ကမ္ဘာဘောလုံး စည်းမျဉ်းရေးဆွဲသူတွေက လာမယ့်ရာသီ တစ်ခုလုံးကိုလည်း ပုံမှန် လူစားလဲမှု ၃ ခု အစား ၅ ခု ထိ လုပ်ဆောင်ခွင့်အား ဆက်ပေးသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့က ယာယီစည်းမျဉ်းအဖြစ် မေလမှာ စတင်မိတ်ဆက်ခဲ့တဲ့ ဒီရာသီကုန်ထိ လူစားလဲမှု ၅ ကြိမ် လုပ်ခွင့်ဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအတွက် ရည်ရွယ်ပြီး ထုတ်ပြန်ပေးထားတာပါ။

ကိုဗစ်ကာလနောက်ပိုင်း အဆိုပါ စည်းမျဉ်းဟာ ရာသီကုန်ထိ ပွဲစဉ်တွေ အားလုံးအတွင်းမှာ အသင်းတွေက လူစားလဲမှုအနေနဲ့ တစ်ပွဲကို ၅ ကြိမ် ပြုလုပ်ခွင့် ပေးထားတာဖြစ်ကာ ပွဲ အချိန်ဖြုန်းမှုကို လျော့ချဖို့အတွက် ရည်ရွယ်ပြီး လူစားလဲမှု အခွင့်အရေးကို သုံးခါပဲ လုပ်ခွင့်ရှိတာဖြစ်တယ်။ (ဆိုလိုတာက တစ်ကြိမ်တည်းမှာ ၂ ဦး၊ ၃ ဦးလဲခြင်းကို ခွင့်ပြုပါမယ်)

ဒါပေမယ့်လည်း ရာသီသစ်မှာလည်း ရာသီကြို ပြင်ဆင်မှုကာလ နည်းပါးမှာဖြစ်လို့ ကစားသမားတွေ ဒဏ်ရာရမှုနှုန်း လျော့ချနိုင်အောင် ဒီစည်းမျဉ်းကို ၂၀၂၀-၂၀၂၁ ခုနှစ် ဘောလုံးရာသီ အကုန်ထိ ဆက်လက် သက်တမ်းတိုးထားမှာဖြစ်တယ်။

ဆိုလိုတာက တစ်ရာသီလုံးမှာ ပွဲနေ့လူစာရင်းက ၂၀ ထိ ပုံမှန် ထုတ်ခွင့်ရှိလာမှာဖြစ်တယ်။ ပွဲတစ်ပွဲမှာ ပါဝင်ကစားနိုင်တဲ့ အသင်းသားတွေက လူစားလဲမှု အပါအဝင် ၁၆ ဦး ရှိသွားမှာဖြစ်ပါတယ်။ ဘောလုံးရာသီတစ်ခုမှာ နှစ်ကြိမ် ကစားသမား မှတ်ပုံတင်ခွင့်ရှိပြီး တစ်ကြိမ်ကို ၂၅ ဦးဖြစ်တာကြောင့် တစ်သင်းလုံးနီးပါး ပွဲနေ့လူစာရင်းတွေထ ပါဝင်ခွင့်ရလာတဲ့ သဘောဖြစ်ပါတယ်။

ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲ မဟုတ်ဘူးလို့ ယူဆနိုင်ပေမယ့်လည်း ထိပ်သီးအသင်းချင်း ယှဉ်ပြိုင်တဲ့အခါ အရန်အင်အား သုံးနိုင်စွမ်းက အများကြီး ကြီးမားသွားမှာဖြစ်တယ်။ ဥပမာအားဖြင့် ကိုဗစ်ကာလအတွင်း ဘောလုံးပွဲ ပြန်စမှုမှာ မန်စီးတီးအသင်းဟာ လူစားလဲမှု အားလုံး လုပ်ပြီးခဲ့တာတောင် ဆာနေးကို ထည့်မသုံးရသေးတဲ့ အနေအထားတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

လီဗာပူးက စီနီယာပွဲထွက်စာရင်းအတွက် ၁၁ ဦး အပြည့်ရှိပေမယ့် အရန်စာရင်းမှာတော့ ကွင်းလယ်မှာပဲ လူရှိပြီး ခံစစ်နဲ့ တိုက်စစ်တွေမှာ အရန်စာရင်း နည်းပါးကာ လူငယ်တွေပဲ ရှိနေတာဖြစ်တယ်။ လာမယ့်ရာသီမှာ လယ်လာနာ ထွက်ခွာမှာဖြစ်ပြီး လိုဗရန်၊ ရှာကွီရီတို့ကိုလည်း ရောင်းချသွားဖို့ နီးစပ်နေပါတယ်။

ZAWGYI

ကမၻာေဘာလံုး စည္းမ်ဥ္းေရးဆြဲသူေတြက လာမယ့္ရာသီ တစ္ခုလံုးကိုလည္း ပံုမွန္ လူစားလဲမႈ ၃ ခု အစား ၅ ခု ထိ လုပ္ေဆာင္ခြင့္အား ဆက္ေပးသြားဖို႔ စီစဥ္ေနျပီျဖစ္ပါတယ္။

ႏုိင္ငံတကာ ေဘာလံုးအဖြဲ႔ခ်ဳပ္ ဘုတ္အဖြဲ႔က ယာယီစည္းမ်ဥ္းအျဖစ္ ေမလမွာ စတင္မိတ္ဆက္ခဲ့တဲ့ ဒီရာသီကုန္ထိ လူစားလဲမႈ ၅ ၾကိမ္ လုပ္ခြင့္ဟာ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈအတြက္ ရည္ရြယ္ျပီး ထုတ္ျပန္ေပးထားတာပါ။

ကိုဗစ္ကာလေနာက္ပိုင္း အဆိုပါ စည္းမ်ဥ္းဟာ ရာသီကုန္ထိ ပြဲစဥ္ေတြ အားလံုးအတြင္းမွာ အသင္းေတြက လူစားလဲမႈအေနနဲ႔ တစ္ပြဲကို ၅ ၾကိမ္ ျပဳလုပ္ခြင့္ ေပးထားတာျဖစ္ကာ ပြဲ အခ်ိန္ျဖဳန္းမႈကို ေလ်ာ့ခ်ဖို႔အတြက္ ရည္ရြယ္ျပီး လူစားလဲမႈ အခြင့္အေရးကို သံုးခါပဲ လုပ္ခြင့္ရွိတာျဖစ္တယ္။ (ဆိုလိုတာက တစ္ၾကိမ္တည္းမွာ ၂ ဦး၊ ၃ ဦးလဲျခင္းကို ခြင့္ျပဳပါမယ္)

ဒါေပမယ့္လည္း ရာသီသစ္မွာလည္း ရာသီၾကိဳ ျပင္ဆင္မႈကာလ နည္းပါးမွာျဖစ္လို႔ ကစားသမားေတြ ဒဏ္ရာရမႈႏႈန္း ေလ်ာ့ခ်ႏုိင္ေအာင္ ဒီစည္းမ်ဥ္းကို ၂၀၂၀-၂၀၂၁ ခုႏွစ္ ေဘာလံုးရာသီ အကုန္ထိ ဆက္လက္ သက္တမ္းတိုးထားမွာျဖစ္တယ္။

ဆိုလိုတာက တစ္ရာသီလံုးမွာ ပြဲေန႔လူစာရင္းက ၂၀ ထိ ပံုမွန္ ထုတ္ခြင့္ရွိလာမွာျဖစ္တယ္။ ပြဲတစ္ပြဲမွာ ပါဝင္ကစားႏုိင္တဲ့ အသင္းသားေတြက လူစားလဲမႈ အပါအဝင္ ၁၆ ဦး ရွိသြားမွာျဖစ္ပါတယ္။ ေဘာလံုးရာသီတစ္ခုမွာ ႏွစ္ၾကိမ္ ကစားသမား မွတ္ပံုတင္ခြင့္ရွိျပီး တစ္ၾကိမ္ကို ၂၅ ဦးျဖစ္တာေၾကာင့္ တစ္သင္းလံုးနီးပါး ပြဲေန႔လူစာရင္းေတြထ ပါဝင္ခြင့္ရလာတဲ့ သေဘာျဖစ္ပါတယ္။

ဒါဟာ ၾကီးမားတဲ့ အေျပာင္းအလဲ မဟုတ္ဘူးလို႔ ယူဆႏုိင္ေပမယ့္လည္း ထိပ္သီးအသင္းခ်င္း ယွဥ္ျပိဳင္တဲ့အခါ အရန္အင္အား သံုးႏုိင္စြမ္းက အမ်ားၾကီး ၾကီးမားသြားမွာျဖစ္တယ္။ ဥပမာအားျဖင့္ ကိုဗစ္ကာလအတြင္း ေဘာလံုးပြဲ ျပန္စမႈမွာ မန္စီးတီးအသင္းဟာ လူစားလဲမႈ အားလံုး လုပ္ျပီးခဲ့တာေတာင္ ဆာေနးကို ထည့္မသံုးရေသးတဲ့ အေနအထားတစ္ရပ္ကို ပိုင္ဆိုင္ခဲ့ပါတယ္။

လီဗာပူးက စီနီယာပြဲထြက္စာရင္းအတြက္ ၁၁ ဦး အျပည့္ရွိေပမယ့္ အရန္စာရင္းမွာေတာ့ ကြင္းလယ္မွာပဲ လူရွိျပီး ခံစစ္နဲ႔ တိုက္စစ္ေတြမွာ အရန္စာရင္း နည္းပါးကာ လူငယ္ေတြပဲ ရွိေနတာျဖစ္တယ္။ လာမယ့္ရာသီမွာ လယ္လာနာ ထြက္ခြာမွာျဖစ္ျပီး လိုဗရန္၊ ရွာကီြရီတို႔ကိုလည္း ေရာင္းခ်သြားဖို႔ နီးစပ္ေနပါတယ္။