ကမ္ဘာဘောလုံး စည်းမျဉ်းရေးဆွဲသူတွေက လာမယ့်ရာသီ တစ်ခုလုံးကိုလည်း ပုံမှန် လူစားလဲမှု ၃ ခု အစား ၅ ခု ထိ လုပ်ဆောင်ခွင့်အား ဆက်ပေးသွားဖို့ စီစဉ်နေပြီဖြစ်တယ်။

မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးမှာ လက်ကျန် ၄ နှစ်စာချုပ်ကို ကုန်ဆုံးတဲ့အထိ နေပြီးရင် ဂျာမနီကို ပြန်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဂျာမာန်သတင်းဌာနကို ထုတ်ပြောလိုက်ပါတယ်။

မန်နေဂျာကလော့ပ်က ” ခြားနားတဲ့ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျနေ်ာတို့မှာ ပြင်ဆင်ချိန် ရထားပါတယ်။ တစ်ပတ်အတွင်း ၃ ပွဲကစားရတာက ဒီကာလနဲ့ဆိုရင် တော်တော်များတယ်လို့ ပြောလို့ရပါတယ်။ အာဆင်နယ်ကို ရင်ဆိုင်ရမယ့်ပွဲကို ကျနေ်ာတို့ ဆက်သွားမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာပါမယ် ” လို့ ပြောဆိုသွားပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ရက်နက်က ဒီရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆုကို ကလော့ပ် အနိုင်ရဖို့ ထိုက်တန်ပေမယ့် ရှက်ဖီးက ဝိုက်ဒါကိုပဲ ရွေးလိုပါတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

The Times သတင်းထောက် ပေါဂျွိုက်စ်က ဇင်းနစ်ဟာ ခံစစ်မှူး လိုဗရန်ကို ခေါ်ယူလိုနေကြောင်း သတင်းပေးခဲ့ပြီး ပြောင်းရွှေ့ကြေးနဲ့ ပက်သက်လို့ လီဗာပူးဘက်က ညိနှိုင်းမှု လုပ်ဆောင်ဖွယ် ရှိပါတယ်။

The Athletic သတင်းထောက် ဂျိမ်းပီရက်စ်က ” ပရီးမီးယားလိဂ် ပြန်စတင်ကတည်းက ရှာကွီရီကို မမြင်ရတာ အကြောင်းပြချက် ရှိသလား? ဒီရာသီမှာ သူက အဓိက ကစားသမားကို မဟုတ်တော့ပါဘူး။ ကုန်ခဲ့တဲ့ သီတင်းပတ်အထိ ရှာကွီရီက ကြံ့ခိုင်မှု မပြည့်ပါဘူး။ ပြောရရင်တော့ မှန်ကန်တဲ့ ကမ်းလှမ်းမှု ရမယ်ဆိုင် ဒီနွေမှာ လီဗာပူးက သူ့ကို ရောင်းထုတ်သွားမှာပါ ” လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က အသင်းရဲ့ လူငယ်တွေကို စီနီယာအဆင့် ပွဲကစားခွင့်တွေ ပေးဖို့ ကိစ္စနဲ့ ပက်သက်ပြီး လူငယ်တွေက ပွဲထွက်ခွင့်ရမှ တိုးတက်နိုင်မှာ မဟုတ်ဘဲ စီနီယာအသင်းသားတွေနဲ့ လေ့ကျင့်ရင်းလည်း တိုးတက်လာနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ဘန်လေနဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကို ဆဲရေခဲ့တာနဲ့ ပက်သက်လို့ ဘောလုံးအဖွဲ့ချုပ်က အရေးယူမှု လုပ်ဆောင်သွားတော့မှာ မဟုတ်ပါဘူး။

လီဗာပူးဟာ လိုဗရန်ကို စာချုပ်ပါ တစ်နှစ် သက်တမ်းတိုးမှုကို လုပ်ဆောင်ခဲ့ပြီဖြစ်ပြီး ခရိုအေးရှားသားဟာ ၂၀၂၂ နှစ်ထိ ဆက်ရှိမယ့် စာချုပ်ကို ပိုင်ဆိုင်ခဲ့ပါပြီ။ ဒါပေမယ့် ဒီသက်တမ်းတိုးမှုက ကစားသမားကို ရောင်းထုတ်ဖို့မှာ ဘာအဟန့်အတားမှ ရှိစေမှာ မဟုတ်ပါဘူး။

ZAWGYI

ကမၻာေဘာလံုး စည္းမ်ဥ္းေရးဆြဲသူေတြက လာမယ့္ရာသီ တစ္ခုလံုးကိုလည္း ပံုမွန္ လူစားလဲမႈ ၃ ခု အစား ၅ ခု ထိ လုပ္ေဆာင္ခြင့္အား ဆက္ေပးသြားဖို႔ စီစဥ္ေနျပီျဖစ္တယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးမွာ လက္က်န္ ၄ ႏွစ္စာခ်ဳပ္ကုိ ကုန္ဆံုးတဲ့အထိ ေနျပီးရင္ ဂ်ာမနီကို ျပန္သြားဖို႔ အစီအစဥ္ရွိတယ္လို႔ ဂ်ာမာန္သတင္းဌာနကို ထုတ္ေျပာလိုက္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ျခားနားတဲ့ပြဲတစ္ပြဲ ျဖစ္လာပါလိမ့္မယ္။ ဒါေပမယ့္ က်ေန္ာတို႔မွာ ျပင္ဆင္ခ်ိန္ ရထားပါတယ္။ တစ္ပတ္အတြင္း ၃ ပြဲကစားရတာက ဒီကာလနဲ႔ဆိုရင္ ေတာ္ေတာ္မ်ားတယ္လုိ႔ ေျပာလို႔ရပါတယ္။ အာဆင္နယ္ကို ရင္ဆုိင္ရမယ့္ပြဲကို က်ေန္ာတို႔ ဆက္သြားမွာပါ။ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ပြဲတစ္ပြဲ ျဖစ္လာပါမယ္ ” လို႔ ေျပာဆိုသြားပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ရက္နက္က ဒီရာသီ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး မန္ေနဂ်ာဆုကို ကေလာ့ပ္ အႏုိင္ရဖို႔ ထိုက္တန္ေပမယ့္ ရွက္ဖီးက ဝိုက္ဒါကိုပဲ ေရြးလိုပါတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

The Times သတင္းေထာက္ ေပါဂ်ိြဳက္စ္က ဇင္းနစ္ဟာ ခံစစ္မွဴး လိုဗရန္ကို ေခၚယူလိုေနေၾကာင္း သတင္းေပးခဲ့ျပီး ေျပာင္းေရႊ႔ေၾကးနဲ႔ ပက္သက္လို႔ လီဗာပူးဘက္က ညိႏိႈင္းမႈ လုပ္ေဆာင္ဖြယ္ ရွိပါတယ္။

The Athletic သတင္းေထာက္ ဂ်ိမ္းပီရက္စ္က ” ပရီးမီးယားလိဂ္ ျပန္စတင္ကတည္းက ရွာကီြရီကို မျမင္ရတာ အေၾကာင္းျပခ်က္ ရွိသလား? ဒီရာသီမွာ သူက အဓိက ကစားသမားကို မဟုတ္ေတာ့ပါဘူး။ ကုန္ခဲ့တဲ့ သီတင္းပတ္အထိ ရွာကီြရီက ၾကံ႕ခိုင္မႈ မျပည့္ပါဘူး။ ေျပာရရင္ေတာ့ မွန္ကန္တဲ့ ကမ္းလွမ္းမႈ ရမယ္ဆိုင္ ဒီေႏြမွာ လီဗာပူးက သူ႔ကို ေရာင္းထုတ္သြားမွာပါ ” လို႔ ထုတ္ေျပာခဲ့ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က အသင္းရဲ႕ လူငယ္ေတြကို စီနီယာအဆင့္ ပြဲကစားခြင့္ေတြ ေပးဖို႔ ကိစၥနဲ႔ ပက္သက္ျပီး လူငယ္ေတြက ပြဲထြက္ခြင့္ရမွ တိုးတက္ႏုိင္မွာ မဟုတ္ဘဲ စီနီယာအသင္းသားေတြနဲ႔ ေလ့က်င့္ရင္းလည္း တိုးတက္လာေနတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ ဘန္ေလနဲ႔ပြဲမွာ ကြင္းလယ္ဒိုင္ကို ဆဲေရခဲ့တာနဲ႔ ပက္သက္လို႔ ေဘာလံုးအဖြဲ႔ခ်ဳပ္က အေရးယူမႈ လုပ္ေဆာင္သြားေတာ့မွာ မဟုတ္ပါဘူး။

လီဗာပူးဟာ လိုဗရန္ကို စာခ်ဳပ္ပါ တစ္ႏွစ္ သက္တမ္းတိုးမႈကို လုပ္ေဆာင္ခ့ဲျပီျဖစ္ျပီး ခရိုေအးရွားသားဟာ ၂၀၂၂ ႏွစ္ထိ ဆက္ရွိမယ့္ စာခ်ဳပ္ကို ပိုင္ဆိုင္ခဲ့ပါျပီ။ ဒါေပမယ့္ ဒီသက္တမ္းတိုးမႈက ကစားသမားကို ေရာင္းထုတ္ဖို႔မွာ ဘာအဟန္႔အတားမွ ရွိေစမွာ မဟုတ္ပါဘူး။