မန်နေဂျာယာဂင်ကလော့ပ်က ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် အာဆင်နယ်ပွဲဟာ စိတ်ဝင်စားစရာ ပွဲကောင်းဖြစ်လာလိမ့်မယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်နေဂျာကလော့ပ်က ” ခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျနေ်ာတို့မှာ ပြင်ဆင်ချိန် ရထားပါတယ်။ အဲ့တာက ကောင်းပါတယ်။ ကျနေ်ာတို့ တစ်ရက် ပိုရထားပါတယ်။ ကုန်ခဲ့တဲ့ ၇ ရက်မှာ အတော်လေး ကောင်းပါတယ်။ တစ်ပတ်အတွင်း ၃ ပွဲကစားရတာက ဒီကာလနဲ့ဆိုရင် တော်တော်များတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် အခြေအနေက ဒီလိုပဲလေ။ ကျနေ်ာတို့ တစ်ရက် အချိန်ပိုရထားတော့ ပြန်လည်အားဖြည့်တဲ့ ကိစ္စတွေကို ပြီးပြတ်အောင် လုပ်နိုင်ဖို့ မျှော်လင့်နိုင်ပါတယ်။ အာဆင်နယ်ကို ရင်ဆိုင်ရမယ့်ပွဲကို ကျနေ်ာတို့ ဆက်သွားမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါမယ် ” လို့ ပြောဆိုသွားပါတယ်။

ဒီဘက်နှစ်တွေမှာတော့ လီဗာပူးဟာ အာဆင်နယ်ကို ရင်ဆိုင်ရတိုင်း ဂိုးပြတ် အနိုင်ရလေ့ရှိတယ်။ ဘန်လေပွဲကို သရေရလဒ်ပဲ ယူထားနိုင်တဲ့ လီဗာပူးအတွက် ဒီပွဲမှာ နိုင်ပွဲပြန်ယူဖို့ တွန်းအားရှိသလို အာဆင်နယ်မှာလည်း ဥရောပဝင်ခွင့် တစ်နေရာစာအတွက် ဖိအားတွေ ရှိနေပါတယ်။

ဒီကနေ့မှာတော့ ထူးထူးခြားခြားအဖြစ် လီဗာပူးဟာ လိုဗရန်ကို စာချုပ်ပါ တစ်နှစ် သက်တမ်းတိုးမှုကို လုပ်ဆောင်ခဲ့ပြီဖြစ်ပြီး ခရိုအေးရှားသားဟာ ၂၀၂၂ နှစ်ထိ ဆက်ရှိမယ့် စာချုပ်ကို ပိုင်ဆိုင်ခဲ့ပါပြီ။ ဒီစာချုပ်ကြောင့် လိုဗရန်ကို နွေမှာ ရောင်းထုတ်တဲ့အခါ ဈေးချခံရမယ့် အနေအထားကနေ ကင်းလွှတ်သွားပြီဖြစ်တယ်။ လိုဗရန်ကို ခေါ်ယူဖို့ကိုတော့ ဇင်းနစ်အသင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဗုဒၶဟူးေန႔မွာ ယွဥ္ျပိဳင္ရမယ့္ အာဆင္နယ္ပြဲဟာ စိတ္ဝင္စားစရာ ပြဲေကာင္းျဖစ္လာလိမ့္မယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ျခားနားတဲ့ပြဲတစ္ပြဲ ျဖစ္လာပါလိမ့္မယ္။ ဒါေပမယ့္ က်ေန္ာတို႔မွာ ျပင္ဆင္ခ်ိန္ ရထားပါတယ္။ အဲ့တာက ေကာင္းပါတယ္။ က်ေန္ာတို႔ တစ္ရက္ ပိုရထားပါတယ္။ ကုန္ခဲ့တဲ့ ၇ ရက္မွာ အေတာ္ေလး ေကာင္းပါတယ္။ တစ္ပတ္အတြင္း ၃ ပြဲကစားရတာက ဒီကာလနဲ႔ဆိုရင္ ေတာ္ေတာ္မ်ားတယ္လုိ႔ ေျပာလို႔ရပါတယ္။

ဒါေပမယ့္ အေျခအေနက ဒီလိုပဲေလ။ က်ေန္ာတို႔ တစ္ရက္ အခ်ိန္ပိုရထားေတာ့ ျပန္လည္အားျဖည့္တဲ့ ကိစၥေတြကို ျပီးျပတ္ေအာင္ လုပ္နုိင္ဖို႔ ေမွ်ာ္လင့္ႏုိင္ပါတယ္။ အာဆင္နယ္ကို ရင္ဆုိင္ရမယ့္ပြဲကို က်ေန္ာတို႔ ဆက္သြားမွာပါ။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ပြဲတစ္ပြဲ ျဖစ္လာပါမယ္ ” လို႔ ေျပာဆိုသြားပါတယ္။

ဒီဘက္ႏွစ္ေတြမွာေတာ့ လီဗာပူးဟာ အာဆင္နယ္ကို ရင္ဆိုင္ရတိုင္း ဂိုးျပတ္ အႏုိင္ရေလ့ရွိတယ္။ ဘန္ေလပြဲကို သေရရလဒ္ပဲ ယူထားႏုိင္တဲ့ လီဗာပူးအတြက္ ဒီပြဲမွာ ႏုိင္ပြဲျပန္ယူဖို႔ တြန္းအားရွိသလို အာဆင္နယ္မွာလည္း ဥေရာပဝင္ခြင့္ တစ္ေနရာစာအတြက္ ဖိအားေတြ ရွိေနပါတယ္။

ဒီကေန႔မွာေတာ့ ထူးထူးျခားျခားအျဖစ္ လီဗာပူးဟာ လိုဗရန္ကို စာခ်ဳပ္ပါ တစ္ႏွစ္ သက္တမ္းတိုးမႈကို လုပ္ေဆာင္ခ့ဲျပီျဖစ္ျပီး ခရိုေအးရွားသားဟာ ၂၀၂၂ ႏွစ္ထိ ဆက္ရွိမယ့္ စာခ်ဳပ္ကို ပိုင္ဆိုင္ခဲ့ပါျပီ။ ဒီစာခ်ဳပ္ေၾကာင့္ လိုဗရန္ကို ေႏြမွာ ေရာင္းထုတ္တဲ့အခါ ေစ်းခ်ခံရမယ့္ အေနအထားကေန ကင္းလႊတ္သြားျပီျဖစ္တယ္။ လိုဗရန္ကို ေခၚယူဖို႔ကိုေတာ့ ဇင္းနစ္အသင္းက စိတ္ဝင္စားေနတာျဖစ္ပါတယ္။