လီဗာပူးအသင်းဟာ ကွင်းလယ်မှာ လိုအပ်ချက်ရှိလာတယ်လို့ ယုံကြည်ရင် ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလိုနေတဲ့ သီယေဂို အယ်ကန်တာရာကို ခေါ်ယူမယ်လို့ သတင်းကြီးနေတာဖြစ်တယ်။

မန်နေဂျာကလော့ပ်က သီယေဂို အပြောင်းအရွှေ့ ဖြစ်ဖို့ခဲတဲ့ ကိစ္စဖြစ်ကြောင်း အရိပ်အမြွက် ပြောထားပေမယ့် အပြတ်အသတ်လည်း ငြင်းဆန်ထားခြင်း မရှိပါဘူး။ သီယေဂိုက သူ နှစ်သက်ရတဲ့ နံပါတ် ၈ ကစားသမားပါလို့ ကလော့ပ်က ဝန်ခံထားပြီး စီနီယာကွင်းလယ်လူတွေကို ဖိအားပေးထားပါတယ်။

ကွင်းလယ်လူ ကီတာက ဒီနောက်ပိုင်း ပွဲတွေမှာ ပွဲကစားခွင့်ရတိုင်း ခြေစွမ်းပြနိုင်နေသူဖြစ်တယ်။ ဘရိုက်တန်နဲ့ပွဲမှာဆိုရင် ဆာလက်ဟာ ကီတာရဲ့ ထူးချွန်တဲ့ ပေးပို့မှုကနေ အဖွင့်ဂိုး ရယူနိုင်ခဲ့သေးတာပါ။ ကီတာဟာ မှန်ကန်တဲ့ ဖိအားပေးမှု၊ ဘောလုံးပေးမှု၊ တိုက်စစ်ကို မောင်းနှင်မှုတွေနဲ့အတူ လီဗာပူးရဲ့ ကွင်းလယ် နံပါတ် ၈ နေရာမှာ ခြေစွမ်းတွေ ပြနေခဲ့တာဖြစ်တယ်။

ကီတာရဲ့ သူ့နေရာမှာ ခြေစွမ်းပြမှုက သီယေဂိုနဲ့ သတင်းထွက်ပြီးနောက်ပိုင်းမှာဖြစ်လို့ ဂူနီယာသားရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေက သဘောကျသလို စနောက်မှုတွေလည်း လုပ်နေကြပါတယ်။

” သီယေဂိုကို စိတ်ဝင်စားနေတယ် သတင်းကြားကတည်းက နာဘီက ဇာဗီလို ခြေစွမ်းတွေ ပြတော့တာပဲ။ ” ” လီဗာပူးပရိသတ်တွေ သီယေဂိုကို မမျှော်အောင်လို့ နာဘီက ဇွတ်တွေ အစွမ်းပြနေပါပြီ။ ” ” နံပါတ် ၈ နေရာအတွက် ကောလဟာသ သတင်းတွေ ထွက်လာကတည်းက နာဘီက သားရိုင်းကြီးလို အသင်းရဲ့ နေရာတိုင်းကို ပြေးလွှား ကစားနေတော့တာနော်။ ” စသဖြင့် ပရိသတ်တွေက မှတ်ချက်ပေးနေကြတာဖြစ်တယ်။

ကလော့ပ် ကိုယ်တိုင်ကတော့ ” နာဘီက တကယ်ကို ကောင်ပါတယ်။ သူက တစ်ပွဲချင်း တစ်လှမ်းချင်း လုပ်ဆောင်လာပြီး ပိုကောင်းတထက်ကို ကောင်းလာနေတယ်။ အဲ့တာက အရမ်းကောင်းပါတယ်။ အချိန်အကြာကြီး ကျန်ပါသေးတယ်။ ကောင်လေးတွေက ကြံ့ခိုင်နေရင် အကုန် အဆင်ပြေတယ်။ ကျနေ်ာတို့ရဲ့ ကစားဟန်က နာဘီနဲ့ အံဝင်ပပါတယ်။

ဒီညပွဲမှာ ဘောလုံးပြန်ရအောင် လုပ်ပြသွားတဲ့ နာဘီလို ကစားသမားကို မြင်ရတာ မန်နေဂျာတစ်ယောက်အဖြစ် အဲ့သည်ဂိုးထက် ပိုပျော်ဖို့ကောင်းတာ မရှိတော့ပါဘူး။ ဒီလို စွမ်းဆောင်ရည်တွေကို မြင်ရတာ ကျနော် အတေ်ာလေး ကျေနပ်ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကြင္းလယ္မွာ လိုအပ္ခ်က္ရွိလာတယ္လို႔ ယံုၾကည္ရင္ ဘိုင္ယန္ျမဴးနစ္ကေန ထြက္ခြာလိုေနတဲ့ သီေယဂို အယ္ကန္တာရာကို ေခၚယူမယ္လို႔ သတင္းၾကီးေနတာျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္က သီေယဂို အေျပာင္းအေရႊ႔ ျဖစ္ဖို႔ခဲတဲ့ ကိစၥျဖစ္ေၾကာင္း အရိပ္အျမြက္ ေျပာထားေပမယ့္ အျပတ္အသတ္လည္း ျငင္းဆန္ထားျခင္း မရွိပါဘူး။ သီေယဂိုက သူ ႏွစ္သက္ရတဲ့ နံပါတ္ ၈ ကစားသမားပါလို႔ ကေလာ့ပ္က ဝန္ခံထားျပီး စီနီယာကြင္းလယ္လူေတြကို ဖိအားေပးထားပါတယ္။

ကြင္းလယ္လူ ကီတာက ဒီေနာက္ပိုင္း ပြဲေတြမွာ ပြဲကစားခြင့္ရတိုင္း ေျခစြမ္းျပႏုိင္ေနသူျဖစ္တယ္။ ဘရိုက္တန္နဲ႔ပြဲမွာဆိုရင္ ဆာလက္ဟာ ကီတာရဲ႕ ထူးခၽြန္တဲ့ ေပးပို႔မႈကေန အဖြင့္ဂိုး ရယူႏုိင္ခဲ့ေသးတာပါ။ ကီတာဟာ မွန္ကန္တဲ့ ဖိအားေပးမႈ၊ ေဘာလံုးေပးမႈ၊ တိုက္စစ္ကို ေမာင္းႏွင္မႈေတြနဲ႔အတူ လီဗာပူးရဲ႕ ကြင္းလယ္ နံပါတ္ ၈ ေနရာမွာ ေျခစြမ္းေတြ ျပေနခဲ့တာျဖစ္တယ္။

ကီတာရဲ႕ သူ႔ေနရာမွာ ေျခစြမ္းျပမႈက သီေယဂိုနဲ႔ သတင္းထြက္ျပီးေနာက္ပိုင္းမွာျဖစ္လို႔ ဂူနီယာသားရဲ႕ စြမ္းေဆာင္ရည္ကုိ ပရိသတ္ေတြက သေဘာက်သလို စေနာက္မႈေတြလည္း လုပ္ေနၾကပါတယ္။

” သီေယဂိုကို စိတ္ဝင္စားေနတယ္ သတင္းၾကားကတည္းက နာဘီက ဇာဗီလို ေျခစြမ္းေတြ ျပေတာ့တာပဲ။ ” ” လီဗာပူးပရိသတ္ေတြ သီေယဂိုကို မေမွ်ာ္ေအာင္လို႔ နာဘီက ဇြတ္ေတြ အစြမ္းျပေနပါျပီ။ ” ” နံပါတ္ ၈ ေနရာအတြက္ ေကာလဟာသ သတင္းေတြ ထြက္လာကတည္းက နာဘီက သားရိုင္းၾကီးလို အသင္းရဲ႕ ေနရာတိုင္းကို ေျပးလႊား ကစားေနေတာ့တာေနာ္။ ” စသျဖင့္ ပရိသတ္ေတြက မွတ္ခ်က္ေပးေနၾကတာျဖစ္တယ္။

ကေလာ့ပ္ ကိုယ္တုိင္ကေတာ့ ” နာဘီက တကယ္ကို ေကာင္ပါတယ္။ သူက တစ္ပြဲခ်င္း တစ္လွမ္းခ်င္း လုပ္ေဆာင္လာျပီး ပိုေကာင္းတထက္ကို ေကာင္းလာေနတယ္။ အဲ့တာက အရမ္းေကာင္းပါတယ္။ အခ်ိန္အၾကာၾကီး က်န္ပါေသးတယ္။ ေကာင္ေလးေတြက ၾကံ႕ခိုင္ေနရင္ အကုန္ အဆင္ေျပတယ္။ က်ေန္ာတို႔ရဲ႕ ကစားဟန္က နာဘီနဲ႔ အံဝင္ပပါတယ္။

ဒီညပြဲမွာ ေဘာလံုးျပန္ရေအာင္ လုပ္ျပသြားတဲ့ နာဘီလို ကစားသမားကို ျမင္ရတာ မန္ေနဂ်ာတစ္ေယာက္အျဖစ္ အဲ့သည္ဂိုးထက္ ပိုေပ်ာ္ဖို႔ေကာင္းတာ မရွိေတာ့ပါဘူး။ ဒီလို စြမ္းေဆာင္ရည္ေတြကို ျမင္ရတာ က်ေနာ္ အေတ္ာေလး ေက်နပ္ပါတယ္ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။