ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်း ဆက်လက် ချိုးဖျက်နိုင်ဆဲဖြစ်တဲ့ ထူးခြားစံချိန်များ
ပရီးမီးယားလိဂ်မှာ ရမှတ်အပြတ်သားဆုံး ချန်ပီယံ
ပြီးခဲ့တဲ့ စံချိန်အဖြစ် မန်စီးတီးအသင်းဟာ ဒုတိယနေရာက အသင်းကို ရမှတ် ၁၉ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ရမှတ် အပြတ်သားဆုံး ချန်ပီယံဖြစ်ထားပါတယ်။ လီဗာပူးအသင်းက လက်ကျန်ပွဲ ၃ ပွဲ အလိုမှာ ရမှတ် ၂၁ မှတ် ဖြတ်ထားတာကြောင့် ဒီစံချိန်ကို ကျော်ဖြတ်ဖို့အတွက် အခြေအနေကောင်းနေဆဲဖြစ်ပါတယ်။
တစ်ရာသီ အမှတ်အများဆုံး ချန်ပီယံ
ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီ ရမှတ်အများဆုံး ချန်ပီယံက မန်စီးတီးဖြစ်ပြီး ရမှတ် ၁၀၀ ရထားခဲ့တာဖြစ်တယ်။ လက်ရှိမှာ လီဗာပူးက ရမှတ် ၉၃ မှတ် ရထားတာဖြစ်ပြီး လက်ကျန်ပွဲ အားလုံးကို အနိုင်ရမယ်ဆိုရင် ရမှတ် ၁၀၂ မှတ် ရမှာဖြစ်ပါတယ်။ မန်စီးတီး စံချိန်ကို လိုက်မှီဖို့ လက်ကျန် ၃ ပွဲမှာ အနည်းဆုံး ၂ ပွဲနိုင်၊ ၁ ပွဲသရေ ရလဒ် လိုအပ်ပါတယ်။
အိမ်ကွင်း ရမှတ် အများဆုံး ချန်ပီယံ
အရင် စံချိန်တွေအဖြစ် ချယ်ဆီး၊ မန်စီးတီး၊ ယူနိုက်တက်တို့ဟာ တစ်ရာသီ အိမ်ကွင်းရမှတ် ၅၅ မှတ်တွေ ရယူထားနိုင်ခဲ့တယ်။ လီဗာပူးက လက်ရှိမှာ ၅၂ မှတ်ရထားပြီး လက်ကျန် အိမ်ကွင်းတစ်ပွဲကို အနိုင်ရရင် တူညီတဲ့ စံချိန်ကို လိုက်မှီပါလိမ့်မယ်။
တစ်ရာသီ နိုင်ပွဲအများဆုံး ချန်ပီယံ
တစ်ရာသီ နိုင်ပွဲအများဆုံး ရထားခဲ့တဲ့ ချန်ပီယံက မန်စီးတီးဖြစ်ပြီး နိုင်ပွဲ ၃၂ ပွဲ ရထားတာဖြစ်တယ်။ လီဗာပူးက လက်ရှိမှာ နိုင်ပွဲ ၃၀ ရထားတာဖြစ်ပြီး လက်ကျန် ၃ ပွဲလုံး အနိုင်ရရင် မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်နိုင်ပါလိမ့်မယ်။
တစ်ရာသီ အိမ်ကွင်းနိုင်ပွဲအများဆုံး
အရင်စံချိန်တွေအဖြစ် ချယ်ဆီး၊ မန်စီးတီး၊ ယူနိုက်တက်တို့ဟာ တစ်ရာသီ အိမ်ကွင်း နိုင်ပွဲအများဆုံးအဖြစ် ၁၈ ပွဲစီ အနိုင်ရခဲ့ကြပါတယ်။ လီဗာပူးက လက်ရှိမှာ ၁၇ ပွဲ အနိုင်ရထားပြီး လက်ကျန် ၁ ပွဲအဖြစ် ချယ်ဆီးကို အိမ်ကွင်းမှာ အနိုင်ရရင် ယခင် ချန်ပီယံတွေရဲ့ စံချိန်ကို လိုက်မှီပါမယ်။
ZAWGYI
ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္း ဆက္လက္ ခ်ိဳးဖ်က္ႏုိင္ဆဲျဖစ္တဲ့ ထူးျခားစံခ်ိန္မ်ား
ပရီးမီးယားလိဂ္မွာ ရမွတ္အျပတ္သားဆံုး ခ်န္ပီယံ
ျပီးခဲ့တဲ့ စံခ်ိန္အျဖစ္ မန္စီးတီးအသင္းဟာ ဒုတိယေနရာက အသင္းကို ရမွတ္ ၁၉ မွတ္ျဖတ္ျပီး ပရီးမီးယားလိဂ္ရဲ႕ ရမွတ္ အျပတ္သားဆံုး ခ်န္ပီယံျဖစ္ထားပါတယ္။ လီဗာပူးအသင္းက လက္က်န္ပြဲ ၃ ပြဲ အလိုမွာ ရမွတ္ ၂၁ မွတ္ ျဖတ္ထားတာေၾကာင့္ ဒီစံခ်ိန္ကို ေက်ာ္ျဖတ္ဖို႔အတြက္ အေျခအေနေကာင္းေနဆဲျဖစ္ပါတယ္။
တစ္ရာသီ အမွတ္အမ်ားဆံုး ခ်န္ပီယံ
ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ရာသီ ရမွတ္အမ်ားဆံုး ခ်န္ပီယံက မန္စီးတီးျဖစ္ျပီး ရမွတ္ ၁၀၀ ရထားခဲ့တာျဖစ္တယ္။ လက္ရွိမွာ လီဗာပူးက ရမွတ္ ၉၃ မွတ္ ရထားတာျဖစ္ျပီး လက္က်န္ပြဲ အားလံုးကို အႏုိင္ရမယ္ဆိုရင္ ရမွတ္ ၁၀၂ မွတ္ ရမွာျဖစ္ပါတယ္။ မန္စီးတီး စံခ်ိန္ကို လိုက္မွီဖို႔ လက္က်န္ ၃ ပြဲမွာ အနည္းဆံုး ၂ ပြဲႏုိင္၊ ၁ ပြဲသေရ ရလဒ္ လိုအပ္ပါတယ္။
အိမ္ကြင္း ရမွတ္ အမ်ားဆံုး ခ်န္ပီယံ
အရင္ စံခ်ိန္ေတြအျဖစ္ ခ်ယ္ဆီး၊ မန္စီးတီး၊ ယူႏုိက္တက္တို႔ဟာ တစ္ရာသီ အိမ္ကြင္းရမွတ္ ၅၅ မွတ္ေတြ ရယူထားႏုိင္ခဲ့တယ္။ လီဗာပူးက လက္ရွိမွာ ၅၂ မွတ္ရထားျပီး လက္က်န္ အိမ္ကြင္းတစ္ပြဲကို အႏုိင္ရရင္ တူညီတဲ့ စံခ်ိန္ကို လိုက္မွီပါလိမ့္မယ္။
တစ္ရာသီ ႏုိင္ပြဲအမ်ားဆံုး ခ်န္ပီယံ
တစ္ရာသီ ႏုိင္ပြဲအမ်ားဆံုး ရထားခဲ့တဲ့ ခ်န္ပီယံက မန္စီးတီးျဖစ္ျပီး ႏုိင္ပြဲ ၃၂ ပြဲ ရထားတာျဖစ္တယ္။ လီဗာပူးက လက္ရွိမွာ ႏုိင္ပြဲ ၃၀ ရထားတာျဖစ္ျပီး လက္က်န္ ၃ ပြဲလံုး အႏုိင္ရရင္ မန္စီးတီးရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ႏုိင္ပါလိမ့္မယ္။
တစ္ရာသီ အိမ္ကြင္းႏုိင္ပြဲအမ်ားဆံုး
အရင္စံခ်ိန္ေတြအျဖစ္ ခ်ယ္ဆီး၊ မန္စီးတီး၊ ယူႏုိက္တက္တို႔ဟာ တစ္ရာသီ အိမ္ကြင္း ႏုိင္ပြဲအမ်ားဆံုးအျဖစ္ ၁၈ ပြဲစီ အႏုိင္ရခဲ့ၾကပါတယ္။ လီဗာပူးက လက္ရွိမွာ ၁၇ ပြဲ အႏုိင္ရထားျပီး လက္က်န္ ၁ ပြဲအျဖစ္ ခ်ယ္ဆီးကို အိမ္ကြင္းမွာ အႏုိင္ရရင္ ယခင္ ခ်န္ပီယံေတြရဲ႕ စံခ်ိန္ကို လိုက္မွီပါမယ္။