ဘရိုက်တန်နဲ့ပွဲမှာ သူသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် သွင်းဂိုးမျိုးကို ရနိုင်ဖို့ လေ့ကျင့်ရေးမှာ ကြိုးစားခဲ့ရပါတယ်လို့ ဆာလက်က ပြောဆိုသွားပါတယ်။

၃-၁ နဲ့ အနိုင်ရတဲ့ပွဲအပြီး ပွဲရဲ့ အကောင်းဆုံး ကစားသမားလည်းဖြစ်တဲ့ ဆာလက်က “မနေ့ကကော၊ အရင် နှစ်ရက်ကပါ ဒါမျိုးကို ကျနေ်ာတို့ လေ့ကျင့်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ရိုဘိုက ကျနေ်ာအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့ပါပြီ။ အဲ့အတွက် အရမ်းလည်း ပျော်မိပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီမှာ ဆာလက်ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုး ရလာခဲ့ပြီဖြစ်ပြီး ရွှေဖိနပ် ပြိုင်ဆိုင်မှုမှာ ဗာဒီနောက် ၃ ဂိုးအကွာ အနေအထားကို ရောက်လာခဲ့ပါပြီ။ လက်ကျန်ပွဲ ၄ ပွဲ ရှိနေသေးလို့ ဆာလက် ဒီရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရမလားဆိုတာက ပြောရခက်ဆဲ အနေအထား ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရာသီ ဆက်တိုက် ရွှေဖိနပ်ဆုကို ရယူထားတဲ့ တိုက်စစ်မှူး ဆာလက်ကတော့ ” တစ်ပွဲချင်း အကောင်းဆုံး လုပ်သွားတာပေါ့ ” လို့ ပွဲအပြီး ဆက်လက် ပြောဆိုခဲ့တယ်။

ဆာလက်ဟာ လီဗာပူးကစားသမားဘဝ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၀၀ အတွက် ပါဝင်ပက်သက်မှု ရှိခဲ့ပါပြီ။ သူက ကိုယ်တိုင် ၇၃ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၂၇ ကြိမ် လုပ်ထားခဲ့တာပါ။ ဒါဟာ စတီဗင်ဂျရတ်၊ ရော်ဘီဖောင်လာ၊ မိုင်ကယ် အိုဝင်ဆိုတဲ့ လီဗာပူးအကယ်ဒမီထွက်တွေနောက်ပိုင်း စတုတ္ထမြောက် လုပ်နိုင်တဲ့ ကစားသမား ဖြစ်လာပါတယ်။

ZAWGYI

ဘရိုက္တန္နဲ႔ပြဲမွာ သူသြင္းႏုိင္ခဲ့တဲ့ ဒုတိယေျမာက္ သြင္းဂိုးမ်ိဳးကို ရႏုိင္ဖို႔ ေလ့က်င့္ေရးမွာ ၾကိဳးစားခဲ့ရပါတယ္လို႔ ဆာလက္က ေျပာဆိုသြားပါတယ္။

၃-၁ နဲ႔ အႏုိင္ရတဲ့ပြဲအျပီး ပြဲရဲ႕ အေကာင္းဆံုး ကစားသမားလည္းျဖစ္တဲ့ ဆာလက္က “မေန႔ကေကာ၊ အရင္ ႏွစ္ရက္ကပါ ဒါမ်ိဳးကို က်ေန္ာတို႔ ေလ့က်င့္ခဲ့ၾကပါတယ္။ ေနာက္ဆံုးေတာ့ ရိုဘိုက က်ေန္ာအတြက္ ဂိုးေထာက္ပံ့မႈ လုပ္ေပးႏုိင္ခဲ့ပါျပီ။ အဲ့အတြက္ အရမ္းလည္း ေပ်ာ္မိပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီရာသီမွာ ဆာလက္ဟာ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၉ ဂိုး ရလာခဲ့ျပီျဖစ္ျပီး ေရႊဖိနပ္ ျပိဳင္ဆိုင္မႈမွာ ဗာဒီေနာက္ ၃ ဂိုးအကြာ အေနအထားကို ေရာက္လာခဲ့ပါျပီ။ လက္က်န္ပြဲ ၄ ပြဲ ရွိေနေသးလို႔ ဆာလက္ ဒီရာသီ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆု ရမလားဆိုတာက ေျပာရခက္ဆဲ အေနအထား ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ၂ ရာသီ ဆက္တိုက္ ေရႊဖိနပ္ဆုကို ရယူထားတဲ့ တိုက္စစ္မွဴး ဆာလက္ကေတာ့ ” တစ္ပြဲခ်င္း အေကာင္းဆံုး လုပ္သြားတာေပါ့ ” လို႔ ပြဲအျပီး ဆက္လက္ ေျပာဆိုခဲ့တယ္။

ဆာလက္ဟာ လီဗာပူးကစားသမားဘဝ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၀၀ အတြက္ ပါဝင္ပက္သက္မႈ ရွိခဲ့ပါျပီ။ သူက ကိုယ္တိုင္ ၇၃ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၂၇ ၾကိမ္ လုပ္ထားခဲ့တာပါ။ ဒါဟာ စတီဗင္ဂ်ရတ္၊ ေရာ္ဘီေဖာင္လာ၊ မုိင္ကယ္ အိုဝင္ဆိုတဲ့ လီဗာပူးအကယ္ဒမီထြက္ေတြေနာက္ပိုင္း စတုတၳေျမာက္ လုပ္ႏုိင္တဲ့ ကစားသမား ျဖစ္လာပါတယ္။