လီဗာပူးအသင်းရဲ့ ဒုတိယ သက်တော်ရှည် ကစားသမားဖြစ်သူ လိုဗရန်ကို ဒီနွေမှာ ရောင်းထုတ်ဖို့ အသင်းဘက်က စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။

ခရိုအေးရှားသားကို ခေါ်ယူဖို့ ရှရှားကလပ် ဇင်းနစ်အသင်းက ရေပန်းအစားဆုံးဖြစ်တယ်။ The Times သတင်းထောက် ပေါဂျွိုက်စ်က ဇင်းနစ်ဟာ လိုဗရန်ကို ခေါ်ယူလိုနေကြောင်း သတင်းပေးခဲ့ပြီး ပြောင်းရွှေ့ကြေးနဲ့ ပက်သက်လို့ လီဗာပူးဘက်က ညိနှိုင်းမှု လုပ်ဆောင်ဖွယ် ရှိပါတယ်။

လိုဗရန်ဟာ ဒီရာသီမှာ လီဗာပူးအတွက် ၁၅ ပွဲ ကစားပေးထားပြီး ပရီးမီးယားလိဂ်မှာ ၁၀ ပွဲ ကစားထားကာ လာမယ့်ရာသီ အသင်းမှာ ရှိမနေဖို့ များနေတဲ့ ကစားသမား ဖြစ်ပါတယ်။ ဆက်ပြီးလည်း ဒီရာသီမှာ ဒဏ်ာပြဿနာနဲ့ပဲ ရုန်းကန်နေရပြီး ပွဲကစားခွင့်တွေ နည်းပါးနေတဲ့ ရှာကွီရီကို ရောင်းထုတ်ဖို့ကိုလည်း လီဗာပူးက ဆုံးဖြတ်ထားပါတယ်။

The Athletic သတင်းထောက် ဂျိမ်းပီရက်စ်က ” ပရီးမီးယားလိဂ် ပြန်စတင်ကတည်းက ရှာကွီရီကို မမြင်ရတာ အကြောင်းပြချက် ရှိသလား? ဒီရာသီမှာ သူက အဓိက ကစားသမားကို မဟုတ်တော့ပါဘူး။ ဒါပေမယ့် နောက်ဆုံး မိနစ် ၂၀ တွေအတွက်တော့ သူက ပါဝင်ကစားနိုင်ဆဲ ကစားသမားဖြစ်တယ်။ သူ့ကို ဒီနွေမှာ လီဗာပူးအသင်းက ရောင်းထုတ်သွားဖို့ ရည်ရွယ်သလား?

ကုန်ခဲ့တဲ့ သီတင်းပတ်အထိ ရှာကွီရီက ကြံ့ခိုင်မှု မပြည့်ပါဘူး။ ပြောရရင်တော့ မှန်ကန်တဲ့ ကမ်းလှမ်းမှု ရမယ်ဆိုင် ဒီနွေမှာ လီဗာပူးက သူ့ကို ရောင်းထုတ်သွားမှာပါ ” လို့ ထုတ်ပြောခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ဒုတိယ သက္ေတာ္ရွည္ ကစားသမားျဖစ္သူ လိုဗရန္ကို ဒီေႏြမွာ ေရာင္းထုတ္ဖို႔ အသင္းဘက္က စတင္ လုပ္ေဆာင္ေနျပီျဖစ္ပါတယ္။

ခရိုေအးရွားသားကုိ ေခၚယူဖို႔ ရွရွားကလပ္ ဇင္းနစ္အသင္းက ေရပန္းအစားဆံုးျဖစ္တယ္။ The Times သတင္းေထာက္ ေပါဂ်ိြဳက္စ္က ဇင္းနစ္ဟာ လိုဗရန္ကို ေခၚယူလိုေနေၾကာင္း သတင္းေပးခဲ့ျပီး ေျပာင္းေရႊ႔ေၾကးနဲ႔ ပက္သက္လို႔ လီဗာပူးဘက္က ညိႏိႈင္းမႈ လုပ္ေဆာင္ဖြယ္ ရွိပါတယ္။

လိုဗရန္ဟာ ဒီရာသီမွာ လီဗာပူးအတြက္ ၁၅ ပြဲ ကစားေပးထားျပီး ပရီးမီးယားလိဂ္မွာ ၁၀ ပြဲ ကစားထားကာ လာမယ့္ရာသီ အသင္းမွာ ရွိမေနဖို႔ မ်ားေနတဲ့ ကစားသမား ျဖစ္ပါတယ္။ ဆက္ျပီးလည္း ဒီရာသီမွာ ဒဏ္ာျပႆနာနဲ႔ပဲ ရုန္းကန္ေနရျပီး ပြဲကစားခြင့္ေတြ နည္းပါးေနတဲ့ ရွာကီြရီကို ေရာင္းထုတ္ဖို႔ကိုလည္း လီဗာပူးက ဆံုးျဖတ္ထားပါတယ္။

The Athletic သတင္းေထာက္ ဂ်ိမ္းပီရက္စ္က ” ပရီးမီးယားလိဂ္ ျပန္စတင္ကတည္းက ရွာကီြရီကို မျမင္ရတာ အေၾကာင္းျပခ်က္ ရွိသလား? ဒီရာသီမွာ သူက အဓိက ကစားသမားကို မဟုတ္ေတာ့ပါဘူး။ ဒါေပမယ့္ ေနာက္ဆံုး မိနစ္ ၂၀ ေတြအတြက္ေတာ့ သူက ပါဝင္ကစားႏုိင္ဆဲ ကစားသမားျဖစ္တယ္။ သူ႔ကို ဒီေႏြမွာ လီဗာပူးအသင္းက ေရာင္းထုတ္သြားဖို႔ ရည္ရြယ္သလား?

ကုန္ခဲ့တဲ့ သီတင္းပတ္အထိ ရွာကီြရီက ၾကံ႕ခိုင္မႈ မျပည့္ပါဘူး။ ေျပာရရင္ေတာ့ မွန္ကန္တဲ့ ကမ္းလွမ္းမႈ ရမယ္ဆိုင္ ဒီေႏြမွာ လီဗာပူးက သူ႔ကို ေရာင္းထုတ္သြားမွာပါ ” လို႔ ထုတ္ေျပာခဲ့ပါတယ္။