ဘရိုက်တန်ကို ၃-၁ နဲ့ အနိုင်ရလိုက်တာကြောင့် လီဗာပူးက အမှတ်ပေးပွဲ ၃၄ ပွဲမှာ နိုင်ပွဲ ၃၀ ထိ ရခဲ့ပြီဖြစ်တယ်။ ဒါက အင်္ဂလိပ် ဘောလုံးလောကမှာ နိုင်ပွဲ ၃၀ ကို အမြန်ဆုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ သူသွင်းနိုင်ခဲ့တဲ့ ဒုတိယမြောက် ခေါင်းတိုက် သွင်းဂိုးမျိုးကို ရနိုင်ဖို့ လေ့ကျင့်ရေးမှာ ကြိုးစားခဲ့ရပါတယ်လို့ ဆာလက်က ပြောဆိုသွားပြီး ရော်ဘတ်ဆန်က နောက်ဆုံးတော့ သူ့အတွက် ဂိုးထောက်ပံ့မှု လုပ်ပေးနိုင်ခဲ့ပါပြီလို့ အရွှင်ဖောက်လိုက်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ ပထမဆုံးအဖွင့်ဂိုးကို တကယ်တမ်း အဆုံးသတ်ခွင့်ရသူက ဖာမင်နိုဖြစ်ပေမယ့် ဘရာဇီးသားက သူ့ရှေ့မှာ ဘောလုံးကို ဖြတ်ကျော်သွားစေပြီး ဆာလက်ကို ဂိုးသွင်းခွင့် ပေးလိုက်ခြင်းအပေါ် ပရိသတ်တွေက အရမ်းကို ကျေနပ်နေကြပါတယ်။

ဘရူးစတားဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းထံ ရာသီဝက် အငှားထွက်ကစားနေတာဖြစ်ပြီး ဝေလ်းကလပ်အတွက် ဒီရာသီ ၁၆ ပွဲ ကစားထားပြီး ၈ ဂိုးထိ သွင်းယူထားပြီလည်း ဖြစ်ပါတယ်။ သူဟာ ဇွန်လရဲ့ ချန်ပီယံရှစ် အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်စာရင်းထဲပါ ပါဝင်နေပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ရမှတ် အများဆုံးအဖြစ် အမှတ် ၁၀၀ နဲ့ ချန်ပီယံဖြစ်ထားတဲ့ မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်ဖို့ အာရုံစိုက်မလားဆိုတဲ့ အမေးကို ပြိုင်ဘက် တစ်သင်းချင်းကိုပဲ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကလော့ပ်က ပြန်ဖြေပါတယ်။

လီဗာပူးဂိုးသမား အယ်လီဆန်ကတော့ ကွင်းထဲမှာ မြတ်နိုးရတဲ့ ဘောလုံး အားကစားကို အကောင်းဆုံး ကစားခြင်းက နိုင်ပွဲတွေကို ရစေမှာဖြစ်ပြီး ဒီနိုင်ပွဲတွေ ရယူနိုင်ရင် စံချိန်နဲ့ အခြားသော ဆုလာဘ်တွေက သူအလိုလို ရလာမှာဖြစ်လို့ ကွင်းထဲမှာ ပေးဆပ် ကစားဖို့ကိုပဲ အာရုံစိုက်တယ်လို့ ပြောပါတယ်။

ဆာလက် ရွှေဖိနပ်ဆုကို စိန်ခေါ်လိုနေသလား အမေးကို ကလော့ပ်က ” သူက တိုက်စစ်သမားပါ။ ဂိုးသွင်းတာကပဲ သူ့ကို လုံ့ဆော်မှု ပေးနိုင်တာပါ။ အရင် နှစ်နှစ်တုန်းက သူက ရွှေဖိနပ်ဆု ရခဲ့တယ်။ မနှစ်က မာနေး၊ အူဘာတို့နဲ့ ပူးတွဲရခဲ့တယ်။ ဒါက အမြဲ အရေးကြီးတာပဲလေ။ ” လို့ ပြန်ဖြေပါတယ်။

လီဗာပူးအသင်းနဲ့ သီယေဂိုကြား အပြောင်းအရွှေ့သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းမှာ ကီတာက ကွင်းလယ် နံပပါတ် ၈ နေရာက တောက်လျှောက် ခြေစွမ်းပြနေတာကို ပရိသတ်တွေက သဘောကျနေသလို နေရာပျောက်မှာဆိုးလို့ ကြိုးစားနေပြီလို့ စနောက်မှုတွေလည်း လုပ်နေကြပါတယ်။

ဒီရာသီမှာ ဆာလက်ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုး ရလာခဲ့ပြီဖြစ်ပြီး ရွှေဖိနပ် ပြိုင်ဆိုင်မှုမှာ ဗာဒီနောက် ၃ ဂိုးအကွာ အနေအထားကို ရောက်လာခဲ့ပါပြီ။ လက်ကျန်ပွဲ ၄ ပွဲ ရှိနေသေးလို့ ဆာလက် ဒီရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ရမလားဆိုတာက ပြောရခက်ဆဲ အနေအထား ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ ဟန်ဒါဆန်ရဲ့ ဒူးဒဏ်ရာ အခြေအနေက စကန်ဖတ်ရမှာဖြစ်ကာ ဒဏ်ရာအခြေအနေ ဘယ်လောက်ထိ ပြင်းထန်သလဲဆိုတာကို လောလောဆယ်မှာတော့ မန်နေဂျာ ယာဂင်ကလော့ပ် ကိုယ်တိုင်လည်း မသိသေးပါဘူး။

ပွဲထွက်ကစားရာမှာ သွေးကြွနေပြီး လုပ်ပြလိုစိတ်တွေ များနေတဲ့ နီကိုးကို အမှားတွေ မလုပ်မိစေဖို့ ဒုတိယပိုင်းမှာ လူစားလဲခဲ့တာဖြစ်ကြောင်းနဲ့ သူ့ရဲ့ ကစားပုံကို သဘောတွေ့မိကြောင်း ကလော့ပ်က ရှင်းပြခဲ့တယ်။

ZAWGYI

ဘရိုက္တန္ကို ၃-၁ နဲ႔ အႏုိင္ရလိုက္တာေၾကာင့္ လီဗာပူးက အမွတ္ေပးပြဲ ၃၄ ပြဲမွာ ႏုိင္ပြဲ ၃၀ ထိ ရခဲ့ျပီျဖစ္တယ္။ ဒါက အဂၤလိပ္ ေဘာလံုးေလာကမွာ ႏုိင္ပြဲ ၃၀ ကို အျမန္ဆံုးရတဲ့ အသင္းအျဖစ္ မွတ္တမ္းဝင္ပါတယ္။

ဘရိုက္တန္နဲ႔ပြဲမွာ သူသြင္းႏုိင္ခဲ့တဲ့ ဒုတိယေျမာက္ ေခါင္းတိုက္ သြင္းဂိုးမ်ိဳးကို ရႏုိင္ဖို႔ ေလ့က်င့္ေရးမွာ ၾကိဳးစားခဲ့ရပါတယ္လို႔ ဆာလက္က ေျပာဆိုသြားျပီး ေရာ္ဘတ္ဆန္က ေနာက္ဆံုးေတာ့ သူ႔အတြက္ ဂိုးေထာက္ပံ့မႈ လုပ္ေပးႏုိင္ခဲ့ပါျပီလို႔ အရႊင္ေဖာက္လိုက္ပါတယ္။

ဘရိုက္တန္နဲ႔ပြဲမွာ ပထမဆံုးအဖြင့္ဂိုးကို တကယ္တမ္း အဆံုးသတ္ခြင့္ရသူက ဖာမင္ႏိုျဖစ္ေပမယ့္ ဘရာဇီးသားက သူ႔ေရွ႔မွာ ေဘာလံုးကို ျဖတ္ေက်ာ္သြားေစျပီး ဆာလက္ကို ဂိုးသြင္းခြင့္ ေပးလိုက္ျခင္းအေပၚ ပရိသတ္ေတြက အရမ္းကို ေက်နပ္ေနၾကပါတယ္။

ဘရူးစတားဟာ ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးအသင္းထံ ရာသီဝက္ အငွားထြက္ကစားေနတာျဖစ္ျပီး ေဝလ္းကလပ္အတြက္ ဒီရာသီ ၁၆ ပြဲ ကစားထားျပီး ၈ ဂိုးထိ သြင္းယူထားျပီလည္း ျဖစ္ပါတယ္။ သူဟာ ဇြန္လရဲ႕ ခ်န္ပီယံရွစ္ အေကာင္းဆံုး ကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းထဲပါ ပါဝင္ေနပါတယ္။

လီဗာပူးဂိုးသမား အယ္လီဆန္ကေတာ့ ကြင္းထဲမွာ ျမတ္ႏိုးရတဲ့ ေဘာလံုး အားကစားကို အေကာင္းဆံုး ကစားျခင္းက ႏုိင္ပြဲေတြကို ရေစမွာျဖစ္ျပီး ဒီႏိုင္ပြဲေတြ ရယူႏုိင္ရင္ စံခ်ိန္နဲ႔ အျခားေသာ ဆုလာဘ္ေတြက သူအလိုလို ရလာမွာျဖစ္လို႔ ကြင္းထဲမွာ ေပးဆပ္ ကစားဖို႔ကိုပဲ အာရံုစိုက္တယ္လို႔ ေျပာပါတယ္။

ဆာလက္ ေရႊဖိနပ္ဆုကို စိန္ေခၚလိုေနသလား အေမးကို ကေလာ့ပ္က ” သူက တိုက္စစ္သမားပါ။ ဂိုးသြင္းတာကပဲ သူ႔ကို လံု႔ေဆာ္မႈ ေပးႏုိင္တာပါ။ အရင္ ႏွစ္ႏွစ္တုန္းက သူက ေရႊဖိနပ္ဆု ရခဲ့တယ္။ မႏွစ္က မာေနး၊ အူဘာတို႔နဲ႔ ပူးတြဲရခဲ့တယ္။ ဒါက အျမဲ အေရးၾကီးတာပဲေလ။ ” လို႔ ျပန္ေျဖပါတယ္။

ပရီးမီးယားလိဂ္သမိုင္းမွာ ရမွတ္ အမ်ားဆံုးအျဖစ္ အမွတ္ ၁၀၀ နဲ႔ ခ်န္ပီယံျဖစ္ထားတဲ့ မန္စီးတီးရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ အာရံုစိုက္မလားဆိုတဲ့ အေမးကို ျပိဳင္ဘက္ တစ္သင္းခ်င္းကိုပဲ ယွဥ္ျပိဳင္ဖို႔ ရည္ရြယ္ထားတယ္လို႔ ကေလာ့ပ္က ျပန္ေျဖပါတယ္။

လီဗာပူးအသင္းနဲ႔ သီေယဂိုၾကား အေျပာင္းအေရႊ႔သတင္း ထြက္ေပၚလာျပီး ေနာက္ပိုင္းမွာ ကီတာက ကြင္းလယ္ နံပပါတ္ ၈ ေနရာက ေတာက္ေလွ်ာက္ ေျခစြမ္းျပေနတာကို ပရိသတ္ေတြက သေဘာက်ေနသလို ေနရာေပ်ာက္မွာဆိုးလို႔ ၾကိဳးစားေနျပီလို႔ စေနာက္မႈေတြလည္း လုပ္ေနၾကပါတယ္။

ဒီရာသီမွာ ဆာလက္ဟာ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၉ ဂိုး ရလာခဲ့ျပီျဖစ္ျပီး ေရႊဖိနပ္ ျပိဳင္ဆိုင္မႈမွာ ဗာဒီေနာက္ ၃ ဂိုးအကြာ အေနအထားကို ေရာက္လာခဲ့ပါျပီ။ လက္က်န္ပြဲ ၄ ပြဲ ရွိေနေသးလို႔ ဆာလက္ ဒီရာသီ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆု ရမလားဆိုတာက ေျပာရခက္ဆဲ အေနအထား ျဖစ္ပါတယ္။

ဘရိုက္တန္နဲ႔ပြဲမွာ ဒဏ္ရာရသြားခဲ့တဲ့ ဟန္ဒါဆန္ရဲ႕ ဒူးဒဏ္ရာ အေျခအေနက စကန္ဖတ္ရမွာျဖစ္ကာ ဒဏ္ရာအေျခအေန ဘယ္ေလာက္ထိ ျပင္းထန္သလဲဆိုတာကို ေလာေလာဆယ္မွာေတာ့ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ ကိုယ္တုိင္လည္း မသိေသးပါဘူး။

ပြဲထြက္ကစားရာမွာ ေသြးၾကြေနျပီး လုပ္ျပလိုစိတ္ေတြ မ်ားေနတဲ့ နီကိုးကို အမွားေတြ မလုပ္မိေစဖို႔ ဒုတိယပိုင္းမွာ လူစားလဲခဲ့တာျဖစ္ေၾကာင္းနဲ႔ သူ႔ရဲ႕ ကစားပံုကို သေဘာေတြ႔မိေၾကာင္း ကေလာ့ပ္က ရွင္းျပခဲ့တယ္။