ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ဘန်လေနဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကို ဆဲရေခဲ့တာနဲ့ ပက်သက်လို့ ဘောလုံးအဖွဲ့ချုပ်က အရေးယူမှု လုပ်ဆောင်သွားတော့မှာ မဟုတ်ပါဘူး။

အန်ဖီးကွင်းက ၁-၁ သရေကျတဲ့ပွဲမှာ သူ့ကို ပြိုင်ဘက်ကစားသမားတွေ ပြစ်ဒဏ်ကျူးလွန်တာကို မျက်ကွယ်ပြုထားမှုကို ရော်ဘတ်ဆန်က ပေါက်ကွဲခဲ့တာပါ။ ပွဲအပြီးမှာတော့ ဒိုင် သုံးဦးနားကိုသွားပြီး ဖြစ်ရပ်ကို ဘယ်လို တုန့်ပြန့်မှုမှ မလုပ်ပေးတာက မဖြစ်သင့်ကြောင်းကို ဆဲဆိုစကားတွေနဲ့ ဒေါသတကြီး အငြင်းပွားခဲ့တာဖြစ်တယ်။

မန်နေဂျာကလော့ပ်ကလည်း ဂိုးသမား အယ်လီဆန်ကို ပြိုင်ဘက်တွေက ကာယအားပြု ကစားခြင်းကို အကာအကွယ်ပေးဖို့ ဒိုင်တွေ ပျက်ကွက်ခြင်းကို ပြင်းထန်စွာ ဝေဖန်ခဲ့တယ်။ သူတို့နှစ်ဦး ဒဏ်ရိုက်ခံရနိုင်တယ်လို့ သတင်းထွက်ထားပေမယ့် အက်ဖ်အေက အဆိုပါ ကိစ္စတွေကို စစ်ဆေးသွားမှာ မဟုတ်ပါဘူး။

တနင်္ဂနွေထုတ် ဗြိတိန်ပြည်တွင်း သတင်းစားကို အက်ဖ်အေဘက်က အတည်ပြုတာကတော့ ကွင်းလယ်ဒိုင်ဖြစ်တဲ့ ကိုတီကော စတုတ္ထဒိုင်ကပါ ရော်ဘတ်ဆန်နဲ့ ပက်သက်ပြီး ပစ်မှတ်တွေကို ထည့်တွင်း အစီရင်ခံစာ တင်ခဲ့ခြင်း မရှိဘူးလို့ သိရတယ်။ ဒါကြောင့် ရော်ဘတ်ဆန်က ဒဏ်ငွေကော၊ ပွဲပယ်ပါ ခံရမှာ မဟုတ်ပါဘူး။

ရော်ဘတ်ဆန်ရဲ့ ဆဲရေတိုင်းထွာမှုနဲ့ ပက်သက်ပြီး ဒိုင်တွေက အက်ဖ်အေကို အစီရင်ခံရာမှာ တိုင်ကြားမှုတွေ မပါခဲ့ပေမယ့် စည်းကမ်းပိုင်းဆိုင်ရာ အနေအထားအရ လာမယ့်ပွဲတွေမှာ တူညီတဲ့ ဖြစ်ရပ်မျိုး လုပ်ဆောင်ရင်တော့ အရေးယူဖို့ စဉ်းစားမှုတွေ လုပ်သွားနိုင်တယ်လို့ အဆိုပါသတင်းက ဖော်ပြခဲ့ပါတယ်။

ZAWGYI

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ ဘန္ေလနဲ႔ပြဲမွာ ကြင္းလယ္ဒိုင္ကို ဆဲေရခဲ့တာနဲ႔ ပက္သက္လို႔ ေဘာလံုးအဖြဲ႔ခ်ဳပ္က အေရးယူမႈ လုပ္ေဆာင္သြားေတာ့မွာ မဟုတ္ပါဘူး။

အန္ဖီးကြင္းက ၁-၁ သေရက်တဲ့ပြဲမွာ သူ႔ကို ျပိဳင္ဘက္ကစားသမားေတြ ျပစ္ဒဏ္က်ဴးလြန္တာကို မ်က္ကြယ္ျပဳထားမႈကို ေရာ္ဘတ္ဆန္က ေပါက္ကြဲခဲ့တာပါ။ ပြဲအျပီးမွာေတာ့ ဒိုင္ သံုးဦးနားကိုသြားျပီး ျဖစ္ရပ္ကို ဘယ္လို တုန္႔ျပန္႕မႈမွ မလုပ္ေပးတာက မျဖစ္သင့္ေၾကာင္းကို ဆဲဆိုစကားေတြနဲ႔ ေဒါသတၾကီး အျငင္းပြားခဲ့တာျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္ကလည္း ဂိုးသမား အယ္လီဆန္ကို ျပိဳင္ဘက္ေတြက ကာယအားျပဳ ကစားျခင္းကို အကာအကြယ္ေပးဖို႔ ဒိုင္ေတြ ပ်က္ကြက္ျခင္းကို ျပင္းထန္စြာ ေဝဖန္ခဲ့တယ္။ သူတို႔ႏွစ္ဦး ဒဏ္ရိုက္ခံရႏုိင္တယ္လို႔ သတင္းထြက္ထားေပမယ့္ အက္ဖ္ေအက အဆိုပါ ကိစၥေတြကို စစ္ေဆးသြားမွာ မဟုတ္ပါဘူး။

တနဂၤေႏြထုတ္ ျဗိတိန္ျပည္တြင္း သတင္းစားကို အက္ဖ္ေအဘက္က အတည္ျပဳတာကေတာ့ ကြင္းလယ္ဒိုင္ျဖစ္တဲ့ ကိုတီေကာ စတုတၳဒိုင္ကပါ ေရာ္ဘတ္ဆန္နဲ႔ ပက္သက္ျပီး ပစ္မွတ္ေတြကို ထည့္တြင္း အစီရင္ခံစာ တင္ခဲ့ျခင္း မရွိဘူးလို႔ သိရတယ္။ ဒါေၾကာင့္ ေရာ္ဘတ္ဆန္က ဒဏ္ေငြေကာ၊ ပြဲပယ္ပါ ခံရမွာ မဟုတ္ပါဘူး။

ေရာ္ဘတ္ဆန္ရဲ႕ ဆဲေရတိုင္းထြာမႈနဲ႔ ပက္သက္ျပီး ဒိုင္ေတြက အက္ဖ္ေအကို အစီရင္ခံရာမွာ တိုင္ၾကားမႈေတြ မပါခ့ဲေပမယ့္ စည္းကမ္းပိုင္းဆိုင္ရာ အေနအထားအရ လာမယ့္ပြဲေတြမွာ တူညီတဲ့ ျဖစ္ရပ္မ်ိဳး လုပ္ေဆာင္ရင္ေတာ့ အေရးယူဖို႔ စဥ္းစားမႈေတြ လုပ္သြားႏုိင္တယ္လို႔ အဆိုပါသတင္းက ေဖာ္ျပခဲ့ပါတယ္။