘူး။ ပွဲပြီးပြီးချင်း ကျနော် အင်တာဗျူး လာလုပ်ပေးနေတာလေ။ အဝတ်လဲခန်းမှာ သူဘယ် ဖြစ်နေလဲ ကျနော် မသိသေးပါဘူး ” လို့ ဖြေပေးသွားပါတယ်။

ဇူလိုင်လ ၂၂ ရက် ချယ်ဆီးနဲ့ ယှဉ်ပြိုင်မယ့်ပွဲက ဒီရာသီ လီဗာပူးအတွက် နောက်ဆုံးသော ပရီးမီးယားလိဂ် အိမ်ကွင်းပွဲဖြစ်ပြီး အဆိုပါပွဲမှာတော့ လီဗာပူးအသင်းဟာ ပွဲအပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ကိုင်မြောက်ခွင့် ရမှာဖြစ်ပါတယ်။ ဟန်ဒါဆန်က အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ပေးရမယ့် အဲ့ပွဲကိုပါ လွဲချော်သွားမလား ပရိသတ်တွေက စိုးရိမ်နေပါတယ်။

ZAWGYI

ဘရိုက္တန္နဲ႔ပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ ဟန္ဒါဆန္ရဲ႕ ဒူးဒဏ္ရာ အေျခအေနက စကန္ဖတ္ရဖို႔ ရွိေနတယ္လို႔ သတင္းေတြ က်ယ္ျပန္႔ေနပါတယ္။

လီဗာပူးက ဘရိုက္တန္ကို ပြဲခ်ိန္ ၈ မိနစ္မွာပဲ ၂-၀ နဲ႔ ဦးေဆာင္ႏုိင္ဖို႔ ဒုတိယဂိုးကို ဟန္ဒါဆန္က သြင္းယူခဲ့တာပါ။ ဒုတိယပိုင္းမွာေတာ့ ဒဏ္ရာရခဲ့လို႔ ဂ်ိမ္းမီလ္နာနဲ႔ လူစားလဲခဲ့ရတာျဖစ္တယ္။ ဟန္ဒါဆန္ဟာ အသင္းနဲ႔အတူပဲ လီဗာပူးကို ျပန္သြားေပမယ့္ သူ႔ရဲ႕ ဒဏ္ရာအေျခအေနကို တိတိက်က် မသိရေသးပါဘူး။

ဒဏ္ရာအေျခအေန ဘယ္ေလာက္ထိ ျပင္းထန္သလဲဆိုတာကို စကန္ဖတ္ျပီးမွ သိရမွာျဖစ္ျပီး ေလာေလာဆယ္မွာေတာ့ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ ကိုယ္တုိင္လည္း မသိေသးပါဘူး။

ကေလာ့ပ္ကေတာ့ ” အတိအက်ေတာ့ က်ေနာ္လည္း မသိပါဘူး။ ဒါေပမယ့္ ျဖစ္သြားတာက ဒူးလို႔ ထင္ပါတယ္။ က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာပါ။ ဒဏ္ရာကို စကန္ဖတ္ရမွာျဖစ္ျပီး ဒါက ေပါ့ေသးေသး မဟုတ္ဘူးဆိုတာေတာ့ က်ေန္ာတို႔ သိပါတယ္။ ဒီေတာ့ ဒါေလာက္ ေျဖရွင္ကို အေျခအေန သိေလာက္ပါျပီ။

ဟန္ဒို ဘယ္လိုေနသလဲ က်ေနာ္ မသိေသးပါဘူး။ ပြဲျပီးျပီးခ်င္း က်ေနာ္ အင္တာဗ်ဴး လာလုပ္ေပးေနတာေလ။ အဝတ္လဲခန္းမွာ သူဘယ္ ျဖစ္ေနလဲ က်ေနာ္ မသိေသးပါဘူး ” လို႔ ေျဖေပးသြားပါတယ္။

ဇူလိုင္လ ၂၂ ရက္ ခ်ယ္ဆီးနဲ႔ ယွဥ္ျပိဳင္မယ့္ပြဲက ဒီရာသီ လီဗာပူးအတြက္ ေနာက္ဆံုးေသာ ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲျဖစ္ျပီး အဆိုပါပြဲမွာေတာ့ လီဗာပူးအသင္းဟာ ပြဲအျပီးမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဖလားကို ကိုင္ေျမာက္ခြင့္ ရမွာျဖစ္ပါတယ္။ ဟန္ဒါဆန္က အသင္းအတြက္ ပရီးမီးယားလိဂ္ဖလား ကိုင္ေျမွာက္ေပးရမယ့္ အဲ့ပြဲကိုပါ လြဲေခ်ာ္သြားမလား ပရိသတ္ေတြက စိုးရိမ္ေနပါတယ္။