မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးမှာ လက်ကျန် ၄ နှစ်စာချုပ်ကို ကုန်ဆုံးတဲ့အထိ နေပြီးရင် ဂျာမနီကို ပြန်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဂျာမာန်သတင်းဌာနကို ထုတ်ပြောလိုက်ပါတယ်။

၂၀၁၉ ဒီဇင်ဘာလမှာ မန်နေဂျာကလော့ပ်က ၂၀၂၄ ခုနှစ်ထိ အန်ဖီးမှာ ရှိနေမယ့် ကာလရှည် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာပါ။ လီဗာပူးရဲ့ ဂန္တဝင်မန်နေဂျာစာရင်းထဲ ပါဝင်လာတဲ့ ကလော့ပ်ဟာ နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို အနိုင်ရအောင် စွမ်းဆောင်ပေးထားနိုင်ပြီဖြစ်တယ်။

ဂျာမာန်သတင်းဌာနက ဂျာမနီကို ပြန်လာလိုစိတ်ရှိလားလို့ မေးရာမှာ ကလော့ပ်က ‘ ကျနော် မန်နေဂျာဘဝ အဆုံးသတ်ပြီးခဲ့ရင် နေထိုင်ဖို့အတွက် ဂျာမနီကို ပြန်လာမှာပါ။ ကျနော် မိန့်မှာ အခြေချဖြစ်ဖို့ များပါတယ် ‘ လို့ ပြန်ဖြေခဲ့တာဖြစ်တယ်။

ကလော့ပ်ဟာ မန်နေဂျာဘဝအဖြစ် မိန့်နဲ့ ဒေါ့မွန်တို့မှာ ၇ ရာသီစီပဲ ကိုင်တွယ်ခဲ့တာဖြစ်ပြီး လီဗာပူးမှာတော့ လက်ရှိမှာ ၅ နှစ်ကာလထဲကို ရောက်လာခဲ့ပါပြီ။ စာချုပ်အတိုင်းဆိုရင်တော့ သူက လီဗာပူးမှာ ၉ နှစ်ထိ ရှိနေမှာဖြစ်တယ်။ ဘယ်အချိန်မှာ ဂျာမနီပြန်မလည်းဆိုတဲ့ အပေါ်မှာတော့ ‘ လီဗာပူးမှာ လေးနှစ် ဆက်နေပြီးရင်’ လို့ ဖြေခဲ့ပါတယ်။

ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်က ကလော့ပ်ကို မန်နေဂျာအဖြစ် ခေါ်ယူဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့ပေမယ့် မအောင်မြင်ထားခဲ့ဘူး။ ကလော့ပ် ကိုယ်တိုင်ကတော့ မွေးရပ်မြေကို ပြန်ခဲ့ရင် ကလပ်အသင်းတွေကို ကိုင်တွယ်ခြင်းထက် ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်လိုစိတ် ရှိကြောင်း ထုတ်ပြောထားပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးမွာ လက္က်န္ ၄ ႏွစ္စာခ်ဳပ္ကုိ ကုန္ဆံုးတဲ့အထိ ေနျပီးရင္ ဂ်ာမနီကို ျပန္သြားဖို႔ အစီအစဥ္ရွိတယ္လို႔ ဂ်ာမာန္သတင္းဌာနကို ထုတ္ေျပာလိုက္ပါတယ္။

၂၀၁၉ ဒီဇင္ဘာလမွာ မန္ေနဂ်ာကေလာ့ပ္က ၂၀၂၄ ခုႏွစ္ထိ အန္ဖီးမွာ ရွိေနမယ့္ ကာလရွည္ စာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့တာပါ။ လီဗာပူးရဲ႕ ဂႏၱဝင္မန္ေနဂ်ာစာရင္းထဲ ပါဝင္လာတဲ့ ကေလာ့ပ္ဟာ ႏွစ္ေပါင္း ၃၀ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို အႏုိင္ရေအာင္ စြမ္းေဆာင္ေပးထားႏုိင္ျပီျဖစ္တယ္။

ဂ်ာမာန္သတင္းဌာနက ဂ်ာမနီကို ျပန္လာလိုစိတ္ရွိလားလို႔ ေမးရာမွာ ကေလာ့ပ္က ‘ က်ေနာ္ မန္ေနဂ်ာဘဝ အဆံုးသတ္ျပီးခဲ့ရင္ ေနထိုင္ဖို႔အတြက္ ဂ်ာမနီကို ျပန္လာမွာပါ။ က်ေနာ္ မိန္႔မွာ အေျခခ်ျဖစ္ဖို႔ မ်ားပါတယ္ ‘ လို႔ ျပန္ေျဖခဲ့တာျဖစ္တယ္။

ကေလာ့ပ္ဟာ မန္ေနဂ်ာဘဝအျဖစ္ မိန္႔နဲ႔ ေဒါ့မြန္တို႔မွာ ၇ ရာသီစီပဲ ကိုင္တြယ္ခဲ့တာျဖစ္ျပီး လီဗာပူးမွာေတာ့ လက္ရွိမွာ ၅ ႏွစ္ကာလထဲကို ေရာက္လာခဲ့ပါျပီ။ စာခ်ဳပ္အတိုင္းဆိုရင္ေတာ့ သူက လီဗာပူးမွာ ၉ ႏွစ္ထိ ရွိေနမွာျဖစ္တယ္။ ဘယ္အခ်ိန္မွာ ဂ်ာမနီျပန္မလည္းဆိုတဲ့ အေပၚမွာေတာ့ ‘ လီဗာပူးမွာ ေလးႏွစ္ ဆက္ေနျပီးရင္’ လို႔ ေျဖခဲ့ပါတယ္။

ဘြန္ဒက္လီဂါကလပ္ ဘိုင္ယန္ျမဴးနစ္က ကေလာ့ပ္ကို မန္ေနဂ်ာအျဖစ္ ေခၚယူဖို႔ အၾကိမ္ၾကိမ္ စဥ္းစားခဲ့ေပမယ့္ မေအာင္ျမင္ထားခဲ့ဘူး။ ကေလာ့ပ္ ကိုယ္တိုင္ကေတာ့ ေမြးရပ္ေျမကို ျပန္ခဲ့ရင္ ကလပ္အသင္းေတြကို ကိုင္တြယ္ျခင္းထက္ ဂ်ာမနီလက္ေရြးစင္အသင္းကို ကိုင္တြယ္လိုစိတ္ ရွိေၾကာင္း ထုတ္ေျပာထားပါတယ္။