အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ ဘန်လေပွဲမှာ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့တာကြောင့် ဒီရာသီ အိမ်ကွင်းပွဲစဉ် အားလုံးကို အနိုင်ယူဖို့ဆိုတဲ့ လီဗာပူးရဲ့ ရည်မှန်းချက် ပျက်ပြယ်ခဲ့ရပါတယ်။

နောက်ပြီး မန်စီးတီးရဲ့ ရမှတ် ၁၀၀ စံချိန်ကို ချိုးဖျက်ဖို့အတွက် အနည်းဆုံး နိုင်ပွဲ သုံးပွဲယူရမှာဖြစ်ပြီး ဘန်လေကို သရေကျတာကြောင့် လက်ကျန် ၃ ပွဲလုံးကို အနိုင်ကစားဖို့ လိုအပ်မှာဖြစ်တယ်။ ဒါပေမယ့်လည်း မန်နေဂျာကလော့ပ်က စံချိန်တွေထက် အသင်းရသင့်တဲ့ ပြစ်ဒဏ်ဘောတွေနဲ့ ဖောင်းဘောအနေအထားတွေအပြင် ဂိုးသမားကို ကာကွယ်ပေးမှု အားနည်းခဲ့တဲ့ ဒိုင်လူကြီးကို စိတ်ပျက်နေပါတယ်။

ပွဲအပြီးမှာတော့ ကလော့ပ်နဲ့ ရော်ဘတ်ဆန်တို့ဟာ ကွင်းလယ်ဒိုင် ဒေးဗစ်ကိုတီနဲ့ ပွဲနေ့ ဒိုင်တွေကို သွားပြီး စကားပြောခဲ့တယ်။ ရော်ဘတ်ဆန်က သူရသင့်တဲ့ ပင်နယ်တီရသင့်တဲ့ တစ်လုံး မရတဲ့ကိစ္စနဲ့ ကလော့ပ်က ဂိုးသမားကို ပိတ်ကာမှု ကိစ္စတွေကို သွားပြီး စကားပြောခဲ့ကြပါတယ်။

ကလော့ပ်က “ ဂိုးသမားရဲ့ အခြေအနေကို ကျနော် သွားပြီး စကားပြောခဲ့တာပါ။ ဂိုးသမားတစ်ယောက်ကို ကစားသမား သုံးယောက်လောက်က ပိတ်ကာမှုလို အနေအထားကို သူက ဘယ်လိုကြောင့်များ ခွင့်ပြုနိုင်ရတာလဲ? အဲ့လိုဖြစ်သင့်တဲ့ အနေအထား မဟုတ်ဘူး။

ဒိုင်လူကြီးက ပြစ်ဒဏ် မဟုတ်ဘူးဆိုပြီး ဝီစီလည်း မမှုတ်ခဲ့ဘူး။ အဲ့တာက ရလဒ်အပေါ် သက်ရောက်မှု မရှိခဲ့ပါဘူး။ ဒါကို နောက်ပိုင်း ကျနော် သိပါတယ်။

ဘန်လေက အကောင်းဆုံးလုပ်ခဲ့တယ်။ ကျနေ်ာတို့က ဂိုးတွေ ပိုသွင်းခဲ့သင့်ပေမယ့် မသွင်းနိုင်ခဲ့ဘူး။ မိနစ် ၈၀ လောက်အထိ စွမ်းဆောင်ရည်အတွက် ကျေနပ်ပါတယ်။ ဘန်လေနဲ့ ရင်ဆိုင်ရတဲ့ ပွဲကောင်းဖြစ်ပေမယ့် ဂိုးမသွင်းနိုင်တာကြောင့် တစ်မှတ်ပဲ ရလိုက်တယ်။ ဒါပေမယ့် ဒီပွဲက ရံှူးသွားသလိုကို ခံစားရပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ဘန္ေလပြဲမွာ သေရရလဒ္ပဲ ထြက္ေပၚခဲ့တာေၾကာင့္ ဒီရာသီ အိမ္ကြင္းပြဲစဥ္ အားလံုးကို အႏိုင္ယူဖို႔ဆိုတဲ့ လီဗာပူးရဲ႕ ရည္မွန္းခ်က္ ပ်က္ျပယ္ခဲ့ရပါတယ္။

ေနာက္ျပီး မန္စီးတီးရဲ႕ ရမွတ္ ၁၀၀ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔အတြက္ အနည္းဆံုး ႏုိင္ပြဲ သံုးပြဲယူရမွာျဖစ္ျပီး ဘန္ေလကို သေရက်တာေၾကာင့္ လက္က်န္ ၃ ပြဲလံုးကို အႏုိင္ကစားဖို႔ လိုအပ္မွာျဖစ္တယ္။ ဒါေပမယ့္လည္း မန္ေနဂ်ာကေလာ့ပ္က စံခ်ိန္ေတြထက္ အသင္းရသင့္တဲ့ ျပစ္ဒဏ္ေဘာေတြနဲ႔ ေဖာင္းေဘာအေနအထားေတြအျပင္ ဂိုးသမားကို ကာကြယ္ေပးမႈ အားနည္းခဲ့တဲ့ ဒိုင္လူၾကီးကို စိတ္ပ်က္ေနပါတယ္။

ပြဲအျပီးမွာေတာ့ ကေလာ့ပ္နဲ႔ ေရာ္ဘတ္ဆန္တို႔ဟာ ကြင္းလယ္ဒိုင္ ေဒးဗစ္ကိုတီနဲ႔ ပြဲေန႔ ဒိုင္ေတြကို သြားျပီး စကားေျပာခ့ဲတယ္။ ေရာ္ဘတ္ဆန္က သူရသင့္တဲ့ ပင္နယ္တီရသင့္တဲ့ တစ္လံုး မရတဲ့ကိစၥနဲ႔ ကေလာ့ပ္က ဂိုးသမားကို ပိတ္ကာမႈ ကိစၥေတြကို သြားျပီး စကားေျပာခဲ့ၾကပါတယ္။

ကေလာ့ပ္က “ ဂိုးသမားရဲ႕ အေျခအေနကို က်ေနာ္ သြားျပီး စကားေျပာခဲ့တာပါ။ ဂိုးသမားတစ္ေယာက္ကို ကစားသမား သံုးေယာက္ေလာက္က ပိတ္ကာမႈလို အေနအထားကို သူက ဘယ္လိုေၾကာင့္မ်ား ခြင့္ျပဳႏုိင္ရတာလဲ? အဲ့လိုျဖစ္သင့္တဲ့ အေနအထား မဟုတ္ဘူး။

ဒိုင္လူၾကီးက ျပစ္ဒဏ္ မဟုတ္ဘူးဆိုျပီး ဝီစီလည္း မမႈတ္ခဲ့ဘူး။ အဲ့တာက ရလဒ္အေပၚ သက္ေရာက္မႈ မရွိခဲ့ပါဘူး။ ဒါကို ေနာက္ပိုင္း က်ေနာ္ သိပါတယ္။

ဘန္ေလက အေကာင္းဆံုးလုပ္ခဲ့တယ္။ က်ေန္ာတို႔က ဂိုးေတြ ပိုသြင္းခဲ့သင့္ေပမယ့္ မသြင္းႏုိင္ခဲ့ဘူး။ မိနစ္ ၈၀ ေလာက္အထိ စြမ္းေဆာင္ရည္အတြက္ ေက်နပ္ပါတယ္။ ဘန္ေလနဲ႔ ရင္ဆိုင္ရတဲ့ ပြဲေကာင္းျဖစ္ေပမယ့္ ဂိုးမသြင္းႏုိင္တာေၾကာင့္ တစ္မွတ္ပဲ ရလိုက္တယ္။ ဒါေပမယ့္ ဒီပြဲက ရံွဴးသြားသလိုကို ခံစားရပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။