ဘယ်အစွန်လူ ရော်ဘတ်ဆန်က ဘန်လေပွဲမှာ သူ့ကို ပြစ်ဒဏ် ကျူးလွန်ခဲ့မှုကို ကွင်းလယ်ဒိုင်က မျက်ကွယ်ပြုမှုကို အတော်လေး ဒေါသထွက်ခဲ့ပါတယ်။
ပွဲအတွင်းမှာတော့ ရော်ဘတ်ဆန်က ဒိုင်ကို အော်ဟစ်ပြီး ဖောင်းဖြစ်ကြောင်း ပြောတာကလွဲလို့ သေချာ မတုန့်ပြန်ခဲ့ပါဘူး။ ပွဲအပြီးမှာတော့ သူဟာ ကွင်းလယ်ဒိုင်ကို ပေးရမယ့် ပြစ်ဒဏ် မပေးတာအတွက် ဒေါသတကြီး တုန့်ပြန်ခဲ့ပြီး တားမြစ်ထားတဲ့ ဆဲဆိုမှုတွေပါ လုပ်သွားခဲ့တာဖြစ်တယ်။
ရော်ဘတ်ဆန်က ဒေါသထွက်စွာပဲ တတွတ်တွတ်ဖြင့် ‘ ဘယ်လိုဖြစ်ပြီး ပင်နယ်တီ မပေးတာလဲ၊ အဲ့တာက လက်မခံနိုင်စရာပဲ။ ဘယ်လိုလုပ်ပြီး ေ-ာက်ပင်နယ်တီ မဟုတ်ဘူး ဖြစ်ရတာလဲ။ မင်းက (ဒိုင်လူကြီးကို) ကွင်းထဲမှာနေပြီး ဘာမှလည်း မမြင်ဘူး။
နောက်ဆုံး မိနစ် ေ-ာက် အဝါကဒ်ပေးဖို့ကလွဲရင် တစ်ပွဲလုံး ကွင်းထဲမှာ ဘာတွေဖြစ်နေလဲ မင်းက ဘာတစ်ခုမှလည်း မမြင်ဘူး။ ငလခွမ်းလိုမှပဲ။ ကွင်းထဲမှာ ဘာလုပ်ဖို့ မင်းက ရှိနေရတာလဲ? မင်း ကွင်းလယ်မှာ ရှိနေတာ ဘာလုပ်ဖို့လဲ။ ငလခွမ်းလိုမှပါပဲကွာ။ အဲ့လိုပဲပြောတော့မယ် ‘ ဆိုပြီး ရေရွတ်ခဲ့တာပါ။
ယာဂင်ကလော့ပ်ကလည်း ကွင်းလယ်ဒိုင်ကို အတော်လေး မကျေမနပ်ဖြစ်နေပြီး သူနဲ့ ရော်ဘတ်ဆန်တို့ နှစ်ဦးက ကွင်းလယ်ဒိုင်ကို အတူသွားပြီး ရေရွတ်မှုတွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ရော်ဘတ်ဆန်ကို ပရီးမီးယားလိဂ်က အရေးယူမလားဆိုတဲ့ သတင်းတွေတော့ ထွက်မလာသေးပါဘူး။ ပွဲအတွင်းဖြစ်စေ ပွဲအပြီးဖြစ်စေ ပရီးမီးယားလိဂ် ကစားသမားတွေက ဒိုင်တွေကို ဆဲဆိုတာမျိုးကို လုပ်ခွင့်မရှိပဲ ငွေဒဏ်ကော၊ ပွဲပယ် ပြစ်ဒဏ်ပါ ချမှတ်နိုင်တာဖြစ်ပါတယ်။
ZAWGYI
ဘယ္အစြန္လူ ေရာ္ဘတ္ဆန္က ဘန္ေလပြဲမွာ သူ႔ကို ျပစ္ဒဏ္ က်ဴးလြန္ခဲ့မႈကို ကြင္းလယ္ဒိုင္က မ်က္ကြယ္ျပဳမႈကို အေတာ္ေလး ေဒါသထြက္ခဲ့ပါတယ္။
ပြဲအတြင္းမွာေတာ့ ေရာ္ဘတ္ဆန္က ဒိုင္ကို ေအာ္ဟစ္ျပီး ေဖာင္းျဖစ္ေၾကာင္း ေျပာတာကလြဲလို႔ ေသခ်ာ မတုန္႔ျပန္ခဲ့ပါဘူး။ ပြဲအျပီးမွာေတာ့ သူဟာ ကြင္းလယ္ဒိုင္ကို ေပးရမယ့္ ျပစ္ဒဏ္ မေပးတာအတြက္ ေဒါသတၾကီး တုန္႔ျပန္ခဲ့ျပီး တားျမစ္ထားတဲ့ ဆဲဆိုမႈေတြပါ လုပ္သြားခဲ့တာျဖစ္တယ္။
ေရာ္ဘတ္ဆန္က ေဒါသထြက္စြာပဲ တတြတ္တြတ္ျဖင့့္ ‘ ဘယ္လိုျဖစ္ျပီး ပင္နယ္တီ မေပးတာလဲ၊ အဲ့တာက လက္မခံႏုိင္စရာပဲ။ ဘယ္လိုလုပ္ျပီး ေ-ာက္ပင္နယ္တီ မဟုတ္ဘူး ျဖစ္ရတာလဲ။ မင္းက (ဒိုင္လူၾကီးကို) ကြင္းထဲမွာေနျပီး ဘာမွလည္း မျမင္ဘူး။
ေနာက္ဆံုး မိနစ္ ေ-ာက္ အဝါကဒ္ေပးဖို႔ကလြဲရင္ တစ္ပြဲလံုး ကြင္းထဲမွာ ဘာေတြျဖစ္ေနလဲ မင္းက ဘာတစ္ခုမွလည္း မျမင္ဘူး။ ငလခြမ္းလိုမွပဲ။ ကြင္းထဲမွာ ဘာလုပ္ဖို႔ မင္းက ရွိေနရတာလဲ? မင္း ကြင္းလယ္မွာ ရွိေနတာ ဘာလုပ္ဖို႔လဲ။ ငလခြမ္းလိုမွပါပဲကြာ။ အဲ့လိုပဲေျပာေတာ့မယ္ ‘ ဆိုျပီး ေရရြတ္ခဲ့တာပါ။
ယာဂင္ကေလာ့ပ္ကလည္း ကြင္းလယ္ဒိုင္ကို အေတာ္ေလး မေက်မနပ္ျဖစ္ေနျပီး သူနဲ႔ ေရာ္ဘတ္ဆန္တို႔ ႏွစ္ဦးက ကြင္းလယ္ဒိုင္ကို အတူသြားျပီး ေရရြတ္မႈေတြ လုပ္ခဲ့ၾကတာျဖစ္ပါတယ္။
ေလာေလာဆယ္မွာေတာ့ ေရာ္ဘတ္ဆန္ကို ပရီးမီးယားလိဂ္က အေရးယူမလားဆိုတဲ့ သတင္းေတြေတာ့ ထြက္မလာေသးပါဘူး။ ပြဲအတြင္းျဖစ္ေစ ပြဲအျပီးျဖစ္ေစ ပရီးမီးယားလိဂ္ ကစားသမားေတြက ဒိုင္ေတြကို ဆဲဆိုတာမ်ိဳးကို လုပ္ခြင့္မရွိပဲ ေငြဒဏ္ေကာ၊ ပြဲပယ္ ျပစ္ဒဏ္ပါ ခ်မွတ္ႏုိင္တာျဖစ္ပါတယ္။