အသက် ၃၈ နှစ်အရွယ် နိုင်ဂျီးရီးယား တိုက်စစ်သမား Adebayo Akinfenwa က အရမ်းကြီး နာမည်ကြီးတဲ့ ကစားသမားတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ဝက်ကွမ်ဘီအသင်း ချန်ပီယံရှစ်ကို တန်းတက်ရာမှာတော့ ဒီဝါရင့် တိုက်စစ်သမားရဲ့ အကူအညီတွေ အများကြီးပါခဲ့တယ်။ ဝင်ဘာလေမှာ လိဂ်ဝမ်း play-off ဗိုလ်လုပွဲအဖြစ် အောက်ဖိုဒ့်အသင်းကို အနိုင်ရတော့ အဒီဘာယိုက အကြီးအကျယ် အောင်ပွဲခံခဲ့တယ်။ ဒါဟာ သူတို့အသင်းရဲ့ နှစ်ပေါင်း ၁၃၃ နှစ် သမိုင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံရှစ်ကို တန်းတက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အဒီဘာယိုက ” ခဏလေး၊ ခဏလေး ပထမဆုံး ငါ စိတ်ကို အေးအေးထားမှရမယ်။ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဒီကနေ့မှာ မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် လုပ်ခဲ့တယ်။ အရင် လေးနှစ်က ငါက အလုပ်လက်မဲ့တစ်ယောက် ဖြစ်ခဲ့သေးတယ်။

ငါတစ်ခုတော့ ပြောချင်တယ်။ ဒီအခြေအနေမှာ WhatsApp ကနေ ငါ့ကို ဆက်သွယ်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က ကလော့ပ်ပဲ။ ဒီတော့ ငါတို့ အတူ အောင်ပွဲခံနိုင်ပြီလေ။ အိုကေတယ်နော် ” ဆိုတဲ့ စကားတွေကို ပီတိအပျော်နဲ့ တစ်လုံးချင်း ပြောခဲ့ရတာဖြစ်တယ်။

ဘဝတစ်လျှောက်လုံး လီဗာပူးကို အမာခံအားပေးခဲ့တဲ့ အဒီဘာယိုဟာ သူ့အားပေးတဲ့အသင်း ပရီးမီးယားလိဂ်ဖလားကို အောင်မြင်တဲ့ နှစ်မှာပဲ သူပါဝင်ကစားနေတဲ့ ဝက်ကွမ်ဘီက ချန်ပီယံရှစ်ကို တန်းတက်နိုင်ခဲ့တာအတွက် အပျော်ပေါ် အပျော်ဆင့်ခဲ့တာပါ။

‘Big man’ လို့ ခေါ်တဲ့ အဒီဘာယိုကို ကောင်းကောင်းသိတဲ့ ဟန်ဒါဆန်က အသင်းပရိသတ်ကြီးကို ဂုဏ်ပြုပါတယ်လို့ ထုတ်ပြောသွားသလို သူကပဲ ကလော့ပ်ကို ဆက်သွယ်ပြီး အဒီဘာယိုအကြောင်း ပြောပြတာကြောင့် ဂျာမာန်သားကြီးကလည်း WhatsApp ကနေ ဆက်သွယ်သွားခဲ့ပါတယ်။

” ဟဲလို big man ရေ ဂုဏ်ပြုပါတယ်ကွာ။ ပွဲကိုကြည့်တော့ ပွဲပြီးမင်းပြောတာကို မမြင်လိုက်ဘူး။ ဟန်ဒိုနဲ့ ကစားသမားတွေက မင်းဘာကို လိုချင်လဲဆိုတာ ငါ့ကို လာပြောကြတယ်။ မင်း ငါနဲ့ WhatsApp ကနေ ဆက်သွယ်လိုတယ်ဆိုရင် အခု ငါတို့ ဆက်သွယ်လို့ရပါပြီ။

ဂုဏ်ပြုပါတယ်။ မင်း ဘဝတစ်လျှောက်လုံး နောက်ဆုံးတော့ ချန်ပီယံရှစ်ကို ရောက်လိုတာကို ရောက်လာခဲ့ပြီ။ ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ကြီးကျယ်တဲ့ နိုင်ပွဲအတွက် ဂုဏ်ယူပါတယ်။ သိပ်ကောင်းတဲ့ အခြေအနေကြရင် ငါတို့အတူ အောင်ပွဲခံတာပေါ့ ” လို့ ကလော့ပ်က အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အသက္ ၃၈ ႏွစ္အရြယ္ ႏုိင္ဂ်ီးရီးယား တိုက္စစ္သမား Adebayo Akinfenwa က အရမ္းၾကီး နာမည္ၾကီးတဲ့ ကစားသမားေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္ ဝက္ကြမ္ဘီအသင္း ခ်န္ပီယံရွစ္ကို တန္းတက္ရာမွာေတာ့ ဒီဝါရင့္ တိုက္စစ္သမားရဲ႕ အကူအညီေတြ အမ်ားၾကီးပါခဲ့တယ္။ ဝင္ဘာေလမွာ လိဂ္ဝမ္း play-off ဗိုလ္လုပြဲအျဖစ္ ေအာက္ဖိုဒ့္အသင္းကို အႏုိင္ရေတာ့ အဒီဘာယိုက အၾကီးအက်ယ္ ေအာင္ပြဲခံခဲ့တယ္။ ဒါဟာ သူတို႔အသင္းရဲ႕ ႏွစ္ေပါင္း ၁၃၃ ႏွစ္ သမိုင္းမွာ ပထမဆံုးအၾကိမ္ ခ်န္ပီယံရွစ္ကို တန္းတက္ႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။

အဒီဘာယိုက ” ခဏေလး၊ ခဏေလး ပထမဆံုး ငါ စိတ္ကို ေအးေအးထားမွရမယ္။ ဘုရားသခင္ကို ေက်းဇူးတင္တယ္။ ဒီကေန႔မွာ မျဖစ္ႏုိင္တာကို ျဖစ္ႏုိင္ေအာင္ လုပ္ခဲ့တယ္။ အရင္ ေလးႏွစ္က ငါက အလုပ္လက္မဲ့တစ္ေယာက္ ျဖစ္ခဲ့ေသးတယ္။

ငါတစ္ခုေတာ့ ေျပာခ်င္တယ္။ ဒီအေျခအေနမွာ WhatsApp ကေန ငါ့ကို ဆက္သြယ္ႏုိင္တဲ့ တစ္ဦးတည္းေသာ ပုဂၢိဳလ္က ကေလာ့ပ္ပဲ။ ဒီေတာ့ ငါတို႔ အတူ ေအာင္ပြဲခံႏုိင္ျပီေလ။ အိုေကတယ္ေနာ္ ” ဆိုတဲ့ စကားေတြကို ပီတိအေပ်ာ္နဲ႔ တစ္လံုးခ်င္း ေျပာခဲ့ရတာျဖစ္တယ္။

ဘဝတစ္ေလွ်ာက္လံုး လီဗာပူးကို အမာခံအားေပးခဲ့တဲ့ အဒီဘာယိုဟာ သူ႔အားေပးတဲ့အသင္း ပရီးမီးယားလိဂ္ဖလားကို ေအာင္ျမင္တဲ့ ႏွစ္မွာပဲ သူပါဝင္ကစားေနတဲ့ ဝက္ကြမ္ဘီက ခ်န္ပီယံရွစ္ကို တန္းတက္ႏုိင္ခဲ့တာအတြက္ အေပ်ာ္ေပၚ အေပ်ာ္ဆင့္ခဲ့တာပါ။

‘Big man’ လို႔ ေခၚတဲ့ အဒီဘာယိုကို ေကာင္းေကာင္းသိတဲ့ ဟန္ဒါဆန္က အသင္းပရိသတ္ၾကီးကို ဂုဏ္ျပဳပါတယ္လို႔ ထုတ္ေျပာသြားသလို သူကပဲ ကေလာ့ပ္ကို ဆက္သြယ္ျပီး အဒီဘာယိုအေၾကာင္း ေျပာျပတာေၾကာင့္ ဂ်ာမာန္သားၾကီးကလည္း WhatsApp ကေန ဆက္သြယ္သြားခဲ့ပါတယ္။

” ဟဲလို big man ေရ ဂုဏ္ျပဳပါတယ္ကြာ။ ပြဲကိုၾကည့္ေတာ့ ပြဲျပီးမင္းေျပာတာကို မျမင္လိုက္ဘူး။ ဟန္ဒိုနဲ႔ ကစားသမားေတြက မင္းဘာကို လိုခ်င္လဲဆိုတာ ငါ့ကို လာေျပာၾကတယ္။ မင္း ငါနဲ႔ WhatsApp ကေန ဆက္သြယ္လိုတယ္ဆိုရင္ အခု ငါတို႔ ဆက္သြယ္လို႔ရပါျပီ။

ဂုဏ္ျပဳပါတယ္။ မင္း ဘဝတစ္ေလွ်ာက္လံုး ေနာက္ဆံုးေတာ့ ခ်န္ပီယံရွစ္ကို ေရာက္လိုတာကို ေရာက္လာခဲ့ျပီ။ ေကာင္းေကာင္းလုပ္ခဲ့ပါတယ္။ ၾကီးက်ယ္တဲ့ ႏုိင္ပြဲအတြက္ ဂုဏ္ယူပါတယ္။ သိပ္ေကာင္းတဲ့ အေျခအေနၾကရင္ ငါတို႔အတူ ေအာင္ပြဲခံတာေပါ့ ” လို႔ ကေလာ့ပ္က အေၾကာင္းၾကားခဲ့တာ ျဖစ္ပါတယ္။