လီဗာပူးလူငယ်လေး ဘရူးစတားက ဂိုးတွေ ပွဲတိုင်းနီးပါး သွင်းယူလာခဲ့တာကြောင့် ဆွမ်းဆီမန်နေဂျာ ကူပါက အတော်လေး ကျေနပ်နေပါတယ်။

သက်တမ်းအလိုက် ကမ္ဘာဖလားချန်ပီယံ အင်္ဂလန်အသင်းနဲ့အတူ ကူပါဟာ ဘရူးစတားနဲ့ လက်တွဲခဲ့ဖူးသူပါ။ လက်ရှိ ဆွမ်းဆီးအသင်းကို ကိုင်တွယ်နေတဲ့ ကူပါဟာ လီဗာပူးမှာ ဒဏ်ရာပြဿနာကနေ ရုန်းထဖို့ ကြိုးစားနေတဲ့ ဘရူးစတာကို အငှားခေါ်ယူနိုင်အောင် ကြိုးစားခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်လည်း ပေးထားပါတယ်။

ဘရူးစတားဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းထံ ရာသီဝက် အငှားထွက်ကစားနေတာဖြစ်ပြီး ဝေလ်းကလပ်အတွက် ဒီရာသီ ၁၆ ပွဲ ကစားထားပြီး ၈ ဂိုးထိ သွင်းယူထားပြီလည်း ဖြစ်ပါတယ်။ သူဟာ ဇွန်လရဲ့ ချန်ပီယံရှစ် အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းထဲပါ ပါဝင်နေပါတယ်။

ဆွမ်းဆီးမန်နေဂျာကူပါက ” ဒီဂိုးတွေကပဲ သူ့ထံက လိုချင်တာပါ။ ဧရိယာထဲကို ဝင်ရောက်ပြီး ဂိုးတွေ သွင်းယူနိုင်တယ်။ ဧရိယာထဲမှာ အခွင့်အရေးသာရရင် ဘရူးစတားက သွင်းဂိုးတွေကို လုပ်ပြနိုင်သူပါ။ အဆုံးသတ်ဖို့ မလွယ်ကူပေမယ့် ဘရူးစတားက ဆက်ပြီး ကောင်းကောင်းလုပ်ပြနေသလို ရလာတဲ့ အခွင့်အရေးတွေကို ရယူနေပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေ မြင်နေရတာအတွက် ကျနော်ကတော့ ကျေနပ်ပါတယ်။ သူက ဂိုးတွေတောင် ထပ်ယူနိုင်ပါသေးတယ်။ အပြည့်အဝကို ကွင်းထဲ ပြေးနေပြီး ဆက်ပြီး ကြိုးစားအားထုတ်သလို သွင်းဂိုးတွေအတွက် ခြိမ်းခြောက်ထားပါတယ်။ လူငယ်ကစားသမားတိုင်းက အခွင့်အရေးပေးရင် ဖမ်းဆုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဘရူးစတားမှ မဟုတ်ပါဘူး။ လူငယ်တိုင်းပါပဲ ” လို့ ပြောဆိုထားတာဖြစ်တယ်။

မန်နေဂျာဟောင်းနဲ့ ပြန်လက်တွဲမှုမှာ ဘရူးစတားက ယုံကြည်ချက်တွေနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကလည်း ဘရူးစတားရဲ့ တောက်ပမှုကို သိနေပြီး နွေမှာ စကားပြောမယ်လို့ ဝန်ခံထားရတယ်။

ZAWGYI

လီဗာပူးလူငယ္ေလး ဘရူးစတားက ဂိုးေတြ ပြဲတိုင္းနီးပါး သြင္းယူလာခဲ့တာေၾကာင့္ ဆြမ္းဆီမန္ေနဂ်ာ ကူပါက အေတာ္ေလး ေက်နပ္ေနပါတယ္။

သက္တမ္းအလိုက္ ကမၻာဖလားခ်န္ပီယံ အဂၤလန္အသင္းနဲ႔အတူ ကူပါဟာ ဘရူးစတားနဲ႔ လက္တြဲခဲ့ဖူးသူပါ။ လက္ရွိ ဆြမ္းဆီးအသင္းကို ကိုင္တြယ္ေနတဲ့ ကူပါဟာ လီဗာပူးမွာ ဒဏ္ရာျပႆနာကေန ရုန္းထဖုိ႔ ၾကိဳးစားေနတဲ့ ဘရူးစတာကို အငွားေခၚယူႏုိင္ေအာင္ ၾကိဳးစားခဲ့ျပီး ပံုမွန္ပြဲထြက္ခြင့္လည္း ေပးထားပါတယ္။

ဘရူးစတားဟာ ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးအသင္းထံ ရာသီဝက္ အငွားထြက္ကစားေနတာျဖစ္ျပီး ေဝလ္းကလပ္အတြက္ ဒီရာသီ ၁၆ ပြဲ ကစားထားျပီး ၈ ဂိုးထိ သြင္းယူထားျပီလည္း ျဖစ္ပါတယ္။ သူဟာ ဇြန္လရဲ႕ ခ်န္ပီယံရွစ္ အေကာင္းဆံုး ကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းထဲပါ ပါဝင္ေနပါတယ္။

ဆြမ္းဆီးမန္ေနဂ်ာကူပါက ” ဒီဂိုးေတြကပဲ သူ႔ထံက လိုခ်င္တာပါ။ ဧရိယာထဲကို ဝင္ေရာက္ျပီး ဂိုးေတြ သြင္းယူႏုိင္တယ္။ ဧရိယာထဲမွာ အခြင့္အေရးသာရရင္ ဘရူးစတားက သြင္းဂိုးေတြကို လုပ္ျပႏုိင္သူပါ။ အဆံုးသတ္ဖို႔ မလြယ္ကူေပမယ့္ ဘရူးစတားက ဆက္ျပီး ေကာင္းေကာင္းလုပ္ျပေနသလို ရလာတဲ့ အခြင့္အေရးေတြကို ရယူေနပါတယ္။

သူ႔ရဲ႕ ေျခစြမ္းေကာင္းေတြ ျမင္ေနရတာအတြက္ က်ေနာ္ကေတာ့ ေက်နပ္ပါတယ္။ သူက ဂိုးေတြေတာင္ ထပ္ယူႏုိင္ပါေသးတယ္။ အျပည့္အဝကို ကြင္းထဲ ေျပးေနျပီး ဆက္ျပီး ၾကိဳးစားအားထုတ္သလို သြင္းဂိုးေတြအတြက္ ျခိမ္းေျခာက္ထားပါတယ္။ လူငယ္ကစားသမားတိုင္းက အခြင့္အေရးေပးရင္ ဖမ္းဆုပ္ဖို႔ ၾကိဳးစားတတ္ၾကပါတယ္။ ဘရူးစတားမွ မဟုတ္ပါဘူး။ လူငယ္တုိင္းပါပဲ ” လို႔ ေျပာဆိုထားတာျဖစ္တယ္။

မန္ေနဂ်ာေဟာင္းနဲ႔ ျပန္လက္တြဲမႈမွာ ဘရူးစတားက ယံုၾကည္ခ်က္ေတြနဲ႔အတူ ေျခစြမ္းေကာင္းေတြ ျပသေနပါတယ္။ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကလည္း ဘရူးစတားရဲ႕ ေတာက္ပမႈကို သိေနျပီး ေႏြမွာ စကားေျပာမယ္လို႔ ဝန္ခံထားရတယ္။