မန်ချက်စတာယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုနဲ့ Sir Matt Busby တစ်ရာသီ အကောင်းဆုံး ကစားသမားဆု နှစ်ခုလုံးကို ခံစစ်မှူး လုခ်ရှောက ရရှိသွားပါတယ်။

ဆိုးရှားဟာ ဒီရာသီ နောက်ဆုံးပွဲ ကာဒစ်နဲ့ ပွဲမှာ ယူနိုက်တက် လူငယ်အသင်းနဲ့အတူ တောက်လျှောက်ခြေစွမ်းပြနေတဲ့ မေဆန်ဂရင်းဝုဒ်ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်ထားပါတယ်။

ဂရင်းဝုဒ် နည်းတူ ဟက်ဒါဖီးနဲ့ပွဲမှာ လူစားဝင်ကစားခဲ့တဲ့ တာဟစ်ချောင် ကလည်း ကာဒစ်နဲ့ပွဲ နေရာရဖို့ ရှိနေပါတယ်။ သူတို့နှစ်ဦးဟာ စီနီယာ ပွဲထွက်ခွင့်ရမယ် ဆိုတာကို မန်ချက်စတာအခြေစိုက် သတင်းတွေ ကဖော်ပြလာတာဖြစ်ပြီး ကြံ့ခိုင်မှုလည်း ပြန်ကောင်းနေပါပြီ။

မန်ချက်စတာ ယူနိုက်တက်မှ ပြင်သစ်သား ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လာမယ့်နွေမှာ ဂျူဗင်တပ်သို့ ပြန်ပြောင်းရွှေ့နိုင်တော့မှာ မဟုတ်ပါဘူး။ ၄င်းရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်းအိုလာဟာ အီတလီဘောလုံးအဖွဲ့ချုပ်မှ သုံးလကြာ ပိတ်ပင်ခြင်း ခံလိုက်ရပြီး သြဂုတ် ၉ ရက်နေ့ထိ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ကာလရှည်စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လိုဒီဘာလာကို ဒီနှစ်ဘောလုံးရာသီမှာခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူထားပြီးဖြစ်တယ်လို့ အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ကွင်းလယ် ပေါ့ဘာဟာ အသင်းကနေ ထွက်ခွာဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ၄င်းဟာ ယခင်နည်းပြ မော်ရင်ညို လက်ထက်က အဆင်မပြေမှုများ ရှိစဉ်တည်းက မကျေနပ်မှုများ ရှိနေခဲ့တယ်လို့ လန်ဒန်သတင်းများမှာ ဖော်ပြလာတာပါ။

ယူနိုက်တက် ကွင်းလယ်ကစားသမား ဟာရဲရားက လာမယ့်နွေမှာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ သွားရောက်တော့မှာ ဖြစ်ပြီး ပြင်သစ် ချန်ပီယံကလပ်က စပိန်သားနဲ့ တစ်ပတ် လုပ်ခ ပေါင် ၁သိန်း၆သောင်းတန် စာချုပ်အတွက် သဘောတူညီမှု ရထားပြီ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဆွမ်ဆီး အသင်းရဲ့တောင်ပံကစားသမားလေး ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူဖို့ အတော်လေးကို နီးစပ်သွားခဲ့ပြီဖြစ်ပြီး မကြာခင်မှာ အတည်ပြုသတင်းတွေ ကြေညာနိုင်ပါတယ်။ ယူနိုက်တက်ဟာ ပေါင် ၁၅ သန်းနဲ့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အကယ်ဒမီလူငယ်လေးတွေ ဖြစ်တဲ့ အိန်ဂျယ် ဂိုမက်၊ လီဗစ်၊ မေဆန်ဂရင်းဝုဒ်၊ တာဟစ်ချောင်၊ ဂျိမ်းစ် ဂါနာနဲ့ Arnau Puigmal တို့ ကာဒစ်နဲ့ ပွဲကြို အသင်း လေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပါတယ်။

ဆန်းချက်ရဲ့ အေးဂျင့်ဖြစ်သူက အင်တာမီလန်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ထားပြီး ချီလီသားကြီးကို ယူနိုက်တက်မှ အသင်းပြောင်းနိုင်ရန် နည်းလမ်းများ ရှာဖွေနေပါတယ်။