ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ် အများဆုံးအဖြစ် အမှတ် ၁၀၀ နဲ့ ချန်ပီယံဖြစ်ထားတဲ့ မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်ဖို့ အာရုံစိုက်မလားဆိုတဲ့ အမေးကို ဘရိုက်တန် ပွဲအပြီးမှာ ကလော့ပ်က အမေးခံခဲ့ရပါတယ်။

ကလော့ပ်က ” ကျနော် ဘာပြောနိုင်မလဲ? ” ဆိုပြီး ပရီးမီးယားလိဂ်မှာ ရမှတ် ၁၀၀ ဖြင့် စံချိန်တင်ထားတဲ့ မှတ်တမ်းကို ချိုးဖျက်ဖို့ ကိစ္စအတွက် မေးခံရမှုကို ဖြေပါတယ်။ ” လာမယ့် ပြိုင်ဘက် လေးသင်းကို ကြည့်ပြီး သူတို့ကို ယှဉ်ပြိုင်လို့ ရမှတ် ၁၂ မှတ်၊ ၁၀ မှတ်လောက် ရမလားဆိုတာကို ကြည့်ရပါမယ်။ ဒါမျိုး ကျနေ်ာတို့ လုံးဝ မလုပ်ဖူးပါဘူး ” လို့လည်း ဆက်ပြောပါတယ်။

လီဗာပူးရဲ့ လက်ကျန် လေးပွဲက ဘန်လေ၊ အာဆင်နယ်၊ ချယ်ဆီးနဲ့ နယူးကာဆယ်တို့ဖြစ်ပြီး လန်ဒန်အသင်းနဲ့ပွဲတွေအပြင် ဘန်လေနဲ့ပွဲက ဥရောပဝင်ခွင့်တွေနဲ့ ဆက်နွယ်နေတာကြောင့် ပွဲကောင်းတွေ ဖြစ်လာဖို့ ရှိနေပါတယ်။

” စံချိန်ချိုးမယ်လို့ မပြောနိုင်ပါဘူး။ ရလဒ်ကို ကောင်းကောင်းယူနိုင်တဲ့ ဘန်လေနဲ့ ထိပ်တိုက် ကစားရမှာပါ။ သူတို့ကို အရမ်းလေးစားပါတယ်။ နောက်ပြီး အရမ်းကောင်းနေတဲ့ အာဆင်နယ်၊ နောက် ပုံစံကောင်းမှာရှိနေတဲ့ ချယ်ဆီးလို အသင်းတွေကို ရင်ဆိုင်ရမှာပါ။ အဲ့လိုပွဲတွေမှာ ရမှတ်တွေ ရနိုင်မလား? အခုချိန်မှာတော့ ဘန်လေနဲ့ပွဲကိုပဲ စဉ်းစားပြီး မနှစ်တုန်းက ၉၇ မှတ်တောင် ဘယ်လို ရနေလဲပဲ တွေးမိပါတယ်။

မယုံနိုင်စရာပါပဲ။ ကျနေ်ာတို့ ကြားရက်မှာ ချန်ပီယံလိဂ်ကို အမြဲတမ်း ကစားခဲ့ရတာပါ။ ကံကောင်းဖို့လည်း လိုခဲ့တယ်။ မနှစ်တုန်းက နယူးကာဆယ်ပွဲမှာဆိုရင် အိုရီဂီရဲ့ နောက်ဆုံးမိနစ် ခေါင်းတိုက်ဂိုးက ကံကောင်းခဲ့ပါတယ်။ ပထမဆုံးနဲ့ အရေးကြီးဆုံးက နိုင်ပွဲရယူဖို့ ကြိုးစားပြီး အနိုင်သုံးမှတ် ရဖို့ပါ။ အဲ့လို လုပ်ခဲ့ပြီး အဲ့လို လုပ်ရမှာဖြစ်တယ်။ နိုင်ပွဲတိုင်းက အရေးပါပြီး ခက်ခက်ခဲခဲလည်း ကြိုစားရတဲ့ ကိစ္စပါ။ ” လို့ ကလော့ပ်က ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္သမိုင္းမွာ ရမွတ္ အမ်ားဆံုးအျဖစ္ အမွတ္ ၁၀၀ နဲ႔ ခ်န္ပီယံျဖစ္ထားတဲ့ မန္စီးတီးရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ အာရံုစိုက္မလားဆိုတဲ့ အေမးကို ဘရိုက္တန္ ပြဲအျပီးမွာ ကေလာ့ပ္က အေမးခံခဲ့ရပါတယ္။

ကေလာ့ပ္က ” က်ေနာ္ ဘာေျပာႏုိင္မလဲ? ” ဆိုျပီး ပရီးမီးယားလိဂ္မွာ ရမွတ္ ၁၀၀ ျဖင့္ စံခ်ိန္တင္ထားတဲ့ မွတ္တမ္းကို ခ်ိဳးဖ်က္ဖို႔ ကိစၥအတြက္ ေမးခံရမႈကို ေျဖပါတယ္။ ” လာမယ့္ ျပိဳင္ဘက္ ေလးသင္းကို ၾကည့္ျပီး သူတို႔ကို ယွဥ္ျပိဳင္လို႔ ရမွတ္ ၁၂ မွတ္၊ ၁၀ မွတ္ေလာက္ ရမလားဆိုတာကို ၾကည့္ရပါမယ္။ ဒါမ်ိဳး က်ေန္ာတို႔ လံုးဝ မလုပ္ဖူးပါဘူး ” လို႔လည္း ဆက္ေျပာပါတယ္။

လီဗာပူးရဲ႕ လက္က်န္ ေလးပြဲက ဘန္ေလ၊ အာဆင္နယ္၊ ခ်ယ္ဆီးနဲ႔ နယူးကာဆယ္တို႔ျဖစ္ျပီး လန္ဒန္အသင္းနဲ႔ပြဲေတြအျပင္ ဘန္ေလနဲ႔ပြဲက ဥေရာပဝင္ခြင့္ေတြနဲ႔ ဆက္ႏြယ္ေနတာေၾကာင့္ ပြဲေကာင္းေတြ ျဖစ္လာဖို႔ ရွိေနပါတယ္။

” စံခ်ိန္ခ်ိဳးမယ္လို႔ မေျပာႏုိင္ပါဘူး။ ရလဒ္ကို ေကာင္းေကာင္းယူႏုိင္တဲ့ ဘန္ေလနဲ႔ ထိပ္တိုက္ ကစားရမွာပါ။ သူတို႔ကို အရမ္းေလးစားပါတယ္။ ေနာက္ျပီး အရမ္းေကာင္းေနတဲ့ အာဆင္နယ္၊ ေနာက္ ပံုစံေကာင္းမွာရွိေနတဲ့ ခ်ယ္ဆီးလို အသင္းေတြကို ရင္ဆိုင္ရမွာပါ။ အဲ့လိုပြဲေတြမွာ ရမွတ္ေတြ ရႏုိင္မလား? အခုခ်ိန္မွာေတာ့ ဘန္ေလနဲ႔ပြဲကိုပဲ စဥ္းစားျပီး မႏွစ္တုန္းက ၉၇ မွတ္ေတာင္ ဘယ္လို ရေနလဲပဲ ေတြးမိပါတယ္။

မယံုႏုိင္စရာပါပဲ။ က်ေန္ာတို႔ ၾကားရက္မွာ ခ်န္ပီယံလိဂ္ကို အျမဲတမ္း ကစားခဲ့ရတာပါ။ ကံေကာင္းဖို႔လည္း လိုခဲ့တယ္။ မႏွစ္တုန္းက နယူးကာဆယ္ပြဲမွာဆိုရင္ အိုရီဂီရဲ႕ ေနာက္ဆံုးမိနစ္ ေခါင္းတိုက္ဂိုးက ကံေကာင္းခဲ့ပါတယ္။ ပထမဆံုးနဲ႔ အေရးၾကီးဆံုးက ႏုိင္ပြဲရယူဖို႔ ၾကိဳးစားျပီး အႏုိင္သံုးမွတ္ ရဖို႔ပါ။ အဲ့လို လုပ္ခဲ့ျပီး အဲ့လို လုပ္ရမွာျဖစ္တယ္။ ႏိုင္ပြဲတိုင္းက အေရးပါျပီး ခက္ခက္ခဲခဲလည္း ၾကိဳစားရတဲ့ ကိစၥပါ။ ” လို႔ ကေလာ့ပ္က ေျပာဆိုသြားခဲ့ပါတယ္။