လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပြိုင်ဘက်အသင်းတွေမှာ လူငယ်တွေကို နေရာပေးသလို အသင်းရဲ့ လူငယ်တွေကို စီနီယာအဆင့် ပွဲကစားခွင့်တွေ ပေးဖို့ ကိစ္စနဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။

နီကိုး ဝီလီယမ်၊ ကာတစ်ဂျုံးနဲ့ ဟာဗေး အီလီယော့တို့ဟာ လီဗာပူးရဲ့ အတောက်ပဆုံး လူငယ်တွေဖြစ်ပြီး နွေဈေးကွက်ထဲ အလုံးအရင်းနဲ့ ဝင်မှာ မဟုတ်တဲ့ ကလပ်ဟာ ဒီလူငယ်တွေကို နေရာပေးသွားဖို့ ှိနေတယ်။ ကိုရိုနာကပ်ဘေးက လူသစ်ခေါ်ယူရေး အကန့်အသတ်ဖြစ်စေရင် ဒီလူငယ်တွေကို ဒီရာသီမှာတင် နေရာပေးလိုက်ဖို့ကို မေးခွန်းထုတ်ခံရတာ ဖြစ်တယ်။

ကလော့ပ်ကတော့ “ ရင်းနှီးမြုပ်နှံငွေတွေ ဘယ်လောက်ထိ မြင့်မားသလဲဆိုတာကိုတော့ ကျနော် မသိဘူး။ ဒီကောင်လေးတွေ ဘယ်လောက်ထိ အဆင်သင့်ဖြစ်နေပြီလဲ? ဆိုတာက အဓိကဖြစ်တယ်။ အသက်အရွယ်နဲ့ ပက်သက်ပြီး နှိုင်းယှဉ်တာတွေကို ကျနော် ဘယ်တော့မှ မလုပ်ပါဘူး။ အသက်အရွယ်ဆိုတာက ကစားသမားတွေ စုဆောင်းရမယ့် အချက်အလက်ပေါင်း ၅၀၀ လောက်က တစ်ခုလောက်ပဲ ဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

ဘန်လေနဲ့ပွဲမှာ ညာအစွန်နေရာက ကစားခဲ့တဲ့ နီကိုးဟာ ဒီရာသီမှာ စီနီယာကစားသမား ၅ ပွဲ ပြည့်ခဲ့ပါပြီ။ သူဟာ အသက် ၅ နှစ်အရွယ်တည်းက လီဗာပူးအကယ်ဒမီကို ပူးပေါင်းခဲ့တဲ့ မြောက်ပိုင်း ဝေလ်းနယ်သားဖြစ်တယ်။ အသက် ၁၉ နှစ်အရွယ် လီဗာပူးသား ကားတစ်ဂျုံးကတော့ လူစားဝင်မှု တစ်ပွဲထပ်ကစားရင် ၅ ပွဲပြည့်မှာဖြစ်ပြီး အီလီယော့ကတော့ ဒီရာသီမှာ အရန်အနေ ပါဝင်ထားကာ ပရီးမီးယားလိဂ်ဆုကို လွဲမယ့် အခြေအနေ ရှိနေပါတယ်။

ကလော့ပ်ကပဲ “ ကစားသမားတွေ ဘယ်နေရာမှာ တိုးတက်ရမယ်လို့ မဟုတ်ပါဘူး။ စီနီယာအသင်းနဲ့ လေ့ကျင့်ရုံပဲ လေ့ကျင့်နေရမှာပါ။ ခြားနားတဲ့ အခြေအနေတွေမှာ အသုံးပြုမှာပါ ” လို့ ပြောဆိုခဲ့တယ်။

အတိတ်တုန်းကလည်း လူငယ်ပေါင်း များစွာကို စင်တင်ခဲ့တဲ့ ကလော့ပ်ဟာ ဒီရာသီမှာတော့ စံချိန်တွေချိုးပြီး ပွဲတိုင်းနိုင်လိုတဲ့ ပရိသတ်နဲ့ လူငယ်တွေကို နေရာပေးပြီး ရလဒ်ကို အလေးမထားလိုတော့တဲ့ ပရိသတ်တွေရဲ့ မတူညီတဲ့ တောင်းဆိုမှုတွေကို ဂရုစိုက်ဖို့ထက် သူလုပ်ရမယ့် အလုပ်ကိုပဲ အာရုံစိုက်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ျပိဳင္ဘက္အသင္းေတြမွာ လူငယ္ေတြကို ေနရာေပးသလို အသင္းရဲ႕ လူငယ္ေတြကို စီနီယာအဆင့္ ပြဲကစားခြင့္ေတြ ေပးဖို႔ ကိစၥနဲ႔ ပက္သက္ျပီး ေမးခြန္းထုတ္ခံခဲ့ရပါတယ္။

နီကိုး ဝီလီယမ္၊ ကာတစ္ဂ်ံဳးနဲ႔ ဟာေဗး အီလီေယာ့တို႔ဟာ လီဗာပူးရဲ႕ အေတာက္ပဆံုး လူငယ္ေတြျဖစ္ျပီး ေႏြေစ်းကြက္ထဲ အလံုးအရင္းနဲ႔ ဝင္မွာ မဟုတ္တဲ့ ကလပ္ဟာ ဒီလူငယ္ေတြကို ေနရာေပးသြားဖို႔ ွိေနတယ္။ ကိုရိုနာကပ္ေဘးက လူသစ္ေခၚယူေရး အကန္႔အသတ္ျဖစ္ေစရင္ ဒီလူငယ္ေတြကို ဒီရာသီမွာတင္ ေနရာေပးလိုက္ဖို႔ကို ေမးခြန္းထုတ္ခံရတာ ျဖစ္တယ္။

ကေလာ့ပ္ကေတာ့ “ ရင္းႏွီးျမဳပ္ႏွံေငြေတြ ဘယ္ေလာက္ထိ ျမင့္မားသလဲဆိုတာကိုေတာ့ က်ေနာ္ မသိဘူး။ ဒီေကာင္ေလးေတြ ဘယ္ေလာက္ထိ အဆင္သင့္ျဖစ္ေနျပီလဲ? ဆိုတာက အဓိကျဖစ္တယ္။ အသက္အရြယ္နဲ႔ ပက္သက္ျပီး ႏိႈင္းယွဥ္တာေတြကို က်ေနာ္ ဘယ္ေတာ့မွ မလုပ္ပါဘူး။ အသက္အရြယ္ဆိုတာက ကစားသမားေတြ စုေဆာင္းရမယ့္ အခ်က္အလက္ေပါင္း ၅၀၀ ေလာက္က တစ္ခုေလာက္ပဲ ျဖစ္ပါတယ္။ ” လို႔ ေျပာပါတယ္။

ဘန္ေလနဲ႔ပြဲမွာ ညာအစြန္ေနရာက ကစားခဲ့တဲ့ နီကိုးဟာ ဒီရာသီမွာ စီနီယာကစားသမား ၅ ပြဲ ျပည့္ခဲ့ပါျပီ။ သူဟာ အသက္ ၅ ႏွစ္အရြယ္တည္းက လီဗာပူးအကယ္ဒမီကို ပူးေပါင္းခဲ့တဲ့ ေျမာက္ပိုင္း ေဝလ္းနယ္သားျဖစ္တယ္။ အသက္ ၁၉ ႏွစ္အရြယ္ လီဗာပူးသား ကားတစ္ဂ်ံဳးကေတာ့ လူစားဝင္မႈ တစ္ပြဲထပ္ကစားရင္ ၅ ပြဲျပည့္မွာျဖစ္ျပီး အီလီေယာ့ကေတာ့ ဒီရာသီမွာ အရန္အေန ပါဝင္ထားကာ ပရီးမီးယားလိဂ္ဆုကို လြဲမယ့္ အေျခအေန ရွိေနပါတယ္။

ကေလာ့ပ္ကပဲ “ ကစားသမားေတြ ဘယ္ေနရာမွာ တိုးတက္ရမယ္လို႔ မဟုတ္ပါဘူး။ စီနီယာအသင္းနဲ႔ ေလ့က်င့္ရံုပဲ ေလ့က်င့္ေနရမွာပါ။ ျခားနားတဲ့ အေျခအေနေတြမွာ အသံုးျပဳမွာပါ ” လို႔ ေျပာဆိုခဲ့တယ္။

အတိတ္တုန္းကလည္း လူငယ္ေပါင္း မ်ားစြာကို စင္တင္ခဲ့တဲ့ ကေလာ့ပ္ဟာ ဒီရာသီမွာေတာ့ စံခ်ိန္ေတြခ်ိဳးျပီး ပြဲတိုင္းႏုိင္လိုတဲ့ ပရိသတ္နဲ႔ လူငယ္ေတြကို ေနရာေပးျပီး ရလဒ္ကို အေလးမထားလိုေတာ့တဲ့ ပရိသတ္ေတြရဲ႕ မတူညီတဲ့ ေတာင္းဆိုမႈေတြကို ဂရုစိုက္ဖို႔ထက္ သူလုပ္ရမယ့္ အလုပ္ကိုပဲ အာရံုစိုက္ေနတာ ျဖစ္ပါတယ္။