လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ရက်နက်က ဒီရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ကလော့ပ် အနိုင်ရဖို့ ထိုက်တန်ပေမယ့် ရှက်ဖီးက ဝိုက်ဒါကိုပဲ ရွေးလိုပါတယ်လိ့ ထုတ်ပြောလိုက်ပါတယ်။

ရက်နက်က ” ပရီးမီးယားလိဂ်သမိုင်းမှာတော့ ယာဂင်ကလော့ပ်က အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ဦးအဖြစ် ပါဝင်နေမှာပါ။ အရမ်းလည်း ထိုက်တန်ပါတယ်။ ဉာဏ်ကြီးရှင်ဖြစ်ပြီး အရမ်းကောင်းတဲ့ နည်းစနစ်ကိုလည်း ကိုယ်တိုင် ဖန်တီးခဲ့တယ်။ ဂျာမာန်သား အင်္ဂလိပ်ဆရာတစ်ဦးလို့လည်း ဆိုနိုင်ပါတယ်။ သူက အမြဲတမ်း ဘာတွေကို ပြောရမယ်ဆိုတာ သိထားပြီး ကစားသမားနဲ့ ပရိသတ်တွေရဲ့ အထင်ကြီးခြင်းကို သိမ်းပိုက်ထားသူပါ။

ဒါပေမယ့် ဒီနှစ်ရဲ့ အကောင်းဆုံး မန်နေဂျာဆုအတွက်ဆိုရင် ကျနော်ကတော့ ရှက်ဖီးက ခရစ်ဝိုင်ဒါကိုပဲ ပေးလိုပါတယ်။ ရာသီစတုန်းက ကျနော် အပါအဝင် စပေါ့မေးလ်က ကလောင်ရှင် ၁၁ ဦးလုံးက ရှက်ဖီးဟာ တန်းပြန်ဆင်းရမယ့် အသင်းလို့ ခန့်မှန်းခဲ့တယ်။ အဲ့သတင်းကို မနှစ်က သြဂုတ်လ ၉ ရက်နေ့မှာ ဖြန့်ခဲ့တဲ့အထဲ ပါမယ်ထင်ပါတယ်။

ကျနော် အပါအဝင် ကလောင်ရှင် အနည်းငယ်က လီဗာပူး ချန်ပီယံဖြစ်မယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ကလော့ပ်ရဲ့ အသင်းသားတွေက ဆုဖလား စိန်ခေါ်မယ်ဆိုတာ ကျနေ်ာတို့ သိလို့ပါပဲ။ မနှစ်က ၇မှတ် ၉၇ မှတ် ရခဲ့တယ်။ ချန်ပီယံလိဂ်ကို အနိုင်ရခဲ့ပါတယ်။

၂၀၀၅ မှာ လီဗာပူးကို ကလော့ပ် ဝင်ရောက်ကတည်းက ကောင်းမွန်တဲ့ တည်ဆောက်မှုတွေ လုပ်ခဲ့တာကြောင့် အသက် ၅၃ နှစ်အရွယ် မန်နေဂျာကြီး ပရီးမီးယားလိဂ်ဖလားကို ယူပြတာက မဖြစ်နိုင်စရာ အံ့ချီးဖွယ်ကိစ္စမျိုး မဟုတ်ပါဘူး (လီဗာပူးက ဆုဖလားတွေ ပုံမှန်လိုကို ရနိုင်တဲ့အသင်းဖြစ်လာလို့ ပရီးမီးယားလိဂ်ဖလားရတာ အထူးအဆန်းမဟုတ်ဟု ဆိုလို)။ ဒါပေမယ့် ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာ ဝိုင်ဒါ လုပ်ပြတာကတော့ အံ့မခန်းကိစ္စပါပဲ။

ရှက်ဖီးအသင်း တန်းမဆင်းရရင်တောင် ကံကောင်းလို့ လူတိုင်းက ထင်ကြပေမယ့် သူတို့က အဆင့် ၆ ထဲကို ဝင်လာခဲ့တယ်။ သူတို့ရဲ့ ကစားဟန်ကလည်း သိပ်ကို စနစ်ကျပါတယ်။ ၃-၅-၂ ကို ခံစစ်သမားတွေနဲ့ တောင်ပံသမားတွေ တိုက်စစ်လိုက်တာ သိပ်စနစ်ကျပါတယ် ” လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

ရက်နက် ပြောသလိုပါပဲ ဒီရာသီ အကောင်းဆုံး မန်နေဂျာဆုကို ကလော့ပ်ရမယ်ဆိုရင် အရမ်းကို ထိုက်တန်ပါတယ်။ ထိုနည်းတူ ဝိုက်ဒါရမယ်ဆိုရင်လည်း လက်ခုပ်တီးပေးရအောင် ရှက်ဖီးက အတော်လေး လုပ်ပြထားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ရက္နက္က ဒီရာသီ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုကို ကေလာ့ပ္ အႏုိင္ရဖို႔ ထိုက္တန္ေပမယ့္ ရွက္ဖီးက ဝိုက္ဒါကိုပဲ ေရြးလိုပါတယ္လိ႔ ထုတ္ေျပာလိုက္ပါတယ္။

ရက္နက္က ” ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ ယာဂင္ကေလာ့ပ္က အေကာင္းဆံုး မန္ေနဂ်ာေတြထဲက တစ္ဦးအျဖစ္ ပါဝင္ေနမွာပါ။ အရမ္းလည္း ထိုက္တန္ပါတယ္။ ဥာဏ္ၾကီးရွင္ျဖစ္ျပီး အရမ္းေကာင္းတဲ့ နည္းစနစ္ကိုလည္း ကိုယ္တုိင္ ဖန္တီးခဲ့တယ္။ ဂ်ာမာန္သား အဂၤလိပ္ဆရာတစ္ဦးလို႔လည္း ဆိုႏုိင္ပါတယ္။ သူက အျမဲတမ္း ဘာေတြကို ေျပာရမယ္ဆိုတာ သိထားျပီး ကစားသမားနဲ႔ ပရိသတ္ေတြရဲ႕ အထင္ၾကီးျခင္းကို သိမ္းပိုက္ထားသူပါ။

ဒါေပမယ့္ ဒီႏွစ္ရဲ႕ အေကာင္းဆံုး မန္ေနဂ်ာဆုအတြက္ဆိုရင္ က်ေနာ္ကေတာ့ ရွက္ဖီးက ခရစ္ဝိုင္ဒါကိုပဲ ေပးလိုပါတယ္။ ရာသီစတုန္းက က်ေနာ္ အပါအဝင္ စေပါ့ေမးလ္က ကေလာင္ရွင္ ၁၁ ဦးလံုးက ရွက္ဖီးဟာ တန္းျပန္ဆင္းရမယ့္ အသင္းလို႔ ခန္႔မွန္းခဲ့တယ္။ အဲ့သတင္းကို မႏွစ္က ၾသဂုတ္လ ၉ ရက္ေန႔မွာ ျဖန္႔ခဲ့တဲ့အထဲ ပါမယ္ထင္ပါတယ္။

က်ေနာ္ အပါအဝင္ ကေလာင္ရွင္ အနည္းငယ္က လီဗာပူး ခ်န္ပီယံျဖစ္မယ္လို႔လည္း ခန္႔မွန္းခဲ့ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ကေလာ့ပ္ရဲ႕ အသင္းသားေတြက ဆုဖလား စိန္ေခၚမယ္ဆိုတာ က်ေန္ာတို႔ သိလို႔ပါပဲ။ မႏွစ္က ၇မွတ္ ၉၇ မွတ္ ရခဲ့တယ္။ ခ်န္ပီယံလိဂ္ကို အႏုိင္ရခဲ့ပါတယ္။

၂၀၀၅ မွာ လီဗာပူးကို ကေလာ့ပ္ ဝင္ေရာက္ကတည္းက ေကာင္းမြန္တဲ့ တည္ေဆာက္မႈေတြ လုပ္ခဲ့တာေၾကာင့္ အသက္ ၅၃ ႏွစ္အရြယ္ မန္ေနဂ်ာၾကီး ပရီးမီးယားလိဂ္ဖလားကို ယူျပတာက မျဖစ္ႏိုင္စရာ အံ့ခ်ီးဖြယ္ကိစၥမ်ိဳး မဟုတ္ပါဘူး (လီဗာပူးက ဆုဖလားေတြ ပံုမွန္လိုကို ရႏုိင္တဲ့အသင္းျဖစ္လာလို႔ ပရီးမီးယားလိဂ္ဖလားရတာ အထူးအဆန္းမဟုတ္ဟု ဆိုလို)။ ဒါေပမယ့္ ပရီးမီးယားလိဂ္ ပထမဆံုးရာသီမွာ ဝိုင္ဒါ လုပ္ျပတာကေတာ့ အံ့မခန္းကိစၥပါပဲ။

ရွက္ဖီးအသင္း တန္းမဆင္းရရင္ေတာင္ ကံေကာင္းလို႔ လူတိုင္းက ထင္ၾကေပမယ့္ သူတို႔က အဆင့္ ၆ ထဲကို ဝင္လာခဲ့တယ္။ သူတို႔ရဲ႕ ကစားဟန္ကလည္း သိပ္ကို စနစ္က်ပါတယ္။ ၃-၅-၂ ကို ခံစစ္သမားေတြနဲ႔ ေတာင္ပံသမားေတြ တိုက္စစ္လိုက္တာ သိပ္စနစ္က်ပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

ရက္နက္ ေျပာသလိုပါပဲ ဒီရာသီ အေကာင္းဆံုး မန္ေနဂ်ာဆုကို ကေလာ့ပ္ရမယ္ဆိုရင္ အရမ္းကို ထိုက္တန္ပါတယ္။ ထိုနည္းတူ ဝိုက္ဒါရမယ္ဆိုရင္လည္း လက္ခုပ္တီးေပးရေအာင္ ရွက္ဖီးက အေတာ္ေလး လုပ္ျပထားႏုိင္တာ ျဖစ္ပါတယ္။